ဝီကီပီးဒီးယား:မဆိုင်းမတွ ဖျက်ပစ်ရန်အတွက် သတ်မှတ်ချက်များမဆိုင်းမတွ ဖျက်ပစ်ရန်အတွက် သတ်မှတ်ချက်များ (criteria for speedy deletion) ဆိုသည်မှာ အက်ဒမင်များအနေဖြင့် ဖျက်ရန် ဆွေးနွေးခြင်း ပြုလုပ်ရန်မလိုဘဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဝီကီပီးဒီးယား စာမျက်နှာ သို့မဟုတ် မီဒီယာများကို ချက်ခြင်းဖျက်ပစ်ခြင်း ဖြစ်သည်။ အောက်တွင်ဖော်ပြထားသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီနေသော ကိစ္စရပ်များတွင်သာ ဖြစ်သည်။ ဖျက်ပစ်ရန် ဆွေးနွေးခြင်းကို ကျော်ဖြတ်နိုင်ရန် အခွင့်အရေးမရှိသော စာမျက်နှာများနှင့် ဖိုင်များကို မဆိုင်းမတွဖျက်ပစ်ခြင်းဖြင့် အချိန်ပြုန်းတီးမှုမရှိစေရန် ရည်ရွယ်သည်။[၁] သိသာထင်ရှားသော ကိစ္စများမှလွဲ၍ အက်ဒမင်များသည် စာမျက်နှာများ သို့မဟုတ် ဖိုင်များကို အလျင်အမြန် မဖျက်မိစေရန် ဂရုပြုရမည်ဖြစ်သည်။ စာမျက်နှာတစ်ခုသည် မကြာသေးမီက ပြုလုပ်သော ဖျက်ရန် ဆွေးနွေးခြင်းကို ကျော်ဖြတ်နိုင်ခဲ့ပါက အသစ်တွေ့ရှိရသော မူပိုင်ခွင့်ချိုးဖောက်မှုများနှင့် အောက်တွင်ပြထားသော သတ်မှတ်ချက်များနှင့် ကိုက်ညီနေသည့် အခြေအနေများမှ လွဲ၍ စာမျက်နှာကို အလျင်အမြန် မဖျက်သင့်ပေ။ တည်းဖြတ်ရေးသားသူများသည် တစ်ခါတစ်ရံတွင် စာမျက်နှာများကို များစွာသော တည်းဖြတ်မှုများဖြင့် ဖန်တီးလေ့ရှိသောကြောင့် စာမျက်နှာဖန်တီးပြီးနောက် မပြည့်စုံသေးသော စာမျက်နှာများကို ဖျက်ခြင်းအား အက်ဒမင်များအနေဖြင့် ရှောင်ကျဉ်သင့်ပါသည်။ မည်သူမဆို အလျင်အမြန်ဖျက် တမ်းပလိတ်များအနက် တစ်ခုကို ထည့်သွင်းခြင်းဖြင့် အလျင်အမြန်ဖျက်ရန် ဆောင်းဆိုနိုင်ပါသည်။ စာမျက်နှာတစ်ခုကို မဆိုင်းမတွဖျက်ရန် အဆိုမပြုမီ ထိုစာမျက်နှာသည် ပိုမိုတိုးတက်ကောင်းမွန်လာနိုင်ခြင်း၊ ဆောင်းပါးတိုအဖြစ် လျှော့ချနိုင်ခြင်း၊ အခြားတစ်နေရာသို့ ပေါင်းစပ်ခြင်း သို့မဟုတ် ပြန်ညွှန်းခြင်း၊ ပိုမိုသင့်တော်သည့် ယခင်ဗားရှင်းသို့ နောက်ပြန်ပြင်ခြင်း၊ သို့မဟုတ် အခြားနည်းလမ်း တစ်ခုခုဖြင့် ဖြေရှင်းနိုင်ခြင်း စသည်တို့ကို ထည့်သွင်းစဉ်းစားပါ။ စာမျက်နှာတစ်ခုသည် ယခင်ရာဇဝင်များအားလုံးသည်လည်း အလျင်အမြန်ဖျက်ရန် ကိုက်ညီနေမှသာ ထိုစာမျက်နှာသည် မဆိုင်းမတွဖျက်ရန် သတ်မှတ်ချက်နှင့် ညီညွတ်သည်။ အသုံးပြုသူများသည် စာမျက်နှာတစ်ခုကို မဆိုင်းမတွဖျက်ရန် အဆိုပြုရာတွင် မည်သည့်သတ်မှတ်ချက်နှင့် ကိုက်ညီသည်ကို ဖော်ပြပေးရန်နှင့် စာမျက်နှာဖန်တီးသူ သို့မဟုတ် အကြီးစားတည်းဖြတ်ထားသူ မည်သူကိုမဆို အကြောင်းကြားရန် လိုအပ်သည်။ စာမျက်နှာ ဖန်တီးသူသည် မဆိုင်းမတွဖျက်ရန် tag လုပ်ထားခြင်းကို မဖယ်ရှားသင့်ပေ။ စာမျက်နှာကို ဖန်တီးသူမဟုတ်သည့် တည်းဖြတ်သူတစ်ဦးကသာလျှင် ဖယ်ရှားသင့်သည်။ မဆိုင်းမတွဖျက်ခြင်းကို သဘောမတူသည့် ဖန်တီးသူသည် tag အတွင်းရှိ Contest this speedy deletion ခလုတ်ကို နှိပ်ပြီး မည်သည့်အတွက်ကြောင့် မဖျက်သင့်သည်ကို ရှင်းပြဆွေးနွေးနိုင်သည်။ ထိုခလုတ်သည် ဆွေးနွေးချက်စာမျက်နှာရှိ အသင့်ပြင်ထားသော နေရာသို့ ချိတ်ဆက်ထားပေးသည်။ သို့သော်လည်း တစ်ဦးတည်းသော တည်းဖြတ်ထားသူမှ စာမျက်နှာကို ဗလာပြုလုပ်လိုက်ပါက ဖျက်ရန် တောင်းဆိုသည်ဟု ယူဆကာ ဗလာစာမျက်နှာကို ဖျက်ရန် {{Db-blanked}} တမ်းပလိတ်ဖြင့် tag တွဲမည်ဖြစ်သည်။ (G7 ကို ကြည့်ပါ။) သတ်မှတ်ချက်များအထွေထွေစာမျက်နှာအမျိုးအစား အားလုံးအတွက် ဖြစ်သဖြင့် ဆောင်းပါးများ၊ ပြန်ညွှန်းများ၊ အသုံးပြုသူစာမျက်နှာများ၊ ဆွေးနွေးချက်စာမျက်နှာများ၊ ဖိုင်များ စသည်တို့ပါဝင်သည်။
G1. လုံးဝအဓိပ္ပါယ်မရှိခြင်းဗလုံးဗထွေး စာသားများ သို့မဟုတ် အဓိပ္ပါယ်မဲ့သော အကြောင်းအရာများ သို့မဟုတ် ရာဇဝင်များ စသည့် စာမျက်နှာများ ပါဝင်သည်။ ဤအချက်ထဲတွင် စာအရေးအသား ညံ့ဖျင်းခြင်း၊ တစ်ဖက်သတ်ကျလွန်းသော ရှည်လျားသည့် မိန့်ခွန်းများ၊ ညစ်ညမ်းသော မှတ်ချက်များ၊ မဖြစ်နိုင်သော သီအိုရီများ၊ လက်သရမ်းခြင်း နှင့် ကောလဟာလများ၊ စိတ်ကူးယဉ်အကြောင်းအရာများ၊ မြန်မာလို မဟုတ်သော စကားဝှက်များ၊ နှင့် ညံ့ဖျင်းစွာ ဘာသာပြန်ထားသော အကြောင်းအရာများ မပါဝင်ပေ။ သဲပုံစာမျက်နှာ နှင့် အသုံးပြုသူ စာမျက်နှာရှိ စာမျက်နှာများလည်း မပါဝင်ပါ။ တိုတိုပြောရပါလျင် စာမျက်နှာကို သင်နားလည်နိုင်ပါက G1 ကို မထည့်သင့်ပေ။
G2. စမ်းသပ်စာမျက်နှာများတည်းဖြတ်ခြင်းနှင့် အခြားသော ဝီကီပီးဒီးယား လုပ်ဆောင်ချက်များကို စမ်းသပ်ရန် ဖန်တီးထားသော စာမျက်နှာဖြစ်သည်။ ဝီကီပီးဒီးယား သဲပုံ၏ စမ်းသပ် စာမျက်နှာခွဲများလည်း ပါဝင်သည်။ သို့သော် သဲပုံ (Sandbox) စာမျက်နှာသည် မပါဝင်ပေ။ ဤသတ်မှတ်ချက်တွင် အသုံးပြုသူ စာမျက်နှာရှိ စာမျက်နှာများ မပါဝင်ပေ။ သို့သော် အသုံးမပြုသော သို့မဟုတ် ပုံတူ တမ်းပလိတ်များ ပါဝင်သည်။
G3. လက်သရမ်းထားခြင်း နှင့် ပေါ်တင်ဗြောင်ကျကျရေးထားသော ကောလဟာလများဤအချက်တွင် အချက်အလက်အမှားများကို ဗြောင်ကျကျနှင့် သိသိသာသာ ရေးသားထားခြင်း၊ ပေါ်တင်ဗြောင်ကျကျရေးထားသော ကောလဟာလများ (မှားယွင်းစေရန် ရည်ရွယ်သော ပုံများ အပါအဝင်) ပါဝင်သည်။
G4. ဖျက်ရန်ဆွေးနွေးချက်အရ ဖျက်ထားသော စာမျက်နှာကို ပြန်လည်ဖန်တီးခြင်းမကြာသေးမီက ဖျက်ရန် ဆွေးနွေးခြင်းအရ ဖျက်ထားသော စာမျက်နှာနှင့် လုံလောက်စွာ ထပ်တူညီပြီး တိုးတက်မှုမရှိသာ ကူးယူထားခြင်းနှင့် မည်သည့်ခေါင်းစဉ်ဖြင့်မဆို ပြန်လည်ဖန်တီးလိုက်သော စာမျက်နှာများ ဖြစ်သည်။
G5. ပိတ်ပင်ခံထားရသည့် အသုံးပြုသူများ၏ ဖန်တီးမှုများတားမြစ်ခံထားရသော သို့မဟုတ် ပိတ်ပင်ခံထားရသော အသုံးပြုသူများမှ တားမြစ်ပိတ်ပင်ခြင်း မူဝါဒကို ချိုးဖောက်ကာ ဖန်တီးထားသော စာမျက်နှာများဖြစ်ပြီး အခြားသူများမှ ဝင်ရောက်တည်းဖြတ်ထားခြင်း မရှိသည့် စာမျက်နှာများဖြစ်သည်။ အသုံးဝင်သော သို့မဟုတ် ပေါင်းစပ်ရန် သင့်လျော်သော transclude လုပ်ထားသည့် တမ်းပလိတ်များ သို့မဟုတ် ကဏ္ဍများအား G5 ကို မကျင့်သုံးသင့်ပေ။
G6. နည်းပညာဆိုင်ရာ ဖျက်ပစ်ခြင်းအငြင်းပွားဖွယ်မဟုတ်သော ပြုပြင်ထိန်းသိမ်းခြင်းများ၊
G7. ရေးသားသူမှ ဖျက်ရန် တောင်းဆိုခြင်းစာမျက်နှာတစ်ခု၏ အကြောင်းအရာ အတော်များများကို ထည့်သွင်းခဲ့သည့် ရေးသားသူမှ သဘောရိုးဖြင့် ဖျက်ပစ်ရန် တောင်းဆိုခြင်း ဖြစ်သည်။ အကယ်၍ တစ်ဦးတည်းသော ရေးသားသူမှ စာမျက်နှာတစ်ခုကို ဗလာပြုလုပ်လိုက်ခြင်းကိုလည်း ဖျက်ပစ်ရန် တောင်းဆိုမှုတစ်ခုအဖြစ် ယူဆနိုင်ပါသည်။
G8. မရှိသော စာမျက်နှာများ သို့ ဖျက်ထားသော စာမျက်နှာများကို အမှီအခိုပြုထားသော စာမျက်နှာများသက်ဆိုင်ရာ အကြောင်းအရာစာမျက်နှာမရှိသော ဆွေးနွေးချက်စာမျက်နှာများ၊ ပင်မစာမျက်နှာမရှိသော စာမျက်နှာခွဲများ၊ သက်ဆိုင်ရာ ပုံမရှိသော ပုံစာမျက်နှာများ၊ မရှိသော စာမျက်နှာသို့ ညွှန်းထားခြင်း၊ ပြန်ပတ်နေသော ပြန်ညွှန်းများ အပါအဝင် ကျိုးပျက်နေသော ပြန်ညွှန်းများ၊ ဖျက်လိုက်သော တမ်းပလိတ်များမှ ဖန်တီးလိုက်သည့် ကဏ္ဍများ စသည်တို့ ပါဝင်သည်။
G9. Office actionsဝီကီမီဒီယာ ဖောင်ဒေးရှင်း ရုံးဌာနအနေဖြင့် ထူးခြားသည့် အခြေအနေကိစ္စများတွင် စာမျက်နှာတစ်ခုကို ယာယီဖျက်ပစ်နိုင်သည့် အခွင့်အရေးရှိသည်။ ဤကဲ့သို့သော ဖျက်ပစ်ခြင်းများကို ဖောင်ဒေးရှင်း၏ ခွင့်ပြုချက်မပါရှိဘဲ ပြုလုပ်ခွင့်မရှိပေ။
G10. အခြားရည်ရွယ်ချက်မရှိဘဲ အကြောင်းအရာတစ်ခုကို ခြိမ်းခြောက်ခြင်း၊ ချိုးဖဲ့ရေးသားခြင်း၊ အနှောက်အယှက်ပြုရေးသားထားသော စာမျက်နှာများဤကဲ့သို့သော "တိုက်ခိုက်ရေးသားသည့် စာမျက်နှာများ"တွင် အသရေဖျက်ခြင်း၊ ဥပဒေကြောင်းအရ ခြိမ်းခြောက်ခြင်း၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား နှောက်ယှက်ရန် သို့ ခြိမ်းခြောက်ရန် ရည်ရွယ်သော အကြောင်းအရာများ၊ အနှုတ်သဘောဆောင်ပြီး ရင်းမြစ်ကိုးကားထားခြင်း မရှိသော သက်ရှိပုဂ္ဂိုလ်၏ အတ္ထုပ္ပတ္တိများ အကြောင်း စသည်တို့ ပါဝင်သည်။ ယင်းစာမျက်နှာများ၏ တည်းဖြတ်မှုရာဇဝင်တွင် နောက်ပြန်ပြင်နိုင်မည့် ဘက်မလိုက်သော အရေးအသားမရှိခဲ့ပါက ထိုစာမျက်နှာများကို မဆိုင်းမတွ ဖျက်ပစ်ရမည်ဖြစ်သည်။ စာမျက်နှာခေါင်းစဉ်နှင့် စာမျက်နှာပါအကြောင်းအရာများကို တိုက်ခိုက်ရေးသားရာတွင် ပါဝင်သည်ဟု မှတ်ယူနိုင်သည်။ ဤသတ်မှတ်ချက်အရ ဖျက်ပစ်လိုက်သည့် သက်ရှိပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိဆောင်းပါးများအား အတ္ထုပ္ပတ္တိဆောင်းပါးစံညွှန်းနှင့် ကိုက်ညီမှု မရှိသရွေ့ ပြန်လည်ဖန်တီးခြင်း၊ ပြန်လည်ရယူခြင်းများ မပြုလုပ်သင့်ပေ။
G11. ကုန်ပစ္စည်းကြော်ငြာခြင်း သို့ အရောင်းမြှင့်တင်ခြင်းကြေငြာသီးသန့်ဖြစ်နေသော စာမျက်နှာများကို စွယ်စုံကျမ်းပုံစံဆန်လာစေရန် အခြေခံကျကျ ပြန်လည် ရေးသားရန် လိုအပ်သည်။ အကယ်၍ အကြောင်းအရာသည် ထင်ရှားအရေးပါပြီး ပါဝင်အကြောင်းအရာများကို ဘက်မလိုက်သော အမြင်နှင့် ကိုက်ညီသော စာသားများဖြင့် အစားထိုးနိုင်ပါက ဖျက်ပစ်သည်ထက်စာလျှင် ပိုမိုသင့်လျော်သည်။ မှတ်ချက်။ အကြောင်းအရာကို ဘက်မလိုက်အမြင်ဖြင့် ဖော်ပြရေးသားထားသည့် စာမျက်နှာသည် ဤသတ်မှတ်ချက်တွင် အကျုံးမဝင်ပေ။ ဤမူဝါဒနှင့် ပတ်သတ်၍ Wikipedia:NOTFORPROMOTION ကို ရှုပါ။
G12. မူပိုင်ခွင့်ကို ပြတ်ပြတ်သားသား ချိုးဖောက်ထားခြင်းText pages that contain copyrighted material with no credible assertion of public domain, fair use, or a compatible free license, where there is no non-infringing content on the page worth saving. Only if the history is unsalvageably corrupted should it be deleted in its entirety; earlier versions without infringement should be retained. For equivocal cases which do not meet speedy deletion criteria (such as where there is a dubious assertion of permission, where free-content edits overlie the infringement, or where there is only partial infringement or close paraphrasing), the article or the appropriate section should be blanked with {{subst:Copyvio}}, and the page should be listed at Wikipedia:Copyright problems. Please consult Wikipedia:Copyright violations for other instructions. Public-domain and other free content, such as a Wikipedia mirror, do not fall under this criterion, nor is mere lack of attribution of such works a reason for speedy deletion. For images and media, see the equivalent criterion in the "Files" section here, which has more specific instructions.
G13. Articles for creation တင်ပြခြင်းကို ပစ်ပယ်ခြင်းခြောက်လကျော်ကြာ ပြင်ဆင်ခြင်းမပြုလုပ်ထားသည့် ငြင်းပယ်ခံရသော သို့မဟုတ် တင်ပြလျောက်ထားခြင်းမရှိသော ဖန်တီးမည့် ဆောင်းပါး စာမျက်နှာများ ကို ဆိုလိုသည်။
G14. မလိုအပ်သော သံတူကြောင်းကွဲ စာမျက်နှာများဤသတ်မှတ်ချက်တွင် "(သံတူကြောင်းကွဲ)" ဟု အဆုံးသတ်ထားသော စာမျက်နှာဖြစ်သော်လည်း ဝီကီပီးဒီးယား စာမျက်နှာ တစ်ခုကိုသာ သံတူကြောင်းကွဲအဖြစ် ဖော်ပြထားခြင်း၊ သို့မဟုတ် မည်သည့်ဝီကီပီးဒီးယား စာမျက်နှာကိုမှ သံတူကြောင်းကွဲအဖြစ် ဖော်ပြထားခြင်း မရှိသော သံတူကြောင်းကွဲ စာမျက်နှာများ ပါဝင်သည်။ အကယ်၍ သံတူကြောင်းကွဲ စာမျက်နှာတစ်ခုသည် ဆောင်းပါးတစ်ခုကိုသာ ချိတ်ဆက်ဖော်ပြထားပြီး စာမျက်နှာခေါင်းစဉ်တွင် (သံတူကြောင်းကွဲ) ဟု မပါရှိပါက ယင်းကို ပြန်ညွှန်းအဖြစ် ပြောင်းလဲသင့်သည်။ မည်သည့်စာမျက်နှာကမှ လာရောက်ချိတ်ဆက်ထားခြင်း မရှိသည့် "Foo (သံတူကြောင်းကွဲ)" စာမျက်နှာက ပြန်ညွှန်းနေသော စာမျက်နှာသည် သံတူကြောင်းကွဲ ပုံစံမျိုး (ဆောင်းပါး စာရင်း) ဖော်ပြထားခြင်း မရှိပါက G14 သတ်မှတ်ချက်တွင် အကျုံးဝင်သည်။
ဆောင်းပါးများမှတ်ချက်။ အချို့သော သတ်မှတ်ချက်များမှာ ရုတ်သိမ်းထားပြီး ဖြစ်သောကြောင့် နံပါတ်အားလုံး အသုံးမပြုပါ။
A1. စကားစပ်မရှိခြင်းဆောင်းပါး၏ အကြောင်းအရာကို လုံလောက်စွာ ဖော်ပြနိုင်ခြင်း မရှိသော ဆောင်းပါးများဖြစ်သည်။ နမူနာ။ "သူသည် ကားအနီရောင်နှင့် ရယ်စရာကောင်းသောသူ တစ်ဦးဖြစ်သည်။ သူသည် လူများကို ရယ်မောအောင် ပြုလုပ်နိုင်သည်။" ဤသတ်မှတ်ချက်ကို အလွန်တိုတောင်းသော ဆောင်းပါးများတွင် ထည့်သွင်းသတ်မှတ်သည်။ စကားစပ် သည် A3 တွင် ဖော်ပြထားသည့် ပါရှိအကြောင်းအရာ နှင့် ကွဲပြားမှုရှိသည်။ မကြာမီကဖန်တီးလိုက်သော ဆောင်းပါးသစ်များတွင် ဤသတ်မှတ်ချက်ကို tag လုပ်ပါက သတိထားဆောင်ရွက်ရန် ဖြစ်သည်။ အကယ်၍ စာမျက်နှာကို ပြင်ဆင်တည်းဖြတ်ရန် သို့မဟုတ် ချဲ့ကားရေးသားရန်အတွက် စာမျက်နှာ ခေါင်းစဉ် သို့မဟုတ် စာမျက်နှာရှိ အချက်အလက်များ (လင့်ခ်များ၊ ဝက်ဘ်အကူအညီဖြင့် ရှာဖွေမှုများ အပါအဝင်) သည် နောက်ထပ်အချက်အလက်များကို ရှာဖွေနိုင်ခြင်းရှိခဲ့ပါက စကားစပ်လုံလောက်စွာရှိသည်ဟု ယူဆနိုင်ပြီး A1 ဖြင့် tag ရန် မသင့်လျော်ပါ။
A2. အခြားဝီကီမီဒီယာ ပရောဂျက်များတွင် ရှိနှင့်ပြီးသော နိုင်ငံခြားဘာသာစကားဖြင့် ရေးသားထားသည့် ဆောင်းပါးများအခြားဝီကီမီဒီယာ ပရောဂျက်ရှိ ဆောင်းပါးတစ်ပုဒ်နှင့် အကြောင်းအရာ လုံလောက်စွာ တူညီနေသော ဆောင်းပါးများ ဖြစ်သည်။ အကယ်၍ ဆောင်းပါးသည် အခြားပရောဂျက်ရှိ ဆောင်းပါးတစ်ပုဒ်နှင့် တူညီမှု မရှိပါက
A3. အကြောင်းအရာမပါရှိခြင်း(သံတူကြောင်းကွဲ စာမျက်နှာများ၊ ပြန်ညွှန်းများ၊ သို့ ဝီကီမီဒီယာ ညီအစ်မပရောဂျက်များ သို့ ပြန်ညွှန်းထားသည့် soft redirects များ စသည့်တို့မှ လွဲ၍) ပြင်ပလင့်ခ်များ၊ ကဏ္ဍထည့်သွင်းထားမှုများနှင့် "အခြားကြည့်ရန်" အပိုင်းများ၊ ခေါင်းစဉ်ကို ပြန်လည်ရေးသားထားခြင်းများ၊ အကူအညီ သို့ မေးခွန်းမေးရန် တို့တွင်သာ မေးသင့်သော မေးခွန်းရေးသားထားမှုများ၊ အပြန်အလှန် သုံးသပ်ပြောဆိုထားမှုများ၊ တမ်းပလိတ် tag များ၊ နှင့်/သို့မဟုတ် ပုံများ ပါဝင်သည့် မည်သည့်ဆောင်းပါးကို မဆို ဆိုလိုသည်။ အလိုအလျောက် ဆောင်းပါးဖန်တီးသည့် ဝိဇတ်နှင့် ဖန်တီးထားသော အကြောင်းအရာမပါရှိသည့် ဆောင်းပါးများလည်း အကျုံးဝင်သည်။ သို့သော်၊ အလွန်တိုတောင်းသည့် ဆောင်းပါးများသည် စကားစပ်ဆက်စပ်မှု ပါရှိပါက ဆောင်းပါးတို အဖြစ် သတ်မှတ်နိုင်ပြီး ဤသတ်မှတ်ချက်ဖြင့် ဖျက်ခြင်းသည် သင့်တော်လျော်ညီမှု မရှိပေ။ အလားတူ infobox သာလျှင်ရှိသော စာမျက်နှာများသည်လည်း ဤနေရာတွင် ဖော်ပြထားသော သတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိသရွေ့ A3 ဖြင့် ဖျက်ရန် မသင့်လျော်ပေ။ မကြာမီကဖန်တီးလိုက်သော ဆောင်းပါးသစ်များတွင် ဤသတ်မှတ်ချက်ကို tag လုပ်ပါက သတိထားဆောင်ရွက်ရန် ဖြစ်သည်။
A5. Transwikied articlesဝစ်ရှင်နရီတွင် ရေးသားပြီးသည့် အဘိဓာန်ဖွင့်ဆိုချက်ကိုသာ ရေးသားထားသော မည်သည့်ဆောင်းပါးမဆို ဖြစ်သည်။
A7. အရေးပါထင်ရှားမှု လက္ခဏာ မရှိခြင်း (တစ်ဦးတစ်ယောက်၊ တိရစ္ဆာန်များ၊ အဖွဲ့အစည်းများ၊ ဝက်ဘ်အကြောင်းအရာ၊ ဖြစ်ရပ်များ)ပညာရေးဆိုင်ရာ အဖွဲ့စည်းများမှလွဲ၍ အကြောင်းအရာတစ်ခုသည် ထင်ရှားအရေးပါခြင်းကို ပြသနိုင်ခြင်းမရှိသော လူပုဂ္ဂိုလ်၊ တိရစ္ဆာန်၊ အဖွဲ့အစည်း ဝက်ဘ်အကြောင်းအရာ သို့မဟုတ် စီစဉ်ထားသော ဖြစ်ရပ် အကြောင်း စသည့် စာမျက်နှာများ ဖြစ်သည်။[၃] ဤသတ်မှတ်ချက်ကို ဝက်ဘ်အကြောင်း၊ လူပုဂ္ဂိုလ်များအကြောင်း၊ အဖွဲ့အစည်းများနှင့် သီးခြားတိရစ္ဆာန် တစ်ကောင်ချင်း အကြောင်း စာမျက်နှာများအတွက် သာလျှင်ဖြစ်ပြီး ယင်းတို့အကြောင်းရေးသားထားသည့် စာအုပ်များ၊ သူတို့၏ အယ်လ်ဘန်များ၊ ဆော့ဖ်ဝဲလ်များ သို့မဟုတ် အခြားဖန်တီးမှုများ မပါဝင်ပေ။ ဤသတ်မှတ်ချက်ကို တိရစ္ဆာန်များ၏ မျိုးစိတ်များ အတွက် မဟုတ်ဘဲ သီးခြားတိရစ္ဆာန်တစ်ကောင်ချင်းများ အတွက်သာလျှင် ဖြစ်သည်။ အရေးပါထင်ရှားခြင်းကို ခိုင်ခိုင်လုံလုံမပြသနိုင်သော မည်သည့်ဆောင်းပါးမဆို ဤသတ်မှတ်ချက်တွင် အကျုံးဝင်သည်။
A9. အရေးပါထင်ရှားမှု လက္ခဏာ မရှိခြင်း (အသံသွင်းဂီတများ)စပ်ဆိုရေးသားသူအကြောင်း ဆောင်းပါးမရှိခြင်းနှင့် အကြောင်းအရာသည် ထင်ရှားအရေးပါခြင်း မရှိသော အသံသွင်းဂီတ အကြောင်း ဆောင်းပါးများ ဖြစ်သည်။ ဤသတ်မှတ်ချက်ကို အခြားသော ဖန်တီးမှုမီဒီယာများ၊ ထုတ်ကုန်များနှင့် အခြားဆောင်းပါးအမျိုးအစားများတွင် အသုံးမပြုပါ။
A10. ရှိနှင့်ပြီးသော ခေါင်းစဉ်နှင့် တူညီနေသည့် မကြာမီက ဖန်တီးလိုက်သော ဆောင်းပါးများရှိနှင့်ပြီးသော ဝီကီပီးဒီးယား ဆောင်းပါးနှင့် တူညီနေပြီး ဆီလျော်သော စာမျက်နှာ ရာဇဝင်လည်းမရှိခြင်း၊ ရှိနှင့်သော ဆောင်းပါးရှိ အကြောင်းအရာကိုလည်း ချဲ့ကားခြင်း၊ အသေးစိတ်ရေးခြင်း၊ အချက်အလက်များ ပိုမိုကောင်းမွန်လာခြင်းလည်းမရှိခြင်း၊ နှင့် ခေါင်းစဉ်သည် ယုတ္တိမရှိသော ပြန်ညွှန်းဖြစ်နေသည့် မကြာမီက ဖန်တီးလိုက်သော ဆောင်းပါးများ ဖြစ်သည်။ စာမျက်နှာ ခွဲထုတ်ခြင်း သို့မဟုတ် ရှိနှင့်သော ဆောင်းပါးကို ချဲ့ကားရေးသားခြင်း သို့ စုစည်းရေးသားခြင်း သို့မဟုတ် ရည်ညွှန်းကိုးကားပါဝင်သော၊ ပေါင်းစပ်နိုင်သော အကြောင်းအရာများသည် ဤသတ်မှတ်ချက်တွင် မပါဝင်ပါ။ အလားတူ သံတူကြောင်းကွဲ စာမျက်နှာများလည်း မပါဝင်ပါ။
A11. မြင်သာသော တီထွင်မှုဆောင်းပါးဖန်တီးသူ သို့မဟုတ် ပုဂ္ဂိုလ်ရေးအရ သိသောသူများ၏ တီထွင်မှု/စကားလုံးအသစ်/ရှာဖွေတွေ့ရှိမှုများအကြောင်းကို ပေါ်ပေါ်လွင်လွင်ရေးသားထားသော ဆောင်းပါးများဖြစ်ပြီး၊ အကြောင်းအရာ၏ ထင်ရှားအရေးပါမှုရှိခြင်းကို ခိုင်လုံစွာ မပြသနိုင်သည့် ဆောင်းပါးများဖြစ်သည်။ ထင်ရှားအရေးပါမှုကို ခိုင်ခိုင်လုံလုံ ပြနိုင်ပြီး ယင်းကဲ့သို့ ပြခြင်းသည် စိတ်ချယုံကြည်ရသည့် ရင်းမြစ်မပေးနိုင်သော သို့မဟုတ် ဝီကီပီးဒီးယား၏ ထင်ရှားအရေးပါမှု လမ်းညွှန်ချက်များမှ သွေဖယ်နေသော်လည်း ထိုသို့သော ဆောင်းပါးများအား ဤသတ်မှတ်ချက်တွင် မထည့်သွင်းပါ။ မှတ်ချက်။ ကောလဟာလများကို မရည်ရွယ်ပါ ( CSD G3 ကို ကြည့်ပါ)။[၄]
မဆိုင်းမတွ ဖျက်ပစ်ရမည် မဟုတ်သော မည်သည့်ဆောင်းပါးကိုမဆို Wikipedia:ဖျက်ပစ်ရမည့်ဆောင်းပါးများ သို့မဟုတ် Wikipedia:Proposed deletion ကို အသုံးပြုပါ။
မှတ်ချက်။ အချို့သော သတ်မှတ်ချက်များမှာ ရုတ်သိမ်းထားပြီး ဖြစ်သောကြောင့် နံပါတ်အားလုံး အသုံးမပြုပါ။
R2. Cross-namespace redirectsအတိုကောက်များမပါဝင်ဘဲ ပင်မ namespace မှ ကဏ္ဍ:၊ တမ်းပလိတ်:၊ ပရောဂျက်စာမျက်နှာ:၊ အကူအညီ: နှင့် Portal: namespaces များမှလွဲ၍ အခြားသော namespace များဆီသို့ ပြန်ညွှန်းထားသော ပြန်ညွှန်းများ ဖြစ်သည်။
R3. မဖြစ်နိုင်သည့်/မှားယွင်းသော စာလုံးပေါင်းများမကြာမီက ဖန်တီးလိုက်သည့် မှားယွင်းသော စာလုံးပေါင်းများ သို့မဟုတ် မဆီလျော်သော စကားလုံး/အမည်များဖြင့် ပြန်ညွှန်းများ ဖြစ်သည်။ သို့သော်လည်း ယေဘုယျ စာလုံးပေါင်းအမှား နှင့် အမည်များသည် အသုံးဝင်သည့်အတွက် အခြားဘာသာစကားများမှ ပြန်ညွှန်းများ အနေဖြင့် အသုံးပြုသည်။ ဤသတ်မှတ်ချက်သည် စာမျက်နှာရွှေ့ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပြန်ညွှန်းများအတွက် မဟုတ်ပါ။[၅] အလားတူ ပေါင်းစပ်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပြန်ညွှန်းများအပါအဝင် ဆောင်းပါးများနှင့် ဆောင်းပါးတိုများကို ပြန်ညွှန်းများအဖြစ် ပြောင်းလဲလိုက်သည့် စာမျက်နှာများ[၆] သို့မဟုတ် သံတူကြောင်းကွဲစာမျက်နှာသို့ ပြန်ညွှန်းထားသည့် "(သံတူကြောင်းကွဲ)"ဖြင့် အဆုံးသတ်သည့် စာမျက်နှာများတွင်လည်း အသုံးမပြုပါ။
soft redirects များအပါအဝင် မည်သည့်ပြန်ညွှန်းများမဆို မဆိုင်းမတွဖျက်ပစ်ရမည့် စာရင်းတွင် မပါဝင်ပါ။ ယင်းအစား Wikipedia:Redirects for discussion ကို အသုံးပြုပါ။ အသုံးဝင်သည့် စာမျက်နှာရာဇဝင်ရှိသော ပြန်ညွှန်းစာမျက်နှာကို မည်သည့်အခါတွင်မှ မဆိုင်းမတွ ဖျက်ပစ်ရန် မရည်ရွယ်သင့်ပေ။ များသောအားဖြင့် ဖျက်ပစ်မည့်အစား အသုံးတည့်သည့် ရည်ရွယ်ရာသို့ ပြန်ညွှန်းခြင်းကိုသာ ပြုလုပ်လေ့ရှိသည်။ အထူးစာမျက်နှာများ သို့မဟုတ် အခြားဝီကီများသို့ ပြန်ညွှန်းထားသည့် စာမျက်နှာများကဲ့သို့သော ဆော့ဖ်ဝဲလ်ကန့်သတ်ချက်ကြောင့် အလုပ်မလုပ်သည့် ပြန်ညွှန်းများသည် အရေးမကြီးသော စာမျက်နှာရာဇဝင်နှင့် အသုံးပြုမှုမရှိပါက soft redirectများ အဖြစ်သို့ပြောင်းလဲနိုင်သည်။ ပြောင်းပြန် ပြန်ညွှန်းများအတွက်
ဖိုင်များ
F1. မလိုအပ်သော/ပိုနေသော ဖိုင်များအသုံးမပြုထားသော အခြားဝီကီပီးဒီးယားမှ ကူးယူထားသည့်ဖိုင်များနှင့် ဖောမက်တူညီသည့် ထပ်တူညီဖိုင်များ သို့မဟုတ် အရည်အသွေးနိမ့်ဖိုင်များ ဖြစ်သည်။ ဤသတ်မှတ်ချက်တွင် Wikimedia Commons မှ ပုံများသည် ခြွင်းချက်ဖြစ်သည်။[၇]
F2. ပျက်စီးနေသော၊ လွဲနေသော သို့မဟုတ် ဗလာဖိုင်များပျက်စီးနေသော၊ လွဲမှားနေသော၊ ဗလာဖြစ်နေသော ဖိုင်များ သို့မဟုတ် မသင့်တော်သည့် မေတာ ဒေတာ အချက်အလက်များ ပါဝင်နေသည့် ဖိုင်များ ဖြစ်သည်။[၈] (
F3. မမှန်သော လိုင်စင်သတ်မှတ်ခြင်းများ(စီးပွားရေးအတွက် မဟုတ်သော Creative Commons licenses အပါအဝင်) "စီးပွားရေးအတွက် မဟုတ်သော နေရာတွင်သာ အသုံးပြုရန်"၊ "ဆင့်ပွားအသုံးပြုခြင်း မပြုလုပ်ရန်"၊ "ဝီကီပီးဒီးယားတွင်သာ အသုံးပြုရန်" သို့မဟုတ် "ခွင့်ပြုချက်ဖြင့် အသုံးပြုရန်" အတွက် လိုင်စင်သတ်မှတ်ထားသည့် မီဒီယာများသည် Non-free content ၏ သတ်မှတ်ထားသော စံညွှန်းများကို လိုက်နာခြင်းမရှိပါက ဖျက်ပစ်ခြင်း ခံရမည်ဖြစ်သည်။
F4. လိုင်စင်အချက်အလက် မပါရှိခြင်းမူပိုင်ခွင့်အခြေအနေကို အတည်ပြုနိုင်ရန်အတွက် လိုအပ်သော လိုင်စင်သတ်မှတ်ချက် အချက်အလက် မပါရှိသည့် မီဒီယာဖိုင်များသည် ဤကဲ့သို့ သတ်မှတ်ခြင်း ခံရပါက ခုနစ်ရက်အတွင်း လိုအပ်သည့် အချက်အလက်များ ထည့်သွင်းခြင်း မရှိခဲ့ပါက ဖျက်ပစ်ခြင်းခံရမည် ဖြစ်သည်။ အက်ဒမင်များအနေဖြင့် ဤသတ်မှတ်ချက်အရ ဖျက်ပစ်ခြင်း မပြုမီ ပုံတင်သည့်မှတ်တမ်း အကျဉ်းချုပ်၊ ဖိုင်အချက်အလက်စာမျက်နှာ နှင့် ပုံတို့ကို စစ်ဆေးသင့်သည်။
F5. အသုံးမပြုထားသည့် non-free ပုံများလွတ်လပ်လိုင်စင် သို့မဟုတ် public domain တွင် မပါရှိသော ပုံများနှင့် အခြားသောမီဒီယာများဖြစ်ပြီး ယင်းတို့ကို မည်သည့် ဆောင်းပါးတွင်းတွင်မှ အသုံးပြုထားခြင်း မရှိပါက သတ်မှတ်ခံရပြီးနောက် ခုနစ်ရက်၊ သို့မဟုတ် ပုံသည် ဖျက်ထားသည့် ဆောင်းပါးတွင်သာ အသုံးပြုထားပါက ချက်ခြင်း ဖျက်ပစ်မည်ဖြစ်သည်။ ဤသတ်မှတ်ချက်တွင် ပုံ၏ ယခင်ဗားရှင်းများလည်း ပါဝင်သည်။ လာမည့်ဆောင်းပါးအတွက် ကြိုတင် တင်ထားသည့် ပုံများအတွက် သင့်တော်သည့်အကြောင်းပြချက်ဖြင့် ခြွင်းချက်ရှိမည် ဖြစ်သည်။
F6. non-free အသုံးပြုရန် အကြောင်းပြချက် လွဲမှားခြင်း/မပါရှိခြင်းNon-free files claiming fair use but without a အသုံးပြုမည့် အကြောင်းပြချက် မပါရှိသော Non-free ဖိုင်များကို ရှာဖွေသတ်မှတ်ပြီးဖြစ်ပါက ခုနစ်ရက်အတွင်း ဖျက်ပစ်မည် ဖြစ်သည်။ အသုံးပြုမည့် အကြောင်းပြချက် ပါရှိပြီး အငြင်းပွားဖွယ်ဖြစ်နေသည့် ဖိုင်များသည် ဤသတ်မှတ်ချက်တွင် မပါဝင်ပေ။
F7. Invalid fair-use claim
F8. Wikimedia Commons တွင် ရရှိနိုင်ပြီဖြစ်သော ထပ်တူညီပုံပွားများအောက်ပါ အချက်များနှင့် ကိုက်ညီလျှင် -
{{Db-f8}}, {{Now Commons}}, {{Now Commons|File:Commons ရှိဖိုင်အမည်.ext}}
F9. မူပိုင်ခွင့်ကို ရှင်းလင်းပြတ်သားစွာ ချိုးဖောက်ထားခြင်းရှင်းရှင်းဆိုရလျှင် ဖိုင်တင်သူမှ fair use အဖြစ် ခိုင်ခိုင်မာမာမပြနိုင်သော non-free images (သို့မဟုတ် အခြားမီဒီယာဖိုင်များ) ဖြစ်ကြသည်။ ပုံ၏ မူလရင်းမြစ် URL သို့မဟုတ် အခြားမည်သည့်နေရာမှ ရရှိသည်ဆိုသည်ကို ထည့်သွင်းဖော်ပြသင့်သည်။ မူရင်းပိုင်ရှင်မှ ဝီကီပီးဒီးယားနှင့် သင့်လျော်သော လွတ်လပ်လိုင်စင်ဖြင့် သတ်မှတ်ပေးထားကြောင်း အခိုင်အမာပြနိုင်သည့် ပုံများသည် ဤသတ်မှတ်ချက်တွင် မပါဝင်ပါ။ Getty Imanges သို့မဟုတ် Corbis ကဲ့သို့သော ဓါတ်ပုံစာကြည့်တိုက်များမှ ပုံအများစုသည် ဤကဲ့သို့သော လိုင်စင်ဖြင့် ဖြန့်ချီလေ့မရှိပေ။ ပေါ်တင် ချိုးဖောက်ထားသည်များကို
F10. အသုံးမဝင်သော မီဒီယာ မဟုတ်သည့် ဖိုင်များပုံ၊ အသံ သို့မဟုတ် ဗွီဒီယိုဖိုင် မဟုတ်သော အခြားမည်သည့်ဆောင်းပါးတွင်မှ အသုံးပြုထားခြင်းမရှိသည့် စွယ်စုံကျမ်းတွင် အသုံးပြုလေ့မရှိသည့် ဖိုင်များ ဖြစ်သည်။ .doc, .pdf, .ps, .html, .rtf, .txt, .xls, နှင့် .zip ဖိုင်များသည် အသံ၊ ပုံ သို့မဟုတ် ဗွီဒီယိုဖိုင်များ မဟုတ်ကြသည်ကို မှတ်သားစေလိုသည်။ ပုံ၊ အသံနှင့် ဗွီဒီယိုဖိုင် နမူနာများမှာ .jpg, .gif, .png, .svg, .mpg, နှင့် .wav များ ဖြစ်သည်။ ဤသည်မှာ ဖျက်နိုင်သည့် ဖိုင်များစာရင်း အပြည့်အစုံမဟုတ်ပါ။ ထို့အတူ ဖိုင် extension သည်လည်း ဖျက်ပစ်ရမည့် အကြောင်းပြချက် တစ်ခု မဟုတ်ပါ။ ဤသတ်မှတ်ချက်သည် ဖိုင်၏ ပါဝင်အကြောင်းအရာပေါ်တွင် မူတည်သည်။
F11. ခွင့်ပြုချက်အကြောင်း သက်သေသာဓက မရှိခြင်းIf an uploader has specified a license and has named a third party as the source/copyright holder without providing evidence that this third party has in fact agreed, the item may be deleted seven days after notification of the uploader. Acceptable evidence of licensing normally consists of either a link to the source website where the license is stated, or a statement by the copyright holder e-mailed or forwarded to permissions-en@wikimedia.org. Such a confirmation is also required if the source is an organization that the uploader claims to represent, or a web publication that the uploader claims to be their own. Instances of obvious copyright violations where the uploader would have no reasonable expectation of obtaining permission (e.g. major studio movie posters, television images, album covers, logos which are not simple enough to be public domain, etc.) should be speedily deleted per reason F9 (unambiguous copyright infringement), unless fair-use can be claimed. Files tagged with {{OTRS pending}} for more than 30 days may also be speedily deleted under this criterion. (Please note that the backlog for messages sent to the permissions-en queue is currently တမ်းပလိတ်:OTRS backlog days. You may wish to wait at least this amount of time before tagging OTRS pending images for deletion.) မဆိုင်းမတွ ဖျက်ပစ်ရမည် မဟုတ်သော အခြားမည်သည့် ပုံများနှင့် အခြားမီဒီယာများအတွက် Wikipedia:Files for deletion ကို အသုံးပြုပါ။
C1. တိုးပွားမှုမရှိသော ကဏ္ဍများ
C2. အမည်ပြောင်းခြင်း (သို့) ပေါင်းစပ်ခြင်း
မဆိုင်းမတွ ဖျက်ပစ်ရမည် မဟုတ်သော ကဏ္ဍများအတွက် Wikipedia:Categories for discussion ကို အသုံးပြုပါ။
အသုံးပြုသူ စာမျက်နှာများမှတ်ချက်။ အချို့သော သတ်မှတ်ချက်များမှာ ရုတ်သိမ်းထားပြီး ဖြစ်သောကြောင့် နံပါတ်အားလုံး အသုံးမပြုပါ။
U1. အသုံးပြုသူမှ တောင်းဆိုခြင်း
U2. မတည်ရှိသော အသုံးပြုသူ
U3. Non-free ဂယ်လာရီများ
U5. ဝီကီပီးဒီးယားအား ဝက်ဘ်လွှင့်တင်ရန် လွဲမှားစွာ အသုံးချခြင်း
မဆိုင်းမတွ ဖျက်ပစ်ရမည် မဟုတ်သော အခြား မည်သည့် အသုံးပြုသူ စာမျက်နှာများ အား ဖျက်ရန်အတွက် Wikipedia:Miscellany for deletion ကို အသုံးပြုပါ။
မှတ်ချက်။
T2. မူဝါဒကို မှားယွင်းစွာ ဖော်ပြထားခြင်း
T3. ထပ်တူပုံပွားနှင့် ပြင်ဆင်ရန် ခက်ခဲသော တမ်းပလိတ်များ
အခြားသော မဆိုင်းမတွ ဖျက်ပစ်ရန်မဟုတ်သည့် တမ်းပလိတ် များအတွက် Wikipedia:Templates for discussion ကို အသုံးပြုပါ။
P1. Any portal that would be subject to speedy deletion as an article
P2. Underpopulated portal
For any portals that are not speedy deletion candidates, use Wikipedia:Miscellany for deletion. ကန့်ကွက်ထားသော သတ်မှတ်ချက်များ
အောက်ခြေမှတ်ချက်များ
|
Portal di Ensiklopedia Dunia