မြန်မာ့ အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၀
|
|
ပြည်သူ့လွှတ်တော် နေရာ ၄၄၀ အနက် ၃၃၀ အစိုးရဖွဲ့နိုင်ရန် ၂၂၁ နေရာ လိုအပ် အမျိုးသားလွှတ်တော် နေရာ ၂၂၄ အနက် ၁၆၈ နေရာ ပြိုင်ဖက်ကို အနိုင်ရရန် ၁၁၃ နေရာ လိုအပ် |
---|
|
ပထမပါတီ
|
ဒုတိယပါတီ
|
တတိယပါတီ
|
|
|
SNDP
|
တစည
|
ဦးဆောင်သူ
|
ဦးသိန်းစိန်
|
ဦးစိုင်းအိုက်ပေါင်း
|
ဦးထွန်းရီ
|
ပါတီ
|
USDP
|
SNDP
|
တစည
|
Leader's seat
|
ဇမ္ဗူသီရိ (ပြည်သူ့)
|
(not a candidate)
|
(not a candidate)
|
အနိုင်ရ နေရာ
|
၁၂၉ (အမျိုးသား) ၂၅၉ (ပြည်သူ့)
|
၃ (အမျိုးသား) ၁၈ (ပြည်သူ့)
|
၅ (အမျိုးသား) ၁၂ (ပြည်သူ့)
|
နေရာ အပြောင်းအလဲ
|
၁၂၉ (အမျိုးသား)
၂၅၉ (ပြည်သူ့)
|
၃ (အမျိုးသား)
၁၈ (ပြည်သူ့)
|
၅ (အမျိုးသား)
၁၂ (ပြည်သူ့)
|
ရာခိုင်နှုန်း
|
၇၆.၇၉% (အမျိုးသား) ၇၈.၄၈% (ပြည်သူ့)
|
၁.၇၈% (အမျိုးသား) ၅.၄၅% (ပြည်သူ့)
|
၂.၉၈% (အမျိုးသား) 3.64% (ပြည်သူ့)
|
|
|
စတုတ္ထပါတီ
|
|
|
NDF
|
|
ဦးဆောင်သူ
|
ဦးခင်မောင်ဆွေ
|
|
ပါတီ
|
NDF
|
|
Leader's seat
|
(not a candidate)
|
|
အနိုင်ရ နေရာ
|
၄ (အမျိုးသား) ၁၂ (ပြည်သူ့)
|
|
နေရာ အပြောင်းအလဲ
|
၄ (အမျိုးသား)
၁၂ (ပြည်သူ့)
|
|
ရာခိုင်နှုန်း
|
၂.၃၈% (အမျိုးသား) ၃.၆၄% (ပြည်သူ့)
|
|
|
  |
|
၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲသည် ၂၀၀၈ ခုနှစ် မေလအတွင်း လူထုဆန္ဒခံယူပွဲ ဖြင့် အတည်ပြုခဲ့သည့် မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ ကျင်းပသည့် ရွေးကောက်ပွဲ တစ်ရပ်ဖြစ်ပြီး ဤသည်မှာ မြန်မာ့သမိုင်းတွင် စတုတ္ထအကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။
နောက်ခံသမိုင်းအကျဥ်းချုပ်
၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပခြင်းသည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) မှ ၂၀၀၃ ခုနှစ်တွင် အဆိုပြုခဲ့သည့် ‘ဒီမိုကရေစီ လမ်းပြမြေပုံ’ပါ အဆင့် ၇ ဆင့်၏ ပဉ္စမမြောက် အဆင့်ဖြစ်သည်။ [၂][၃] ဆဋ္ဌမနှင့် သတ္တမ အဆင့်များမှာ ရွေးကောက်တင်မြောက်ခံရသူ ပြည်သူ့ကိုယ်စားလှယ်များဖြင့် သက်ဆိုင်ရာ လွှတ်တော်များ ဖွဲ့စည်းရေးနှင့် ခေတ်မှီတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော် ထူထောင်ရေးတို့ဖြစ်သည်။ [၄]
၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲပြီးနောက် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ်ကျင်းပသည့် ရွေးကောက်ပွဲဖြစ်သည်။ ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပသည်။[၅] နိုင်ငံတဝှန်း မဲဆန္ဒနယ် ၁၁၅၉ ခု၌ မဲရုံပေါင်း ၄ သောင်းခန့် ရှိကာ မဲပေးပိုင်ခွင့်ရှိသူ ၂၉ သန်းကျော် ရှိသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ပြည်ထောင်စုလွှတ်တော် ရှိ အမျိုးသားလွှတ်တော် အတွက် အမတ်နေရာ ၂၂၄ နေရာနှင့် ပြည်သူ့လွှတ်တော် အတွက် ၄၄၀ နေရာ သတ်မှတ်ထားသော်လည်း အမတ်နေရာများ၏ ၂၅ ရာခိုင်နှုန်း မှာ တပ်မတော်မှ ကိုယ်စားလှယ်များဖြစ်သောကြောင့် ယခုအကြိမ် ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်အတွက် အမတ် ၁၆၈ ဦးနှင့် ပြည်သူ့လွှတ်တော်အတွက် ၃၃၀ ဦး ကိုသာ ရွေးကောက်တင်မြှောက်ရမည်ဖြစ်သည်။
ရွေးကောက်ပွဲ ဥပဒေ
ရွေးကောက်ပွဲ ဥပဒေများကို ၂၀၁၀ မတ်လ ၉ ရက်နေ့မှစကာ အစိုးရပိုင် သတင်းစာများမှ အချပ်ပိုအဖြစ် ရှေ့စဉ်နောက်ဆက် ထုတ်ပြန်ကြေညာခဲ့သည်။ ပထမဦးဆုံး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ ကို ၂၀၁၀ ပြည့်နှစ် မတ် ၉ ရက် တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းဥပဒေအရ ရွေးကောက်ပွဲ ကော်မရှင်၏ တာဝန်များမှာ ရွေးကောက်ပွဲ ကျင်းပရေးနှင့် နိုင်ငံရေးပါတီများအား ကြီးကြပ်ရေး တို့ဖြစ်သည်။ ကော်မရှင်ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် အနည်းဆုံး ၅ ဦးကို နယက မှ ခန့်အပ်တာဝန်ပေး နိုင်သည်ဟု ရေးသား ပါရှိသည်။ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အသက် (၅၀) ပြည့်ပြီးသူများ ဖြစ်ရမည်ဖြစ်ပြီး ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် နယကမှ ယူဆသူဖြစ်ရမည်ဟု ပါရှိသည်။ [၆]
နအဖ အစိုးရသည် ၂၀၁၀ ပြည့်နှစ် မတ် ၁၁ ရက်နေ့ ညနေပိုင်းတွင် မြန်မာ့ရုပ်မြင်သံကြားသတင်းမှတစ်ဆင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ ဖွဲ့စည်းသည့် ကော်မရှင်တွင် အဖွဲ့ဝင် ၁၇ ဦးပါရှိပြီး ဥက္ကဋ္ဌအဖြစ် ဒုတိယ တရားသူကြီးချုပ် ဖြစ်ခဲ့သည့် ဦးသိန်းစိုးကို ခန့်အပ်ခဲ့သည်။ [၇]
၂၀၁၀ ပြည့်နှစ် မတ် ၈ ရက်နေ့တွင် ထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ တွင် ပါတီထူထောင်လိုသူ၊ သို့မဟုတ် ပါတီဝင် ဖြစ်လိုသူများသည် ထောင်ဒဏ် ကျခံနေရသူ မဖြစ်စေရဟု ပြဋ္ဌာန်း ထားသည့်အပြင်၊ ပြစ်ဒဏ်ကို အယူခံနေဆဲ ဖြစ်သူလည်း မဖြစ်ရဟု သတ်မှတ်ခဲ့သည်။ [၈]
နိုင်ငံရေးပါတီများ
ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများသည် အနည်းဆုံး ပါတီဝင် ၁၀၀၀ အထက်ရှိရမည်ဖြစ်ပြီး ၂၀၁၀ ခုနှစ် ဇွန်လ ၆ ရက်မတိုင်မှီ မှတ်ပုံတင်ထားသည့် ပါတီများ ဖြစ်ရန်လိုသည်။ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့မှ ခွင့်ပြုထားပြီးသော နိုင်ငံရေးပါတီ ၄၂ ခုရှိသည်။ [၉] အချို့ပါတီများမှာ တိုင်းရင်းသား လူမျိုးစုများပါဝင်သည့် ပါတီများဖြစ်ကြသည်။ [၁၀]
၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အမတ်နေရာအများစုကို အနိုင်ရခဲ့သော်လည်း အာဏာလွှဲအပ်ခြင်း မခံခဲ့ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှာမူ ရွေးကောက်ပွဲတွင် မပါဝင်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ သို့သော်လည်း ဝါရင့်ပါတီဝင် အချို့က ရွေးကောက်ပွဲကို သပိတ်မှောက်ပါက အစိုးရ ဆင်ထားသည့် အကွက်အတွင်း ရောက်သွားမည်ဟုဆိုကာ ရွေးကောက်ပွဲဝင်ရန် အမျိုးသား ဒီမိုကရေစီ အင်အားစုကို ဖွဲ့စည်းခဲ့သည်။ [၁၀]
နအဖ စစ်အစိုးရက နိုင်ငံတဝန်းဖွဲ့စည်းထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဟု နိုင်ငံရေး ပါတီအဖြစ် ပြောင်းလဲ ဖွဲ့စည်းပြီး စစ်ဗိုလ်ချုပ်ဟောင်းများဦးဆောင်စေပြီး ရွေးကောက်ပွဲ ဝင်ခဲ့သည်။ [၁၀]
မှတ်ပုံတင်ထားခဲ့သည့် ပါတီများစာရင်း
- မြို (ခေါ်) ခမီ အမျိုးသား ညီညွတ်ရေးအဖွဲ့The Mro (or) Khami National Solidarity Organization (MKNSO)
- တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ National Unity Party (NUP)
- လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီThe Lahu National Development Party (LNDP)
- ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီKokang Democracy and Unity Party (KDUP)
- ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် The Pa-O National Organization (PNO)
- ဒီမိုကရက်တစ်ပါတီ (မြန်မာ) The Democratic Party (Myanmar) (DPM)
- ကယန်း အမျိုးသားပါတီ The Kayan National Party (KNP)
- မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီ The Rakhine State National Force of Myanmar (RSNF)
- ကရင်ပြည်သူ့ပါတီ The Kayin People’s Party (KPP)
- ‘ဝ’ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီThe “Wa” National Unity Party(WNUP)
- ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ် Union Kayin League (UKL) (ဖျက်သိမ်း)
- တအောင်း (ပလောင်) အမျိုးသားပါတီ The Taaung (Palaung) National Party (TPNP)
- မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ All Mon Region Democracy Party (AMRDP)
- ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီThe Democracy and Peace Party (DPP)
- ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ The Shan Nationalities Democratic Party (SNDP)
- ညီညွတ်သော ဒီမိုကရက်တစ်ပါတီ The United Democratic Party (UDP)
- ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)The 88 Generation Student Youths(Union Of Myanmar) (8GSY)
- ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် The Union Of Myanmar Fedration of National Politics (UMNPF)
- အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ် The National Political Alliance League (NPAL)
- မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ The Myanmar New Society Democratic Party (MNSDP)
- ချင်းအမျိုးသားပါတီ The Chin National Party(CNP)
- ဝံသာနု NLD (ပြည်ထောင်စု မြန်မာနိုင်ငံ)The Wunthanu NLD (the Union of Myanmar) (WNLD)
- ခေတ်သစ်ပြည်သူ့ပါတီ The Modern People’s Party (MPP)
- ပြည်ထောင်စု ဒီမိုကရေစီပါတီ The Union Democracy Party (UnionDP)
- မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ The Peace & Diversity Party (PDP)
- ချင်းတိုးတက်ရေး ပါတီ The Chin Progressive Party (CPP)
- အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ The Inn National Development Party (INPP)
- ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ The Rakhine Nationalities Development Party (RNDP)
- ‘ဝ’ ဒီမိုကရက်တစ် ပါတီ The Wa Democratic Party (WDP)
- ဖလုံ - စဝေါ် ဒီမိုကရက်တစ် ပါတီ The Phalon Sawaw Democratic Party (PSDP)
- အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ The National Democratic Party for Development (NDPD)
- ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ The Union Solidarity and Development Party (USDP)
- တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ The Ethnic National Development Party (ENDP)
- မြန်မာဒီမိုကရေစီကွန်ကရက် Myanmar Democracy Congress (MDC) (ဖျက်သိမ်း)
- မြို တိုင်းရင်းသားပါတီ Mro National Party (MNP) (ဖျက်သိမ်း)
- ကမန် အမျိုးသား တိုးတက်ရေးပါတီ Kaman National Progressive Party (KNPP)
- ခမီ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ Khami National Development Party (KNDP)
- အမျိုးသား ဒီမိုကရေစီ အင်အားစု National Democratic Force (NDF)
- ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ
- အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးပါတီ
- စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (Unity and Democracy Party of Kachin State; UDPKS)
- ဒေသဖွံ့ဖြိုးတိုးတက်ရေးပါတီ (ပြည်)
မဲဆန္ဒနယ်နေရာများ
ပြည်သူ့လွှတ်တော် တွင် မဲဆန္ဒနယ် ၃၃ဝ ရှိသည့်အနက် ရှမ်းပြည်နယ် အတွင်းရှိ - ပန်ဆန်း (ပန်ခမ်း)၊ နားဖန်း၊ ပန်ဝိုင် နှင့် မိုင်းမော မြို့နယ် ၄ မြို့နယ်သည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် ကျင်းပပေးရန် အခြေအနေမရှိ၍ လည်းကောင်း၊ မိုင်းလားမြို့နယ် တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးမျှ မရှိခြင်းကြောင့် လည်းကောင်း မဲဆန္ဒနယ် ၃၂၅ နယ် တွင်သာ ကျင်းပခဲ့သည်။
အမျိုးသားလွှတ်တော် အတွက် မဲဆန္ဒနယ် ၁၆၈ နယ် ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်၌ မဲဆန္ဒနယ် ၆၇၃ နယ် (တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ ခု အပါအဝင်) ရှိသည့်အနက် မဲဆန္ဒနယ် ၆၆၃ နယ်တွင်လည်းကောင်း ကျင်းပခဲ့သည်။
တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွင် ရွေးကောက်ပွဲမကျင်းပခဲ့သည့် မဲဆန္ဒနယ်များမှာ ရှမ်းပြည်နယ် အတွင်းရှိ ပန်ဆန်း (ပန်ခမ်း)၊ နားဖန်း၊ ပန်ဝိုင် နှင့် မိုင်းမော မြို့နယ် ၄ မြို့နယ်၏ မဲဆန္ဒနယ် ၈ နယ် နှင့် ယှဉ်ပြိုင်မည့်သူ မရှိသည့် အတွက် လည်းကောင်း၊ မိုင်းလားမြို့နယ်မှ မဲဆန္ဒနယ် ၂ နယ် တွင် ဝင်ပြိုင်သူမရှိ၍ လည်းကောင်း စသည်ဖြင့် စုစုပေါင်း ၉ နယ် တို့ ဖြစ်သည်။
ရွေးကောက်ပွဲ ပါဝင်သည့် ပါတီအလိုက် ကိုယ်စားလှယ်လောင်း ဦးရေစာရင်း
၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကာလတွင် တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ (၄၂)ပါတီ ရှိသည်။ထိုပါတီများအနက် (၃၇)ပါတီ သည် ရွေးကောက်ပွဲ ဝင်ပြိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ပြည်ထောင်စုရွေးကောက်ပွဲ သို့ တင်သွင်းလျှောက်ထားခဲ့ကြသည်။[၁၁]
ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီများစာရင်း
စဉ် |
ပါတီအမည် |
ပြည်သူ့လွှတ်တော် |
အမျိုးသားလွှတ်တော် |
တိုင်း (သို့) ပြည်နယ် လွှတ်တော် |
လူမျိုး |
စုစုပေါင်း
|
၁ |
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
၃၁၄ |
၁၅၉ |
၆၁၁ |
၂၇ |
၁၁၁၁
|
၂ |
တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ |
၂၉၄ |
၁၄၉ |
၅၃၄ |
၁၇ |
၉၉၄
|
၃ |
အမျိုးသား ဒီမိုကရေစီ အင်အားစု |
၁၀၁ |
၃၄ |
၂၃ |
- |
၁၅၈
|
၄ |
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ |
၄၅ |
၁၅ |
၉၃ |
၃ |
၁၅၆
|
၅ |
ဒီမိုကရက်တစ် ပါတီ (မြန်မာ) |
၂၂ |
၉ |
၁၆ |
- |
၄၇
|
၆ |
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးပါတီ |
၂၅ |
၁၁ |
၁၀ |
- |
၄၆
|
၇ |
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ |
၁၂ |
၈ |
၂၃ |
၁ |
၄၄
|
၈ |
ကရင်ပြည်သူ့ပါတီ |
၇ |
၅ |
၂၄ |
၅ |
၄၁
|
၉ |
၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) |
၂၈ |
၆ |
၅ |
- |
၃၉
|
၁၀ |
ချင်းတိုးတက်ရေးပါတီ |
၈ |
၁၂ |
၁၇ |
၁ |
၃၈
|
၁၁ |
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကေရစီ ပါတီ |
၈ |
၉ |
၁၆ |
၁ |
၃၄
|
၁၂ |
ခေတ်သစ် ပြည်သူ့ပါတီ |
၇ |
၄ |
၁၉ |
- |
၃၀
|
၁၃ |
ဝ ဒီမိုကရက်တစ်ပါတီ |
၈ |
၁ |
၁၆ |
- |
၂၅
|
၁၄ |
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ |
၆ |
၅ |
၁၁ |
- |
၂၂
|
၁၅ |
ချင်းအမျိုးသားပါတီ |
၆ |
၇ |
၉ |
- |
၂၂
|
၁၆ |
ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ |
၅ |
၄ |
၉ |
- |
၁၈
|
၁၇ |
တအောင်း(ပလောင်)အမျိုးသားပါတီ |
၄ |
၂ |
၉ |
- |
၁၅
|
၁၈ |
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ |
၂ |
၂ |
၁၀ |
- |
၁၄
|
၁၉ |
အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ် |
၆ |
၃ |
၄ |
- |
၁၃
|
၂၀ |
ကယန်းအမျိုးသားပါတီ |
၂ |
၃ |
၇ |
၁ |
၁၃
|
၂၁ |
လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ |
၃ |
- |
၈ |
၁ |
၁၂
|
၂၂ |
ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် |
၃ |
၁ |
၆ |
- |
၁၀
|
၂၃ |
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ |
၈ |
၁ |
- |
- |
၉
|
၂၄ |
စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) |
၂ |
၃ |
၂ |
၂ |
၉
|
၂၅ |
မြို (ခ) ခမီအမျိုးသားညီညွတ်ရေးအဖွဲ့ပါတီ |
၁ |
၁ |
၇ |
- |
၉
|
၂၆ |
ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) |
၄ |
၃ |
၁ |
- |
၈
|
၂၇ |
ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ |
၃ |
၁ |
၄ |
- |
၈
|
၂၈ |
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ |
၃ |
၂ |
၂ |
- |
၇
|
၂၉ |
ကမန်အမျိုးသားတိုးတက်ရေးပါတီ |
၂ |
၁ |
၃ |
- |
၆
|
၃၀ |
အင်းအမျိုးသားတိုးတက်ရေးပါတီ |
၁ |
၁ |
၂ |
၁ |
၅
|
၃၁ |
ဝံသာနု (NLD)(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ |
၄ |
- |
- |
- |
၄
|
၃၂ |
ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ |
- |
၂ |
၂ |
- |
၄
|
၃၃ |
ဝ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ |
၃ |
၁ |
- |
- |
၄
|
၃၄ |
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး နှင့် ငြိမ်းချမ်းရေးပါတီ |
- |
၂ |
၁ |
- |
၃
|
၃၅ |
ပြည်ထောင်စုဒီမိုကရေစီပါတီ |
၂ |
၁ |
- |
- |
၃
|
၃၆ |
ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ |
- |
၃ |
- |
- |
၃
|
၃၇ |
တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးပါတီ |
- |
၁ |
၂ |
- |
၃
|
၃၈ |
တစ်သီးပုဂ္ဂလ |
၄၀ |
၇ |
၂၉ |
၆ |
၈၂
|
စုစုပေါင်း |
|
၉၈၉ |
၄၇၉ |
၁၅၃၅ |
၆၆ |
၃၀၆၉
|
ပါတီမှတ်ပုံတင်ထားသော်လည်း ရွေးကောက်ပွဲ ဝင်မပြိုင်ခဲ့သည့် နိုင်ငံရေးပါတီစာရင်း
- ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်
- မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
- မြန်မာဒီမိုကရေစီကွန်ကရက်ပါတီ
- မြိုတိုင်းရင်းသားပါတီ
- ဒေသဖွံ့ဖြိုးတိုးတက်ရေးပါတီ (ပြည်)
ရွေးကောက်ပွဲ ရလဒ်
ရွေးကောက်ပွဲ နောက်ဆုံးရလဒ်များကို ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့က ၂၀၁၀ နိုဝင်ဘာ ၁၇ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။ [၁][၂] 17 August 2020 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .[၃] 14 January 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .[၄] 14 December 2020 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
ပြည်သူ့လွှတ်တော် ရလဒ်များ
ပြည်သူ့လွှတ်တော် အမတ်နေရာ ၄၄၀ အနက် ၃၃၀ ကို ရွေးကောက်တင်မြှောက်ခဲ့သည်။ ပါတီအလိုက် ရွေးကောက်တင်မြှောက်ခံရသည့် အမတ်ဦးရေများမှာ
စဉ် |
ပါတီအမည် |
ရာခိုင်နှုန်း (%) |
ပြည်သူ့လွှတ်တော် ဦးရေ
|
၁ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
၇၉ ဒသမ ၇၀ ရာခိုင်နှုန်း |
၂၅၉
|
၂ |
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ |
၃ ဒသမ ၇၀ ရာခိုင်နှုန်း |
၁၂
|
၃ |
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ |
၂ ဒသမ ၄၆ ရာခိုင်နှုန်း |
၈
|
၄ |
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ |
၅ ဒသမ ၅၄ ရာခိုင်နှုန်း |
၁၈
|
၅ |
ရခိုင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ |
၂ ဒသမ ၇၇ ရာခိုင်နှုန်း |
၉
|
၆ |
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ |
၀ ဒသမ ၉၂ ရာခိုင်နှုန်း |
၃
|
၇ |
ချင်းတိုးတက်ရေးပါတီ |
၀ ဒသမ ၆၁ ရာခိုင်နှုန်း |
၂
|
၈ |
ဖလုံ - စဝေါ် ဒီမိုကရက်တစ်ပါတီ |
၀ ဒသမ ၆၁ ရာခိုင်နှုန်း |
၂
|
၉ |
ချင်းအမျိုးသားပါတီ |
၀ ဒသမ ၆၁ ရာခိုင်နှုန်း |
၂
|
၁၀ |
အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ |
၀ ဒသမ ၃၄ ရာခိုင်နှုန်း |
၁
|
၁၁ |
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် |
၀ ဒသမ ၉၂ ရာခိုင်နှုန်း |
၃
|
၁၂ |
ကရင်ပြည်သူ့ပါတီ |
၀ ဒသမ ၃၄ ရာခိုင်နှုန်း |
၁
|
၁၃ |
တအောင်း(ပလောင်)အမျိုးသားပါတီ |
၀ ဒသမ ၃၄ ရာခိုင်နှုန်း |
၁
|
၁၄ |
ဝ ဒီမိုကရက်တစ်ပါတီ |
၀ ဒသမ ၆၁ ရာခိုင်နှုန်း |
၂
|
၁၅ |
စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) |
၀ ဒသမ ၃၄ ရာခိုင်နှုန်း |
၁
|
၁၆ |
ကချင်ပြည်နယ် ဒီမိုကရေစီ နှင့် ဖွံ့ဖြိုးရေးပါတီ |
၀ ရာခိုင်နှုန်း |
၀
|
၁၇ |
ဒီမိုကရက်တစ်ပါတီ (မြန်မာ) |
၀ ရာခိုင်နှုန်း |
၀
|
၁၈ |
ကယန်းအမျိုးသားပါတီ |
၀ ရာခိုင်နှုန်း |
၀
|
၁၉ |
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ |
၀ ရာခိုင်နှုန်း |
၀
|
၂၀ |
၈၈မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ |
၀ ရာခိုင်နှုန်း |
၀
|
၂၁ |
တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးတိုးတက်ရေးပါတီ |
၀ ရာခိုင်နှုန်း |
၀
|
၂၂ |
လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ |
၀ ရာခိုင်နှုန်း |
၀
|
၂၃ |
တစ်သီးပုဂ္ဂလ |
၀ ဒသမ ၃၄ ရာခိုင်နှုန်း |
၁
|
စုစုပေါင်း |
|
|
၃၂၅
|
အမျိုးသားလွှတ်တော် ရလဒ်များ
အမျိုးသားလွှတ်တော် အမတ်နေရာ ၂၂၄ နေရာအနက် ၁၆၈ နေရာကို ရွေးကောက်တင်မြှောက်ခဲ့သည်။ ပါတီအလိုက် အမတ်ဦးရေများမှာ
စဉ် |
ပါတီအမည် |
ရာခိုင်နှုန်း (%) |
အမျိုးသားလွှတ်တော် ဦးရေ
|
၁ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
၇၆ ဒသမ ၇၈ ရာခိုင်နှုန်း |
၁၂၉
|
၂ |
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ |
၂ ဒသမ ၉၉ ရာခိုင်နှုန်း |
၅
|
၃ |
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ |
၂ ဒသမ ၃၈ ရာခိုင်နှုန်း |
၄
|
၄ |
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ |
၁ ဒသမ ၇၈ ရာခိုင်နှုန်း |
၃
|
၅ |
ရခိုင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ |
၄ ဒသမ ၁၇ ရာခိုင်နှုန်း |
၇
|
၆ |
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ |
၂ ဒသမ ၃၈ ရာခိုင်နှုန်း |
၄
|
၇ |
ချင်းတိုးတက်ရေးပါတီ |
၂ ဒသမ ၃၈ ရာခိုင်နှုန်း |
၄
|
၈ |
ဖလုံ - စဝေါ် ဒီမိုကရက်တစ်ပါတီ |
၁ ဒသမ ၇၈ ရာခိုင်နှုန်း |
၃
|
၉ |
ချင်းအမျိုးသားပါတီ |
၁ ဒသမ ၁၉ ရာခိုင်နှုန်း |
၂
|
၁၀ |
အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ |
၀ ရာခိုင်နှုန်း |
၀
|
၁၁ |
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် |
၀ ဒသမ ၅၉ ရာခိုင်နှုန်း |
၁
|
၁၂ |
ကရင်ပြည်သူ့ပါတီ |
၀ ဒသမ ၅၉ ရာခိုင်နှုန်း |
၁
|
၁၃ |
တအောင်း(ပလောင်)အမျိုးသားပါတီ |
၀ ဒသမ ၅၉ ရာခိုင်နှုန်း |
၁
|
၁၄ |
ဝ ဒီမိုကရက်တစ်ပါတီ |
၀ ဒသမ ၅၉ ရာခိုင်နှုန်း |
၁
|
၁၅ |
စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) |
၀ ဒသမ ၅၉ ရာခိုင်နှုန်း |
၁
|
၁၆ |
ကချင်ပြည်နယ် ဒီမိုကရေစီ နှင့် ဖွံ့ဖြိုးရေးပါတီ |
၀ ဒသမ ၅၉ ရာခိုင်နှုန်း |
၁
|
၁၇ |
ဒီမိုကရက်တစ်ပါတီ (မြန်မာ) |
၀ ရာခိုင်နှုန်း |
၀
|
၁၈ |
ကယန်းအမျိုးသားပါတီ |
၀ ရာခိုင်နှုန်း |
၀
|
၁၉ |
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ |
၀ ရာခိုင်နှုန်း |
၀
|
၂၀ |
၈၈မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ |
၀ ရာခိုင်နှုန်း |
၀
|
၂၁ |
တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးတိုးတက်ရေးပါတီ |
၀ ရာခိုင်နှုန်း |
၀
|
၂၂ |
လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ |
၀ ရာခိုင်နှုန်း |
၀
|
၂၃ |
တစ်သီးပုဂ္ဂလ |
၀ ဒသမ ၅၉ ရာခိုင်နှုန်း |
၁
|
စုစုပေါင်း |
|
|
၁၆၈
|
တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်ရလဒ်များ
တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော် ၆၇၃ နေရာအနက်(တိုင်းရင်းသားလူမျိုးစုမဲဆန္ဒနယ် ၂၉ နေရာအပါအဝင်) ၆၆၃ နေရာကို ရွေးကောက်တင်မြှောက်ခဲ့သည်။ ပါတီအလိုက် အမတ်ဦးရေများမှာ
စဉ် |
ပါတီအမည် |
ရာခိုင်နှုန်း (%) |
တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဦးရေ
|
၁ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
၇၄ ဒသမ ၆၆ရာခိုင်နှုန်း |
၄၉၅
|
၂ |
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ |
၆ ဒသမ ၉၄ ရာခိုင်နှုန်း |
၄၆
|
၃ |
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ |
၀ ဒသမ ၆၀ ရာခိုင်နှုန်း |
၄
|
၄ |
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ |
၅ ဒသမ ၄၂ ရာခိုင်နှုန်း |
၃၆
|
၅ |
ရခိုင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ |
၂ ဒသမ ၈၆ ရာခိုင်နှုန်း |
၁၉
|
၆ |
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ |
၁ ဒသမ ၃၆ ရာခိုင်နှုန်း |
၉
|
၇ |
ချင်းတိုးတက်ရေးပါတီ |
၀ ဒသမ ၉၀ ရာခိုင်နှုန်း |
၆
|
၈ |
ဖလုံ - စဝေါ် ဒီမိုကရက်တစ်ပါတီ |
၀ ဒသမ ၆၀ ရာခိုင်နှုန်း |
၄
|
၉ |
ချင်းအမျိုးသားပါတီ |
၀ ဒသမ ၇၅ ရာခိုင်နှုန်း |
၅
|
၁၀ |
အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ |
၀ ဒသမ ၄၅ ရာခိုင်နှုန်း |
၃
|
၁၁ |
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် |
၁ ဒသမ ၅၁ ရာခိုင်နှုန်း |
၁၀
|
၁၂ |
ကရင်ပြည်သူ့ပါတီ |
၀ ဒသမ ၆၀ ရာခိုင်နှုန်း |
၄
|
၁၃ |
တအောင်း(ပလောင်)အမျိုးသားပါတီ |
၀ ဒသမ ၆၀ ရာခိုင်နှုန်း |
၄
|
၁၄ |
ဝ ဒီမိုကရက်တစ်ပါတီ |
၀ ဒသမ ၄၅ ရာခိုင်နှုန်း |
၃
|
၁၅ |
စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) |
၀ ဒသမ ၃၀ ရာခိုင်နှုန်း |
၂
|
၁၆ |
ကချင်ပြည်နယ် ဒီမိုကရေစီ နှင့် ဖွံ့ဖြိုးရေးပါတီ |
၀ ဒသမ ၁၅ ရာခိုင်နှုန်း |
၁
|
၁၇ |
ဒီမိုကရက်တစ်ပါတီ (မြန်မာ) |
၀ ဒသမ ၁၅ ရာခိုင်နှုန်း |
၁
|
၁၈ |
ကယန်းအမျိုးသားပါတီ |
၀ ဒသမ ၃၀ ရာခိုင်နှုန်း |
၂
|
၁၉ |
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ |
၀ ဒသမ ၃၀ ရာခိုင်နှုန်း |
၂
|
၂၀ |
၈၈မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ |
၀ ဒသမ ၁၅ ရာခိုင်နှုန်း |
၁
|
၂၁ |
တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးတိုးတက်ရေးပါတီ |
၀ ဒသမ ၁၅ ရာခိုင်နှုန်း |
၁
|
၂၂ |
လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ |
၀ ဒသမ ၁၅ ရာခိုင်နှုန်း |
၁
|
၂၃ |
တစ်သီးပုဂ္ဂလ |
၀ ဒသမ ၆၀ ရာခိုင်နှုန်း |
၄
|
စုစုပေါင်း |
|
|
၆၆၃
|
ထင်ရှားဖြစ်ရပ်များ
ပြိုင်ဘက်ကိုယ်စားလှယ်လောင်းတင်သွင်းခဲ့သူ မရှိခဲ့၍ အလိုအလျောက် ကိုယ်စားလှယ်ဖြစ်သွားခဲ့ရသူများ ရှိခဲ့၏။၎င်းတို့မှာ
စဥ်
|
အမည်
|
မဲဆန္ဒနယ်
|
ပါတီ
|
လွှတ်တော်နေရာ
|
၁
|
ဦးသန်းဦး
|
မြဝတီ မဲဆန္ဒနယ်
|
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ
|
ပြည်သူ့လွှတ်တော်
|
၂
|
ဦးဆားမူ
|
လဟယ် မဲဆန္ဒနယ်
|
၃
|
ဦးစိုးသိန်း
|
ကျွန်းစု မဲဆန္ဒနယ်
|
၄
|
ဦးခွန်သိန်းဖေ
|
ဟိုပုံး မဲဆန္ဒနယ်
|
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်
|
ပြည်သူ့လွှတ်တော်
|
၅
|
ဦးဝင်းကို
|
ဆီဆိုင် မဲဆန္ဒနယ်
|
၆
|
ဦးခွန်မောင်သောင်း
|
ပင်လောင်း မဲဆန္ဒနယ်
|
၇
|
ဦးမောင်မောင်ဆွေ
|
နမ့်ဆန် မဲဆန္ဒနယ်
|
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ
|
ပြည်သူ့လွှတ်တော်
|
၈
|
ဦးအိုက်မုန်း
|
မန်တုံ မဲဆန္ဒနယ်
|
တအောင်း(ပလောင်)အမျိုးသားပါတီ
|
ပြည်သူ့လွှတ်တော်
|
၉
|
ဦးကျော်နီနိုင်
|
လောက်ကိုင် မဲဆန္ဒနယ်
|
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ
|
ပြည်သူ့လွှတ်တော်
|
၁၀
|
ဦးကျန်တယ်ဝင် (ခ) ကျန်တဲဝမ်
|
ကုန်းကြမ်း မဲဆန္ဒနယ်
|
၁၁
|
ဦးစောအေးမြိုင်
|
ကရင်ပြည်နယ် မဲဆန္ဒနယ် (၈)
|
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ
|
အမျိုးသားလွှတ်တော်
|
၁၂
|
ဦးစောမြဝင်း
|
ကရင်ပြည်နယ် မဲဆန္ဒနယ် (၁၁)
|
၁၃
|
ဦးမန်းအောင်တင်မြင့်
|
ကရင်ပြည်နယ် မဲဆန္ဒနယ် (၁၂)
|
၁၄
|
ဦးကျားမောင် (ခ) ဦးမောင်ကျား
|
တနင်္သာရီတိုင်း မဲဆန္ဒနယ် အမှတ် (၈)
|
၁၅
|
ဦးသန်းမြင့်
|
တနင်္သာရီတိုင်း မဲဆန္ဒနယ် အမှတ် (၁၀)
|
၁၆
|
ဦးနေဝင်းထွန်း
|
ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၉
|
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်
|
အမျိုးသားလွှတ်တော်
|
၁၇
|
ဦးထွန်းကျော်
|
ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၀)
|
တအောင်း(ပလောင်)အမျိုးသားပါတီ
|
အမျိုးသားလွှတ်တော်
|
၁၈
|
ဦးလျုကွယ်ရှိ
|
ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁)
|
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ
|
အမျိုးသားလွှတ်တော်
|
၁၉
|
ဦးဘရန်ရှောင်
|
အင်ဂျန်းယန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)
|
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ
|
ကချင်ပြည်နယ်လွှတ်တော်
|
၂၀
|
ဦးမုန်ပေါ်န်နော်
|
ဆွမ်ပရာဘွမ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)
|
၂၁
|
ဦးခင်မောင်ဦး (ခ) ဦးဘူးရယ်
|
ဘောလခဲမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)
|
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
|
ကယားပြည်နယ်လွှတ်တော်
|
၂၂
|
ဦးစောဝင်းထိန်
|
ဖာပွန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)
|
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ
|
ကရင်ပြည်နယ်လွှတ်တော်
|
၂၃
|
ဦးစောဆာလောလ
|
ကြာအင်းဆိပ်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)
|
၂၄
|
ဦးသိန်းထွန်းဦး
|
ဒီပဲယင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)
|
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ
|
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်
|
၂၅
|
ဦးစိန်ဝင်းလှိုင်
|
ဘုတလင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)
|
၂၆
|
ဦးသာအေး
|
ဘုတလင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)
|
၂၇
|
ဦးရူစံကျူး
|
လဟယ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)
|
၂၈
|
ဦးဝါလို
|
လဟယ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)
|
၂၉
|
ဦးသိန်းလွင်
|
ကျွန်းစုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)
|
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ
|
တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်
|
၃၀
|
ဦးတင်စိုး
|
ကျွန်းစုမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)
|
၃၁
|
ဦးအောင်ဆန်းလွင်
|
တနင်္သာရီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)
|
၃၂
|
ဦးသက်နိုင်
|
တနင်္သာရီမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)
|
၃၃
|
ဦးဉာဏ်ဝင်း
|
ဇီးကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)
|
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ
|
ပဲခူးတိုင်းဒေသကြီးလွှတ်တော်
|
၃၄
|
ဦးစိန်လှိုင်
|
စေတုတ္တရာမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)
|
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ
|
မကွေးတိုင်းဒေသကြီးလွှတ်တော်
|
၃၅
|
ဦးသန်းအောင်
|
သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)
|
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ
|
မန္တလေးတိုင်းဒေသကြီးလွှတ်တော်
|
၃၆
|
ဦးတင်ထွန်း
|
သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)
|
၃၇
|
ဦးအောင်နိုင်
|
ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)
|
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ
|
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်
|
၃၈
|
ဦးစံလွင်
|
ဟိုပုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)
|
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်
|
ရှမ်းပြည်နယ်လွှတ်တော်
|
၃၉
|
ဦးခွန်အောင်နိုင်ဦး
|
ပင်လောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)
|
၄၀
|
ဦးမောင်ကျော် (ခ) ဦးထန်းကျော်
|
နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)
|
တအောင်း(ပလောင်)အမျိုးသားပါတီ
|
ရှမ်းပြည်နယ်လွှတ်တော်
|
၄၁
|
ဦးအောင်ထွဏ်း
|
နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)
|
၄၂
|
ဦးမိုင်းအုမ်းခိုင်
|
မန်တုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)
|
၄၃
|
ဦးအိုက်ခ
|
မန်တုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)
|
၄၄
|
ဦးခွန်ထွန်းလူ(ခ)ဦးထွန်းလူ
|
ဟိုပန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)
|
ဝ ဒီမိုကရက်တစ်ပါတီ
|
ရှမ်းပြည်နယ်လွှတ်တော်
|
၄၅
|
ဦးစိုင်းလှဖေ
|
ဟိုပန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)
|
၄၆
|
ဦးပယ်ဆောက်ချိန်
|
လောက်ကိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)
|
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
|
ရှမ်းပြည်နယ်လွှတ်တော်
|
၄၇
|
ဦးမြင်ရှော်ချန်း(ခ)ဦးမြီရှောက်ချန်း
|
လောက်ကိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)
|
၄၈
|
ဦးဝေရှောက်ရင်
|
ကုန်ကြမ်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)
|
၄၉
|
ဦးကျောက်တယ်ချန်
|
ကုန်းကြမ်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)
|
၅၀
|
ဦးခွန်ထွန်း
|
မက်မန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)
|
ဝ ဒီမိုကရက်တစ်ပါတီ
|
ရှမ်းပြည်နယ်လွှတ်တော်
|
၅၁
|
ဦးဆန်းဆင့်
|
ရေကြည်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)
|
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
|
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်
|
၅၂
|
ဦးသိန်းထွန်း
|
လေးမျက်နှာမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)
|
၅၃
|
ဦးသိန်းအောင်
|
အင်္ဂပူမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)
|
အရည်အချင်းပျက်ယွင်းသူများအဖြစ် သတ်မှတ်ခံရသူများ
၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ တွင် ပါဝင်ယှဥ်ပြိုင်ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်ယင်းတို့၏ကိုယ်စားလှယ်များသည် ရွေးကောက်ခံရသည့်ကိုယ်စားလှယ်လောင်းအဖြစ် ကြေညာခံရပြီး ရက်ပေါင်း(၆၀)အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ တင်သွင်းကြရသည်။တင်သွင်းရန်ပျက်ကွက်လျှင် ရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့များဖွဲ့ကာ စစ်ဆေးပြီး အရည်အချင်းပျက်ယွင်းသူများအဖြစ် သတ်မှတ်ကြေညာသည်။ထိုသို့ကြေညာခံရသူများသည် လက်ရှိ လွှတ်တော်သက်တမ်း နှင့် နောင်လာမည့် လွှတ်တော်သတ်တမ်းများတွင် ရွေးချယ်ခံခွင့်မရှိကြတော့ပေ။[၁၂]
စဥ်
|
လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်
|
ရွေးကောက်ပွဲကိုယ်စားလှယ်အမည်
|
မဲဆန္ဒနယ်
|
ယှဥ်ပြိုင်သည့် လွှတ်တော်
|
ပါတီအမည်
|
၁
|
ဦးထွန်းရွှေ
|
ဦးဝင်းလှိုင်
|
ကန့်ဘလူမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)
|
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်
|
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
|
၂
|
ဦးစောမီရယ်
|
ဦးနေမျိုးကျော်
|
ထန်းတပင်မြို့နယ်၊ပဲခူးတိုင်းဒေသကြီး
|
ပြည်သူ့လွှတ်တော်
|
ကရင်ပြည်သူ့ပါတီ
|
၃
|
ဦးတင်စိုး
|
မရှိ
|
ဖြူးမြို့နယ်
|
ပြည်သူ့လွှတ်တော်
|
ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ
|
၄
|
ဦးတင်ဦး
|
ဦးသိန်းကျော်
|
သနပ်ပင်မြို့နယ်
|
ပြည်သူ့လွှတ်တော်
|
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
|
၅
|
ဦးစောစင်းဘတ်
|
မရှိ
|
ရွှေကျင်မြို့နယ်
|
ပြည်သူ့လွှတ်တော်
|
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
|
၆
|
ဦးအောင်သိန်း
|
မရှိ
|
မဲဆန္ဒနယ် အမှတ် (၃)၊ပဲခူးတိုင်းဒေသကြီး
|
အမျိုးသားလွှတ်တော်
|
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
|
၇
|
ဦးဝင်း
|
ဦးလှဝင်း
|
မဲဆန္ဒနယ် အမှတ် (၁၁)၊ပဲခူးတိုင်းဒေသကြီး
|
အမျိုးသားလွှတ်တော်
|
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
|
၈
|
ဦးစောထွန်းတင်
|
ဦးစောသောမတ်
|
ပဲခူးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)
|
ပဲခူးတိုင်းဒေသကြီးလွှတ်တော်
|
ကရင်ပြည်သူ့ပါတီ
|
၉
|
ဦးဗိုလ်ဝင်းရှိန်
|
ဦးဆလိုင်းနေမင်းရှိန်
|
အုတ်ဖိုမြို့နယ် မဲဆန္ဒနယ် (၁)
|
ပဲခူးတိုင်းဒေသကြီးလွှတ်တော်
|
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
|
၁၀
|
ဦးဌေးဝင်း
|
မရှိ
|
မင်းတုန်းမြို့နယ်
|
ပြည်သူ့လွှတ်တော်
|
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
|
၁၁
|
ဦးတင်ဝမ်း
|
မရှိ
|
မြို့သစ်မြို့နယ်
|
ပြည်သူ့လွှတ်တော်
|
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
|
၁၂
|
ဦးသိန်းညွန့်
|
ဦးမြင့်ဇော်ညွန့်
|
နတ်မောက်မြို့နယ်
|
ပြည်သူ့လွှတ်တော်
|
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
|
၁၃
|
ဦးမျိုးမြင့်
|
မရှိ
|
မြိုင်မြို့နယ်
|
ပြည်သူ့လွှတ်တော်
|
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
|
၁၄
|
ဦးစိန်ထွန်း
|
မရှိ
|
ဂန့်ဂေါမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)
|
မကွေးတိုင်းဒေသကြီးလွှတ်တော်
|
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်
|
၁၅
|
ဦးအောင်ကြည်သိန်း
|
မရှိ
|
ဂန့်ဂေါမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)
|
မကွေးတိုင်းဒေသကြီးလွှတ်တော်
|
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်
|
၁၆
|
ဦးစိန်ဝင်း
|
မရှိ
|
မြိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁)
|
မကွေးတိုင်းဒေသကြီးလွှတ်တော်
|
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
|
၁၇
|
ဒေါက်တာသန်းမြင့်
|
ဦးညီညီကျော်
|
အမရပူရမဲဆန္ဒနယ် အမှတ် (၁)
|
မန္တလေးတိုင်းဒေသကြီးလွှတ်တော်
|
တစ်သီးပုဂ္ဂလ
|
၁၈
|
ဦးစောကက်နက်ဝေသော်
|
မရှိ
|
ကျိုက်လတ်မြို့နယ်
|
ပြည်သူ့လွှတ်တော်
|
ကရင်ပြည်သူ့ပါတီ
|
၁၉
|
ဦးအုန်းလွင်
|
ဦးရဲနိုင်လင်း
|
အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၁)၊ဧရာဝတီတိုင်းဒေသကြီး
|
အမျိုးသားလွှတ်တော်
|
အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်
|
၂၀
|
ဦးချစ်ဝင်းအေး
|
မရှိ
|
ဘိုကလေးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)
|
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်
|
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
|
ကိုးကား