မြန်မာနိုင်ငံ ရွေးကောက်ပွဲများ
မြန်မာနိုင်ငံတွင် ကျင်းပသည့် ရွေးကောက်ပွဲများသည် နိုင်ငံ၊ ပြည်နယ် သို့မဟုတ် ဒေသ ဟု အဆင့်များ သတ်မှတ်ကာ ကျင်းပကြသည်။ ခေါင်းဆောင်တင်မြှောက်သည့် ကိုယ်စားလှယ်အဖွဲ့က နိုင်ငံအဆင့်တွင် နိုင်ငံတော်၏ အကြီးအကဲ၊ သမ္မတတို့ကို ရွေးချယ်ကြသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုလွှတ်တော်၊ သမ္မတ၊ အစိုးရအဖွဲ့တို့၏ သက်တမ်းသည် ၅ နှစ် ဖြစ်သည်။[၁] မြန်မာနိုင်ငံသည် ၁၉၂၂ ခုနှစ် မှစ၍ အထွေထွေရွေးကောက်ပွဲပေါင်း ၁၇ ခု ကျင်းပခဲ့ပြီး ဖြစ်သည်။ ရွေးကောက်ပွဲအားလုံးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ယူကျင်းပသည်။ နောက်ဆုံးကျင်းပခဲ့သည့် ရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ်တွင် ကျင်းပခဲ့သည်။ ထို့ရွေးကောက်ပွဲတွင် မြန်မာ့တပ်မတော်သည် သောင်းပြိုကမ်းပြိုအနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲလိမ်သည်ဟု စွပ်စွဲပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပိုက်ခဲ့သည်။ သမိုင်းနေဝင်း၏ တစ်ပါတီလမ်းစဉ်စနစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (BSPP) သည် ၁၉၈၈ ခုနှစ်တွင် ကျဆုံးခဲ့သည်။ ရှစ်လေးလုံးအရေးအခင်း ဖြစ်ပွားပြီး နောက်ပိုင်း ဖြစ်သည်။ ပထမဆုံးရွေးကောက်ပွဲများကို ၁၉၉၀ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သည်။ အဓိကအတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အနိုင်ရခဲ့သည်။ အဓိကနေရာ ၄၉၂ နေရာတွင် ၃၉၂ နေရာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။ တစ်ပါတီစနစ်အောက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အစိုးရသစ်တစ်ခုကို ဖွဲ့စည်းရမည် ဖြစ်သည်။ သို့သော် SLORC သည် ရွေးကောက်ပွဲ၏ ရလဒ်ကို ငြင်းဆိုခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲအမျိုးသားလွှတ်တော်![]() ![]() အမျိုးသားလွှတ်တော် နေရာ ၂၂၄ နေရာတွင် ၁၆၈ နေရာအတွက် အရွေးခံခဲ့ကြသည်။ ကျန် ၅၈ နေရာ (၂၅%) သည် အရွေးခံသည့် အထဲတွင် မပါပေ။ ထို ၂၅ % သည် တပ်မတော် ကိုယ်စားလှယ်များအတွက် ဖြစ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများ တစ်ခုစီတွင် အဖွဲ့ဝင် ၁၂ ယောက် ရွေးချယ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုစီမှ အဖွဲ့ဝင် တစ်ဦးစီလည်း ပါဝင်သည်။
ပြည်သူ့လွှတ်တော်ပြည်သူ့လွှတ်တော်တွင် နေရာ ၄၄၀ တွင် ၃၃၀ သည် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ရှမ်းပြည်နယ်ရှိ (၇) နေရာသည် မငြိမ်မသက်ဆူပူမှုများ ဖြစ်နေသည့်အတွက် နောက်မှ ရွေးချယ်မည် ဖြစ်ပြီး ၃၂၃ နေရာအတွက်သာ ရွေးချယ်ခဲ့သည်။[၄] ကျန်သော နေရာ ၁၁၀ (၂၅%) သည် တပ်မတော်ကိုယ်စားလှယ်များအတွက် ဖြစ်သည်။ မြို့နယ်နှင့် လူဦးရေပေါ်မူတည်ကာ မဲဆန္ဒနယ်များမှ အဖွဲ့ဝင်များကို ရွေးချယ်ခဲ့သည်။
မှတ်စုများ
ဆက်စပ်အကြောင်းအရာများကိုးကား
|
Portal di Ensiklopedia Dunia