ကဋုဝိယသုတ်
[၁] ဘုရားရှင် ဗာရာဏသီမြို့တော်အနီး ဣသိပတနတော၌ သီတင်းသုံးတော်မူသောအခါ နွားကုန်ကူးရာ ညောင်ကြပ်ပင်၏အနီး၌ ဆွမ်းခံကြွတော်မူစဉ် သမဏဓမ္မ မမှီ သမ္ပဇဉ်, သမာဓိပျက်စီး၍ သတိလက်လွတ် ပေါ့ပေါ့ ဆဆနေသော ရဟန်းတစ်ပါးကို “ရဟန်း ... သင်သည် မိမိကိုယ်ကို စားကြွင်း (အံဖတ်)ကဲ့သို့ မပြုလင့်၊ စားကြွင်း (အံဖတ်)ကဲ့သို့ ပြုသည်ဖြစ်၍ သားစိမ်းနံ့တို့ဖြင့် စွတ်စိုမှီဟောင်နေသော သင့်ကို ယင်ကောင်တို့ မကျမရောက် မနှိပ်စက်နိုင်သော အကြောင်းမရှိချေ”ဟု ဆုံးမတော်မူသောအခါ ထိုရဟန်း ထိတ်လန့်မှု (သံဝေဂ)ဖြစ်သွားသည်၊ ထိုအကြောင်းကို ဆွမ်းခံအပြန်၌ ရဟန်းတို့အား မိန့်တော်မူရာ အညတရ ရဟန်းလျှောက်ထားသဖြင့် စားကြွင်း (အံဖတ်)ဟူသည် “အဘိဇ္ဈာ၊ စိမ်းစိုညှိဟောင်သောအနံ့ဟူသည် “ဗျာပါဒ၊ ယင်ကောင်ဟူသည် “အကုသိုလ်ဝိတက်” ဤတရားတို့သည် သတိလက်လွတ် ပညာချွတ်ယွင်း သမာဓိကင်းနေသော ရဟန်းကို နှိပ်စက်နိုင်ကြောင်း၊ သီလရှိ ပညာဖြင့် ကိလေသာ တို့ငြိမ်းအေးရာနိဗ္ဗာန်၌ မွေ့လျော်သောရဟန်းသည် အကုသိုလ်ဝိတက်တို့ မလိုက်တော့ပဲ ကိလေသာအပူငြိမ်းလျက် ချမ်းသာစွာနေရ၏-ဟု အကျယ် ဟောတော်မူသည့်သုတ်။ [၂] ကိုးကား
|
Portal di Ensiklopedia Dunia