ကပ္ပသုတ်
(၃)သုတ် ရှိပါသည်။ [၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် “အဘယ်ကဲ့သို့မြင်လျှင် ဤသဝိညာဏကကာယ, ဗဟိဒ္ဓသဗ္ဗနိမိတ္တတို့၌ “ငါ”ဟု စွဲယူမှု “ဒိဋ္ဌိ”၊ ငါ့ဥစ္စာ-ဟု တပ်မက်မှု “တဏှာ၊ ထောင်လွှားမှု “မာနာနုသယတို့ မဖြစ်ပါကုန်သနည်း-ဟု အရှင်ကပ္ပ၏ မေးလျှောက်မှုကို အကြောင်းပြု၍ အနတ္တလက္ခဏသုတ် ဒေသနာတော်အတိုင်း ဘုရားရှင် ဟောကြားတော်မူသည်၊ ဤသို့ သိမြင်လျှင် ဤသဝိညာဏကကာယ, ဗဟိဒ္ဓနိမိတ္တတို့၌ အဟင်္ကာရ, မမင်္ကာရ, မာနာနုသယတို့ မဖြစ်ဟု ဟောတော်မူသည့်သုတ်။ [၂] ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူသော ဘုရားရှင်အား “အဘယ်သို့ သိမြင်လျှင် ဤသဝိညာဏကကာယ, ဗဟိဒ္ဓ သဗ္ဗနိမိတ္တတို့၌ အဟင်္ကာရ, မမင်္ကာရ မာနာနုသယတို့ကင်း၍ မာန်အဖို့အစုကို လွန်မြောက်သော ငြိမ်သက်သော ကိလေသာမှလွတ်မြောက်သော စိတ်ဖြစ်ပါသနည်း-ဟု မေးလျှောက်သော အရှင်ကပ္ပထေရ်အား ဘုရားရှင်က အနတ္တလက္ခဏသုတ် ဒေသနာတော်အတိုင်း ဟောကြားတော်မူပါသည်၊ ဤသို့သိမြင်လျှင် အဟင်္ကာရ-စသည်ကင်း၍ ကိလေသာမှလွတ်မြောက်သော စိတ်ဖြစ်၏-ဟု ဟောတော်မူသည့်သုတ်။ [၃] အသင်္ချေယျကပ် လေးမျိုးကို အကျယ်ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ၌-သံဝဋသုံးမျိုးနှင့် သံဝဋသီမာသုံးမျိုးတို့ကို ဖွင့်ပြထားပါသည်။ ဋီကာ၌-သံဝဋ္ဋကပ် အစရှိသောပုဒ်အဖွင့်များနှင့် ဗုဒ္ဓခေတ်အကြောင်း ဖွင့်ပြချက်များ ပါရှိပါသည်။ [၄] ကိုးကား
|
Portal di Ensiklopedia Dunia