ကလာပသမ္မသနနည်း
အပေါင်းအစည်းအားဖြင့် သုံးသပ်ခြင်း။[၁] (ရုပ်နာမ် သဘာဝကို ပိုင်းခြားသိစွမ်းနိုင်သော နာမရူပပရိဂ္ဂဟဉာဏ်ကို ရရှိပြီးနောက် ရုပ်နာမ်တရားနှစ်ပါး၏ ဖြစ်ပေါ်လာကြောင်းကို သိသော ဓမ္မဋ္ဌိတိဉာဏ်ကို ရရှိပိုင်နိုင်ပြီးသော ယောဂီပုဂ္ဂိုလ်သည် ခန္ဓာ ၅-ပါးတွင် တစ်ပါးပါးကို လက္ခဏာယာဉ်သို့ တင်၍ ဆင်ခြင် သုံးသပ်ရမည်။ ရှုဆင်ခြင်ပုံမှာ— “ရုပ်တရား ဟူသမျှသည် ကုန်ခန်းပျက်စီးခြင်းသဘော ရှိသဖြင့် မမြဲပါတကား, ကြောက်မက်ဖွယ် သဘောရှိသဖြင့် ဆင်းရဲဒုက္ခချည်းပါတကား အနှစ်သာရ ရှာမရသဖြင့် အတ္တမဟုတ်ပါတကား”ဟု ရုပ်အားလုံးကို အပေါင်းအစုအားဖြင့် လက္ခဏာယာဉ်သို့တင်၍ သုံးသပ်မှုကို ကလာပသမ္မသနဟု ခေါ်သည်။ [၂] အလုံးစုံသောရုပ်ကို ပေါင်းရုံး စုစည်း အကျဉ်းနည်းအားဖြင့် အနိစ္စစသည်ဖြင့် သုံးသပ်မှုမျိုးကို ကလာပသမ္မသန ဆိုလိုပေသည်၊ [၃] ဝိပဿနာသည် ကလာပသမ္မသနဟု ခေါ်ဆိုသော နယဝိပဿနာနှင့် အနုပဒဓမ္မဝိပဿနာဟု နှစ်မျိုး ရှိ၏၊ [၄] ကလာပသမ္မသနအမည်အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ စသည့် ရုပ်တရား နာမ်တရားတို့ကို အုပ်စုအလိုက် ပေါင်းစုခြုံငုံ၍ လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်သော နည်းသည် ကလာပသမ္မသန မည်၏၊ ဤကလာပသမ္မသနဟူသော အမည်သည် ဇမ္ဗုူဒိပ်ကျွန်း၌ သီတင်းသုံးတော်မူကြကုန်သော မထေရ်မြတ်ကြီးတို့၏ အခေါ်အဝေါ် အသုံးအနှုန်း ဖြစ်၏၊[၄] နယဝိပဿနာအမည်ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ စသည်ဖြင့် အနတ္တလက္ခဏသုတ္တန် စသော ထိုထို တေပရိဝဋ္ဋဓမ္မဒေသနာတော်တို့၌ ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားပြသ ဆိုဆုံးမထားတော်မူသည့်အတိုင်း –အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက (= အကြမ်း), သုခုမ (= အနု), ဟီန (= အယုတ်), ပဏီတ (= အမြတ်), ဒူရ (= အဝေး), သန္တိက (= အနီး) ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာ အမည်ရသော –
ဤသို့ စသော ဝိပဿနာရှုနည်းများသည် နယဝိပဿနာ မည်၏၊ ဤနယဝိပဿနာဟူသော အမည်သည် သီဟိုဠ်ကျွန်း၌ သီတင်းသုံးတော်မူကြကုန်သော မထေရ်မြတ်ကြီးတို့၏ အခေါ်အဝေါ်အသုံးအနှုန်း ဖြစ်၏၊[၅][၄] သင်္ခါရတရားတို့ကို ရုပ်နာမ်နှစ်ပါးနည်း၊ ခန္ဓာငါးပါးနည်း၊ အာယတန တစ်ဆယ့်နှစ်ပါးနည်း၊ ဓာတ် တစ်ဆယ့်ရှစ်ပါးနည်း၊ ပဋိစ္စသမုပ္ပါဒ်နည်း စသည်တို့ဖြင့် (၂)ပုံ၊ (၅)ပုံ၊ (၁၂)ပုံ၊ (၁၈)ပုံ၊ (၁၂)ပုံ စသည် ပုံ၍ ရုပ်တရား နာမ်တရားတို့ကို ခြုံငုံ၍ ရှုသော အစုလိုက် အပြုံလိုက် အုပ်စုအလိုက် အာရုံယူ၍ ရှုသောနည်းသည် ကလာပသမ္မသနဟု ခေါ်ဆိုသော နယဝိပဿနာရှုနည်း မည်၏၊ [ဤနည်း၌ (၆)ဒွါရ (၄၂) ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကို ခြုံငုံ၍ အာရုံယူကာ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာရှုရ၏၊ အလားတူပင် အတိတ် ပစ္စုပ္ပန် အနာဂတ် အဇ္ဈတ္တ ဗဟိဒ္ဓ ရုပ်တရားတို့ကိုလည်း ခြုံငုံ၍ တဖြည်းဖြည်း လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုရ၏၊ နာမ်တရားတို့တွင်လည်း စိတ္တက္ခဏတစ်ခုအတွင်း၌ တည်ရှိသော နာမ်တရားတို့ကို ခြုံငုံ၍လည်းကောင်း၊ ဝေဒနာတစ်ပုံ, သညာတစ်ပုံ, သင်္ခါရတစ်ပုံ, ဝိညာဏ်တစ်ပုံ ဤသို့ စသည် ပုံ၍လည်းကောင်း ဝိပဿနာရှုရ၏၊ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ စသည်တို့၌လည်း နည်းတူပင်တည်း။][၄] အနုပဒဓမ္မဝိပဿနာရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ပထဝီ အာပေါ တေဇော ဝါယော စသော ရုပ်တရားများကို တစ်လုံးစီ တစ်လုံးစီ ခွဲ၍ ဝိပဿနာရှုသောနည်း, ဈာနသမာပတ္တိဝီထိ တစ်ခုအတွင်း၌ တည်ရှိသော ဈာန်စိတ္တက္ခဏ ကဲ့သို့သော စိတ္တက္ခဏ တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဖဿ ဝေဒနာ သညာ စေတနာ စသော စိတ်+စေတသိက် တရားစုတို့ကိုလည်း တစ်လုံးစီ တစ်လုံးစီ အာရုံယူ၍ ဝိပဿနာရှုသောနည်းကား အနုပဒဓမ္မဝိပဿနာနည်း မည်၏၊၊[၆] ယင်း ဝိပဿနာရှုနည်း နှစ်နည်းတို့တွင် .. ဝိပဿနာတရားကို အားသစ်စ ယောဂါဝစရပုဂ္ဂိုလ်သည် ကလာပသမ္မသနဟု ခေါ်ဆိုအပ်သော နယဝိပဿနာနည်းက စ၍ အားထုတ်ရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၇]တွင် ညွှန်ကြားထားပေသည်။[၄] မှတ်သားဖွယ်များ
ဆက်စပ်ဖတ်ရှုရန်ကိုးကား
|
Portal di Ensiklopedia Dunia