ကာမဂုဏသုတ်
(၃)သုတ် ရှိပါသည်။ [၁] အတိတ်, ပစ္စုပ္ပန်, အနာဂတ်-ဖြစ်သော ကာမဂုဏ် ၅-ပါးတို့၌ စိတ်မရောက်စေရန် အပ္ပမာဒ, သတိ-ဟူသော တရားနှစ်ပါးဖြင့် စိတ်ကိုစောင့်ရှောက်ရမည်-ဟု အလောင်းတော်ဘဝက အကြံဖြစ်ပုံနှင့် သင်ချစ်သားတို့သည်လည်း ထိုကာမဂုဏ် ၅-ပါးသို့ စိတ်ရောက်မသွားစေရန် ထိုတရား ၂-ပါးဖြင့် စိတ်ကိုစောင့်ရှောက်ကြရမည်။ စက္ခု-အစရှိသော အဇ္ဈတ္တိကာယတန ၆-ပါး၊ ရူပသညာ-အစရှိသော ဗဟိဒ္ဓါယတန သညာ ၆-ပါးတို့ချုပ်ရာ အကြောင်းကို သိကြရမည်ဟု အာယတနနှင့် သညာ (၁)ပါးစီ ခွဲ၍ မိန့်ကြားတော်မူပြီး ဂန္ဓကုဋီကျောင်းတော်သို့ ဘုရားရှင်ကြွတော်မူသွားပါသည်။ ထိုသင်္ခေပဒေသနာ၏ အကျယ်ဝိတ္ထာရဒေသနာကို ဟောကြားပေးဖို့ အရှင်အာနန္ဒာအား မေးလျှောက်ကြရာ အရှင်အာနန္ဒာက “အာယတန ၆-ပါးချုပ်ရာ နိဗ္ဗာန်ကို ရည်ရွယ်၍ ဘုရားရှင် ဟောတော်မူကြောင်း” ဟောကြားသည့် အခါ အရှင်အာနန္ဒာ၏တိုက်တွန်းချက်အရ ဘုရားရှင်ထံ သွားရောက်၍ လျှောက်ထားကြ ပါသည်၊ အရှင်အာနန္ဒာ ဟောပြသည့်အတိုင်း မှတ်သားရမည်-ဟု ဘုရားရှင် အတည် ပြုပုံကို အကျယ်ဟောပြသည့်သုတ်။ [၂] စက္ခု၊ သောတ, ဃာန, ဇိဝှါ, ကာယ-ဟူသော ဝိညာဏ်ငါးပါးဖြင့် သိအပ်ကုန် သော ဣဋ္ဌ, ကန္တ, မနာပ, ပိယရူပ, ကာမူပသံဟိတ-ဖြစ်သော အာရုံငါးပါးတို့ကို ထူးသောဉာဏ်ဖြင့် သိနိုင်ရန် ပိုင်းခြား၍ သိနိုင်ရန် ကုန်ခမ်းစေရန်, ပယ်စွန့်နိုင်ရန် အဋ္ဌင်္ဂိက အရိယာမဂ်ကို ပွားများရမည်-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃] အထက်သုတ်၌ ဟောတော်မူအပ်သော ကာမဂုဏ် ၅-ပါးတို့ကို ပယ်စွန့်နိုင်ရန် သတိပဋ္ဌာန် ၄-ပါးကို ပွားများကြရမည်-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၄] ကိုးကား
|
Portal di Ensiklopedia Dunia