ကာမဘူသုတ်
(၃)သုတ် ရှိပါသည်။ [၁] ဝံသတိုင်း ကောသမ္ဗီမြို့တော်၌ အရှင်ကာမဘူ၏ လျှောက်ထားချက်အရ “အဇ္ဈတ္တိကာယတန ၆-ပါးသည် ဗဟိဒ္ဓါယတန ၆-ပါး၏ သံယောဇဉ်မဟုတ်သလို၊ ဗဟိဒ္ဓါယတန ၆-ပါသည်လည်း အဇ္ဈတ္တိကာယတန ၆-ပါး၏ သံယောဇဉ်မဟုတ်ပုံ၊ ယင်းနှစ်မျိုးလုံးကိုစွဲ၍ ဖြစ်ပေါ်လာသော ဆန္ဒ ရာဂသည်သာ သံယောဇဉ်ဖြစ်ပုံကို လျှော်ဖြူကြိုးသို့မဟုတ် လွန်ကြိုးတစ်ချောင်းတည်းဖြင့် ချည်ထားသော နွားနက်ကြီး နှင့် နွားဖြူကြီး ဥပမာဖြင့် အရှင်အာနန္ဒာ ရှင်းလင်းဟောကြားသည့်သုတ်။ [၂] မစ္ဆိကာသဏ္ဍမြို့အနီး အမ္ဗာဋကတောအုပ်ဝယ် သီတင်းသုံးနေသော အရှင်ကာမဘူ၏ မေးမြန်ချက်အရ -နေလင်္ဂေါ -အဗန္ဓနံ-ဟူသော ဂါထာ၏ အကျယ် အဓိပ္ပါယ်ကို စိတ္တသူကြွယ်ဖြေကြားချက်ကို ဟောပြသည့်သုတ်။ [၃] မစ္ဆိကာသဏ္ဍမြို့အနီး အမ္ဗာဋကတောအုပ်ဝယ် သီတင်းသုံးနေသော အရှင်ကာမဘူထေရ်အား စိတ္တသူကြွယ်၏ မေးလျှောက်ချက်အရ -သင်္ခါရသုံးပါး၊ ယင်းတို့၏ ပရမတ္ထဓမ္မ၊ ယင်းပရမတ္ထဓမ္မတို့ သင်္ခါရမည်ပုံ၊ သညာဝေဒယိတ နိရောဓ သမာပတ္တိ၊ ယင်းသမာပတ်ဝင်စားသော ရဟန်းအား သင်္ခါရ ၃-ပါးတို့ အဆင့်ဆင့် ချုပ်ပုံ၊ သမာပတ်ဝင်စားနေသူနှင့် သေသူတို့ခြားနားချက်၊ သမာပတ်မှ ထပုံ၊ သမာပတ်မှ ထသည့်အခါ အဆင့်ဆင့်ဖြစ်သော သင်္ခါရများ၊ တွေ့ထိမှုဖဿများ၊ ညွတ်ယိမ်း ကိုင်းရှိုင်းသောစိတ်၊ သမာပတ်အား ကျေးဇူးပြုသောဓမ္မ ၂-ပါးတို့ကို အရှင်ကာမဘူထေရ် ဖြေရှင်းဟောကြားသည့်သုတ်။ [၄] ကိုးကား
|
Portal di Ensiklopedia Dunia