ကာလတ္တယအနိစ္စသုတ်
[၁] အတိတ် အနာဂတ်ဖြစ်သော ခန္ဓာသည် အနိစ္စတည်း၊ ပစ္စုပ္ပန်ခန္ဓာသည် အဘယ်ဆိုဖွယ်ရာရှိအံ့နည်း (အနိစ္စသာတည်း) ဤသို့ သိမြင်သော အကြားအမြင်ရှိသော အရိယာသာဝကသည် အတိတ်ခန္ဓာ၌ ငဲ့ကွက်မှုမရှိ၊ အနာဂတ်ခန္ဓာ၌ မတပ် မက်တော့၊ ပစ္စုပ္ပန်ခန္ဓာ၌ ငြီးငွေ့ရန် တပ်မက်မှုကင်းရန်, ချုပ်ငြိမ်းရန် ကျင့်၏-ဟု ခန္ဓာ တစ်ပါးစီ ခွဲခြား၍ ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။[၂] ကာလတ္တယသုတ္တန်လာ ပစ္စုပ္ပန်တရားကို ရှုပွားခြင်း၏ ရည်ရွယ်ချက်သံယုတ္တနိကာယ်၊ ခန္ဓဝဂ္ဂသံယုတ်လာ ကာလတ္တယသုတ္တန် (သံ၊၂၊၁၇-၁၈) ၌ မြတ်စွာဘုရားသည်- "ရဟန်းတို့၊ အတိတ်နှင့် အနာဂတ်ဖြစ်သော ရုပ် (ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်) သည် အနိစ္စတည်း။ ထိုသို့ဖြစ်လျှင် ပစ္စုပ္ပန်ဖြစ်သော ရုပ်၌ အဘယ်မှာ ဆိုဖွယ်ရာ ရှိအံ့နည်း။" (ရူပံ ဘိက္ခဝေ အနိစ္စံ အတီတာနာဂတံ၊ ကော ပန ဝါဒေါ ပစ္စုပ္ပန္နဿ။) ဟု ဟောကြားတော်မူပါသည်။ ဆိုလိုရင်းမှာ: အတိတ်သည် ဖြစ်ပျက်ပြီး၍ မရှိတော့သဖြင့် အနိစ္စဖြစ်သည်မှာ ထင်ရှားသည်။ အနာဂတ်သည်လည်း ဖြစ်မလာသေး၍ မရှိသေးသဖြင့် အနိစ္စဖြစ်သည်မှာ ထင်ရှားသည်။ ထိုသို့ မရှိတော့သော အတိတ်နှင့် မရှိသေးသော အနာဂတ်ကိုပင် အနိစ္စဟု သိမြင်လျှင်၊ ယခု မျက်မှောက် ထင်ရှားဖြစ်ပေါ်နေပြီး ချက်ချင်းပင် ချုပ်ပျောက်နေသော ပစ္စုပ္ပန်တရားသည် အနိစ္စဖြစ်ကြောင်းကို ပြောနေရန်ပင် မလိုတော့ဟု ဆိုလိုခြင်း ဖြစ်သည်။ အကျိုးကျေးဇူး: ဤသို့ ကာလသုံးပါးလုံးရှိ ခန္ဓာငါးပါး၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောကို မှန်ကန်စွာ မြင်သော အရိယသာဝကသည်-
အဋ္ဌကထာ၏ ရှင်းလင်းချက်: ဤဒေသနာတော်ကို ဟောရခြင်းမှာ တရားအားထုတ်နေသော ရဟန်းတော်များသည် အတိတ်နှင့် အနာဂတ်၏ အနိစ္စသဘောကို ကောင်းစွာပိုင်းခြားနိုင်သော်လည်း၊ ပစ္စုပ္ပန်တရား၏ အနိစ္စသဘောကို ထိုးထွင်းမြင်ရန် ပင်ပန်းနေကြသောကြောင့် (ပစ္စုပ္ပန္နေ ကိလမိံသု) ထိုရဟန်းတို့၏ အလိုအဇ္ဈာသယနှင့် လျော်ညီစွာ ဟောကြားတော်မူခြင်း ဖြစ်သည်။[၃] ဆက်စပ်ဖတ်ရှုရန်ကိုးကား
|
Portal di Ensiklopedia Dunia