ကာဠီသုတ်
[၁] အရှင်ကစ္စာနထေရ် အဝန္တိတိုင်း ကုလဃရမြို့ ပဝတ္တတောင်၌ သီတင်းသုံးနေတော်မူစဉ် ကုလဃရမြို့သူ ကာဠီဥပါသိကာမ၏ အမျိုးသမီးပြဿနာနှင့် ဆက်စပ်၍ လျှောက်ထားချက်အရ - -သမဏ, ဗြာဟ္မဏတို့သည် အရဟတ္တဖိုလ်ဟူသောအကျိုးသည် ကသိဏ သမာပတ်လျှင် အမွန် အမြတ်ရှိ၏-ဟု ယူဆ၍ ထိုသမာပတ်ကို ဖြစ်စေကြကုန်၏။ ဘုရားရှင်သည် ကသိဏသမာပတ်၏ အမွန် အမြတ်ရှိခြင်းကို အထူးသိတော်မူပုံ၊ ထိုသို့သိတော်မူ၍ သာယာဖွယ် (သမုဒယသစ္စာ) အပြစ် (ဒုက္ခသစ္စာ) ထွက်မြောက်ရာ (နိရောဓသစ္စာ) မဂ်ဟုတ်သည်, မဟုတ်သည်ကို သိမြင်မှု (မဂ္ဂသစ္စာ)ကို မြင်တော်မူ ခြင်းကြောင့် အရဟတ္တဖိုလ်ဟူသောအကျိုးသို့ ရောက်ခြင်း စိတ်နှလုံး၏ ငြိမ်သက်ခြင်းကို သိတော်မူ၏-ဟု ပထဝီကသိဏသမာပတ်, အာပေါကသိဏသမာပတ်, တေဇော ကသိဏသမာပတ်, ဝါယောကသိဏသမာပတ်, နီလကသိဏသမာပတ်, ပီတကသိဏ သမာပတ်, လောဟိတကသိဏသမာပတ်, ဩဒါတကသိဏသမာပတ်, အာကာသ ကသိဏသမာပတ်, ဝိညာဏကသိဏသမာပတ် ဆယ်ပါးတို့တွင် တစ်ပါးစီ တစ်ပါးစီကို အကျယ်အားဖြင့် သိမှတ်ရပုံကို အရှင်ကစ္စည်းထေရ် ဟောတော်မူသည့်သုတ်။ [၂] ကိုးကား
|
Portal di Ensiklopedia Dunia