ကီဋာဂိရိသုတ်

ဘုရားရှင် ကာသိဇနပုဒ်တို့၌ ရဟန်းတော်များနှင့် ဒေသစာရီကြွတော်မူစဉ် “ညစာစားခြင်းမှ ရှောင်ကြဉ်ခြင်း၏ အကျိုးငါးပါးတို့ကို ဟောတော်မူပြီး ညစာစားခြင်းမှ ရှောင်ကြဉ်ကြရန် ရဟန်းတို့အား ဟောတော်မူပါသည်”။ ဘုရားရှင်နှင့် ထိုရဟန်းတော်များ ကီဋာဂိရိဇနပုဒ်သို့ရောက်ရှိတော်မူသည့်အခါ ထိုရဟန်းတော်တို့က ကီဋာဂိရိဇနပုဒ်၌ ကျောင်းထိုင် ကျောင်းပိုင် အဿဇိ ပုနဗ္ဗသုကရဟန်းတို့ကို “ညစာစားခြင်းမှ ရှောင်ကြဉ်ခြင်း၏ အကျိုးငါးပါးတို့ကို ပြ၍ ညစာစားခြင်းမှ ရှောင်ကြဉ်ကြရန် ဘုရားရှင် မိန့်ကြားတော်မူကြောင်း၊ သင်တို့လည်း ညစာစားခြင်းမှ ရှောင်ကြဉ်ကြရန်” ပြောဆိုကြပါသည်။ ထိုအခါ အဿဇိ ပုနဗ္ဗသုကရဟန်းတို့က ကန့်ကွက် ပြောဆိုကြပါသည်။ ထိုစကားကို ရဟန်းတို့အထံမှတဆင့် ဘုရားရှင်ကြားသိတော်မူသဖြင့် အဿဇိ ပုနဗ္ဗသုကရဟန်းတို့ကို ခေါ်တော်မူပြီး စစ်မေးတော်မူပါသည်၊ အဿဇိ ပုနဗ္ဗသုက ရဟန်းတို့က ဝန်ခံစကား လျှောက်ထားသည့်အခါ “သေဝိတဗ္ဗ ဝေဒနာ, အသေဝိတဗ္ဗ ဝေဒနာတို့ကို ကိုယ်တော်တိုင်သိမြင် မျက်မှောက်ပြု ဉာဏ်ပညာဖြင့် ထိတွေ့ သိရှိပြီးမှသာ သေဝိတဗ္ဗ အသေဝိတဗ္ဗ-ဟု ဟောတော်မူပုံ၊ ဥဘတောဘာဂဝိမုတ္တ ပညာဝိမုတ္တ ပုဂ္ဂိုလ်တို့သည် ပမာဒဖြစ်စရာ မရှိတော့ပုံ၊ ကျန်ပုဂ္ဂိုလ်ငါးဦးတို့သည် ပမာဒဖြစ်ရန်ရှိပုံ၊ သာသနာတော်၌ စလျှင် စခြင်း အရဟတ္တဖိုလ်သို့ ရောက်ရှိနိုင်၏ဟု ဟောတော်မမူပုံ၊ အနုပုဗ္ဗသိက္ခာ, အနုပုဗ္ဗကိရိယာ, အနုပုဗ္ဗပဋိပဒါဖြင့် အရဟတ္တဖိုလ်ကို ရရှိနိုင်ပုံ၊ ဝိပ္ပဋိပန္န, မိစ္ဆာပဋိပန္န ပုဂ္ဂိုလ်များသည် သာသနာတော်မှ စွန့်ခွါသွားကြပုံ၊ အာရဒ္ဓဝီရိယပုဂ္ဂိုလ်များသာ သာသနဓမ္မရသ ခံစားနိုင်ကြပုံတို့ကို” အကျယ်ရှင်းလင်း၍ ဘုရားရှင် ဟောတော်မူသည့်သုတ်။ [] []

ကိုးကား

  1. -မ၊၂၊၁၃၈-၁၄၇။ မ၊မြန်၊၂၊၁၄၇-၁၅၆။ မ၊ဋ္ဌ၊၃၊၁၂၉-၁၃၅။ မ၊ဋီ၊၃၊၈၃-ခွာ။ -မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသက၊ ၂-ဘိက္ခုဝဂ္ဂ၊ ဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya