ကုက္ကုရဝတိကသုတ်

ဘုရားရှင် ကောလိယနိုင်ငံ ဟလိဒ္ဒဝသန-အမည်ရှိသော ကောလိယမင်းတို့၏ နိဂုံးဝယ် သီတင်းသုံးနေတော်မူစဉ် ကောလိယပုတ္တ နွားအကျင့် ကျင့်သော “ပုဏ္ဏ”နှင့် အဝတ်မဝတ်သော ခွေးအကျင့်ကို ကျင့်သော “သေနိယ”တို့က “ခွေးအကျင့် နွား အကျင့် ကျင့်သူတို့ ကွယ်လွန်သည့်အခါ ရောက်ရှိနိုင်သည့် ဘဝကို” မေးလျှောက်ကြသဖြင့် ဘုရားရှင်က “ခွေးတို့၏ အလေ့အကျင့်ကို ကျင့်သူသည် သေလျှင် ခွေးဖြစ်မည်။ နွားတို့၏ အလေ့အကျင့်ကို ကျင့်သူသည် သေလွန်လျှင် နွားဖြစ်လိမ့်မည်”ဟု ဖြေကြားတော်မူရာ၊ ထိုပုဂ္ဂိုလ်နှစ်ဦးတို့က “မိမိတို့၏ အလေ့အကျင့်များကို စွန့်လွှတ်နိုင်သော တရား ဟောတော်မူရန် လျှောက်ထားကြလေသည်။ ဘုရားရှင်က ထိုသူတို့အား “ကဏှ ကဏှဝိပါက၊ သုက္က သုက္ကဝိပါက၊ ကဏှသုက္က ကဏ္ဍသုက္ကဝိပါက၊ အကဏှ သုက္က အကဏှသုက္ကဝိပါက ကမ္မက္ခယ သံဝတ္တနိက”ဟူသော ကမ္မစတုက္ကဒေသနာတော်ကို အကျယ်ဟောတော်မူပါသည်။ ။ ဒေသနာတော်အဆုံး၌ နွားအကျင့် ကျင့်သော ကောလိယပုတ္တ ပုဏ္ဏ သရဏဂုံတည် ဥပါသကာအဖြစ်ခံယူပြီး အဝတ်မဝတ်သော ခွေးအကျင့်ကို ကျင့်သော သေနိယ ရဟန်းဘဝကို ရရှိပြီး တရားအားထုတ်ရာ မကြာမီ ရဟန္တာဖြစ်ပုံကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ/ဋီကာတို့၌-အကျယ်ဖွင့်ပြချက်များ၊ မှတ်သားဖွယ်များ ပါရှိပါသည်။ [] []

ကိုးကား

  1. -မ၊၂၊၅၀-၄။ မ၊မြန်၊၂၊၅၅-၆၀။ မ၊ဋ္ဌ၊၃၊၇၀-၅။ မ၊ဋီ၊၃၊၄၃-၇။ -မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ၁-ဂဟပတိဝဂ္ဂ၊ သတ္တမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya