ကုဏ္ဍလိယသုတ်
[၁] ဘုရားရှင် ကောသလနိုင်ငံ သာကေတမြို့ အဉ္ဇနဘေးမဲ့တော၌ သီတင်းသုံးနေတော်မူစဉ် ကုဏ္ဍလိယပရိဗိုဇ်၏ လျှောက်ထားချက်အရ မြတ်စွာဘုရားသည် ဝိဇ္ဇာဝိမုတ္တိဖလာနိသံသရှိ၍သာ နေတော်မူပုံ၊ ဗောဇ္ဈင်ခုနှစ်ပါးတို့ကို ပွားများ ကြိမ်ဖန်များစွာ ပွားများခြင်းကြောင့် “ဝိဇ္ဇာဝိမုတ္တိပြည့်စုံပုံ သတိပဋ္ဌာန်လေးပါးတို့ကို ပွားများ, ကြိမ်ဖန် များစွာပွားများခြင်းကြောင့် “ဗောဇ္ဈင်ခုနစ်ပါးပြည့်စုံပုံ” သုစရိုက်သုံးပါးတို့ကို ပွားများ ခြင်းကြောင့် “သတိပဋ္ဌာန်လေးပါးပြည့်စုံလာပုံ”၊ ဣန္ဒြေတို့ကို စောင့်ရှောက်ခြင်းကြောင့် “သုစရိုက်သုံးပါးပြည့်စုံပုံ”၊ အဇ္ဈတ္တိကာယတန ၆-ပါးဟူသော ဣန္ဒြေ ၆-ပါး၌ထင်လာသော နှစ်သက်မြတ်နိုးဖွယ် ဗာဟိရာယတနတို့၌ ရာဂမဖြစ်အောင် စိတ်ကို စောင့်ရှောက်ပုံ၊ ကိလေသာတို့မှ လွတ်မြောက်ပုံ၊ မနှစ်သက်ဖွယ် မမြတ်နိုးဖွယ် ဗာဟိရာယတနတို့၌ ဒေါသမဖြစ်အောင် စိတ်ကို စောင့်ရှောက်ပုံ၊ ကိလေသာမဖြစ်ပုံမှ စ၍ ဝိဇ္ဇာ ဝိမုတ္တိပြည့်စုံပုံကို အကျယ်ဟောပြတော်မူရာ ဒေသနာတော်အဆုံး၌ ကုဏ္ဍလိယပရိဗိုဇ် ဥပါသကာအဖြစ်ခံယူပုံကို ပြဆိုသည့်သုတ်။ [၂] ကိုးကား
|
Portal di Ensiklopedia Dunia