ကုသလသုတ်
(၄)သုတ် ရှိပါသည်။ [၁] ကုသိုလ်အဖို့ရှိကုန်, ကုသိုလ်ဟူသောအသင်းအပင်း ရှိကုန်သော ကုသိုလ်တရား အားလုံးတို့သည် အပ္ပမာဒတရားလျှင် အကြောင်းရင်းရှိကုန်၏။ အပ္ပမာဒတရား၌ ပေါင်းဆုံစုဝေးကုန်၏။ ထိုကုသိုလ်တရားအားလုံးတို့ထက် အပ္ပမာဒတရားကို အမြတ်ဆုံးဟူ၍ ဟောတော်မူအပ်ကုန်၏။ အပ္ပမာဒတရားရှိသော ရဟန်းသည် ဗောဇ္ဈင် ခုနစ်ပါးကို ပွားများလိမ့်မည်၊ ကြိမ်ဖန်များစွာ အလေ့အလာပြုလိမ့်မည်-ဟု မိန့်တော်မူပြီး ဗောဇ္ဈင်ခုနစ်ပါး ပွားများပုံကို ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၂] အထက်ပါ သုတ်တော်အတိုင်း “အပ္ပမာဒ”နေရာ၌ “ယောနိသော မနသိကာရ”ကို ပြောင်းလဲ၍ ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၃] ကုသိုလ်အဖို့အစု၊ ကုသိုလ်ဖက်သားဖြစ်ကုန်သော ကုသိုလ်တရားအားလုံးတို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏။ စိတ်သည် ရှေးဦးစွာ ဖြစ်ပြီး ကုသိုလ်တရားတို့သည် စိတ်နှင့်အတူတကွ တပြိုင်နက်ဖြစ်ကုန်၏-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၄] ဒုစရိုက်ဆယ်ပါးသည် အကုသိုလ်ဖြစ်ပုံ။ သုစရိုက်ဆယ်ပါးသည် ကုသိုလ်ဖြစ်ပုံကို ခွဲခြား၍ ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၅] ကိုးကား
|
Portal di Ensiklopedia Dunia