ကုသိနာရသုတ်
(၃)သုတ် ရှိပါသည်။ [၁] ဘုရားရှင် မလ္လနိုင်ငံ ကုသိနာရမြို့အနီး ဗလိဟရဏတောအုပ်ဝယ် သီတင်းသုံး နေတော်မူစဉ် “မိစ္ဆာဝိတက်တို့ကို ကြံစည်လျက် ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့နေသော “ပမတ္တရဟန်း”အား လှူဒါန်းအပ်သော အလှူဒါနသည် အကျိုးမကြီးပုံနှင့် သမ္မာဝိတက်သုံးပါးကို ကြံစည်နေသော ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့နေသော “အပ္ပမတ္တရဟန်း”အား လှူဒါန်းအပ်သော အလှူဒါနသည် အကျိုးကြီးပုံကို ဘုရားရှင်, ရဟန်းတို့အား ဟောတော်မူသည့်သုတ်။ [၂] ဘုရားရှင် မလ္လနိုင်ငံ ကုသိနာရမြို့ အနီး အင်ကြင်းဥယျဉ်တောဝယ် ပရိနိဗ္ဗာန် စံဝင်တော်မူခါနီးအချိန်၌ “ဘုရား၌ဖြစ်စေ တရားတော်၌ဖြစ်စေ သံဃာတော်၌ဖြစ်စေ မဂ်၌ဖြစ်စေ အကျင့်၌ဖြစ်စေ ယုံမှားတွေးတောမှုရှိသော ရဟန်းသည် ငါဘုရားအား မေးလျှောက်ထားကြ၊ ဘုရားရှင်သက်တော်ထင်ရှားရှိတော်မူစဉ်က မမေးလျှောက်ထားလေခြင်း-ဟု နှလုံးမသာယာမှု မဖြစ်ကြစေနှင့်-ဟု သုံးကြိမ်တိုင်တိုင် မိန့်ကြားတော်မူသော်လည်း ရဟန်းတစ်ပါးမျှ မေးလျှောက်ခြင်းမရှိကြသည့်အခါ ငါဘုရား၌ရိုသေသောအားဖြင့် မမေးလျှောက်နိုင်လျှင် သီတင်းသုံးဖော် (ရင်းနှီးသည့်)အချင်းချင်း မေးလျှောက်ကြ-ဟု မိန့်ကြားတော်မူသော်လည်း မေးလျှောက်သည့် ရဟန်းတစ်ပါးမျှ မရှိသဖြင့် အရှင်အာနန္ဒာက အံဖွယ်ရှိပုံကို လျှောက်ထားသည့်အခါ ယခုပရိသတ် ၌ရှိသော ရဟန်းတော်များသည် ဂုဏ်အငယ်ဆုံးရဟန်းသည် သောတာပန်ဖြစ်ပုံကို ဘုရားရှင် မိန့်တော်မူသည့်သုတ်။ [၃] ဘုရားရှင် ကုသိနာရမြို့အနီး ဗလိဟရဏတောအုပ်ဝယ် သီတင်းသုံးနေတော်မူစဉ် စောဒကပုဂ္ဂိုလ်၏ အရည်အချင်းငါးမျိုးနှင့် စောဒနာသည့်အခါ ဆောင်ရွက် ရမည့် စောဒကပုဂ္ဂိုလ်၏ ဆောင်ရွက်ချက်ငါးမျိုးတို့ကို ရဟန်းတို့အား ဟောတော်မူသည့်သုတ်။ (ဝိ၊၄၊၄၃၆။ ဝိ၊၅၊၃၂၈-တို့၌လည်း ပါရှိပါသည်။) [၄] ကိုးကား
|
Portal di Ensiklopedia Dunia