ကေဝဋ္ဋသုတ်
[၁] ဘုရားရှင် မဂဓနိုင်ငံ နာဠန္ဒာမြို့ ပါဝါရိကမ္ဗဝန်ကျောင်းတိုက်၌ သီတင်းသုံးတော်မူစဉ် ကေဝဋ္ဋသူကြွယ်သားက “အဖက်ဖက်က တိုးတက်ကြီးပွားလျက်နေသော နာဠန္ဒာမြို့သူ မြို့သားများ ဘုရားရှင်အား ကြည်ညိုသူများလှပုံ၊ ထိုထက်ကြည်ညိုသူများ ပြားလာအောင် တန်ခိုးပြာဋိဟာပြမည့် ရဟန်းတစ်ပါးကို အမိန့်ပေး (ခန့်ထား)ဖို့ သုံးကြိမ်တိုင်တိုင် လျှောက်ထားပါသည်၊ ဘုရားရှင်ကလည်း သုံးကြိမ်တိုင်တိုင် လက်ခံတော်မမူပုံ၊ -ပြာဋိဟာသုံးပါးကို ဟောထားပုံ၊ သဒ္ဓါတရားမရှိသူတို့ကိုပါဋိဟာကို ဂန္ဓာရီအတတ်ဖြင့် ဖျက်ဆီးနိုင်ပုံ၊ အာဒေသနာပါဋိဟာကို စိန္တာမဏိအတတ်ဖြင့် ဖျက်ဆီးနိုင်ပုံတို့ကို အကျယ်တဝင့် ရှင်းလင်းမိန့်ကြားတော်မူပြီး အာဒေသနာပါဋိဟာအကျယ်ကို ဟောကြားတော်မူပါသည်။ ။ ဘုရားရှင် သာသနာတော်ဝယ် ဣဒ္ဓိပါဋိဟာရိယနှင့် အာဒေသနာပါဋိဟာရိယတို့သည် ခိုင်မာသော အနှစ်မဟုတ်ပုံ အနုသာသနီပါဋိဟာရိယသာ ခိုင်မာသော အနှစ်ဖြစ်ပုံကို “ဘူတနိရောဓေသကရဟန်းဝတ္ထု”ဖြင့် ရှင်းလင်းဟောကြားတော်မူသည့် အခါ ကေဝဋ္ဋသူကြွယ်သား ကျေနပ်လက်ခံသွားပုံကို ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ/ဋီကာတို့၌-ပါဝါရိကမ္ဗဝန်ကျောင်းတိုက်နှင့် ကေဝဋ္ဋဂဟပတိ ပုတ္တ အကြောင်း၊ ဂန္ဓာရီအတတ်နှင့် စိန္တာမဏိအတတ်ပညာ အကြောင်း၊ ပါဋိဟာရိယ သုံးပါး အဓိပ္ပါယ်နှင့် ခြားနားချက်များ၊ ဘူတနိရောဓသကရဟန်း အကြောင်း၊ ဘေဒါနုဝတ္တကရဟန်းတို့ မဂ်, ဖိုလ်ရပုံနှင့် စပ်၍ ဝါဒကွဲပြားချက်၊ ဘူတနိရောဓသကရဟန်း အပေါ် သိကြားမင်း၏ သဘောထား-အစရှိသော မှတ်သားဖွယ် ဖွင့်ပြချက်များ ပါရှိပါသည်။ [၂] ဤသုတ်သည် အံ့ဘွယ်သရဲများ တန်ခိုးဣဒ္ဓိပါဒ်များနှင့်စပ်လျဉ်း၍ ဟောကြားထားသောသုတ် ဖြစ်သည်။[၃] အကိုးအကား
|
Portal di Ensiklopedia Dunia