ကောသဇ္ဇသုတ်
(၄)သုတ် ရှိပါသည်။ [၁] ပျင်းရိသောပုဂ္ဂိုလ်အား မဖြစ်သေးသော အကုသိုလ်တရားတို့ ဖြစ်ပေါ်လာကုန်၏။ ဖြစ်ပြီးသော ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏၊ မဖြစ်သေးသော အကုသိုလ်တရားတို့ ဖြစ်ရန် ဖြစ်ပြီးသော ကုသိုလ်တရားတို့ ဆုတ်ယုတ်ပျက်စီးရန် ပျင်းရိခြင်းမှ တစ်ပါး အခြားတစ်ခုသောတရားကိုမျှ ငါဘုရား မြင်တော်မမူ-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၂] ကောသဇ္ဇမှတပါးသော များစွာသောအကျိုးမဲ့ကိုပြုနိုင်သော အခြားတစ်ခုသော တရားကိုမျှ ငါဘုရားမြင်တော်မမူ-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃] ကိုယ်တွင်း၌ဖြစ်သော အကြောင်းဖြစ်သောကြောင့် ကောသဇ္ဇမှ တပါးသော များစွာသောအကျိုးမဲ့ဖြစ်စေနိုင်သော အခြားတစ်ခုသောတရားကိုမျှ ငါဘုရားမြင်တော်မမူ-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၄] ကောသဇ္ဇမှတပါး သဒ္ဓမ္မသုံးဖြာ သာသနာတော်ကို ပျောက်ပျက်စေနိုင်, ကွယ်ပစေနိုင်သော အခြားတစ်ခုသောတရားကိုမျှ ငါဘုရားမြင်တော်မမူ-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၅] ကိုးကား
|
Portal di Ensiklopedia Dunia