ကောသမ္ဗိသုတ်
[၁] အရှင်မုသိလ, အရှင်ပဝိဋ္ဌ, အရှင်နာရဒ, အရှင်အာနန္ဒာတို့ ဝံသတိုင်း ကောသမ္ဗီမြို့ ဃောသိတာရုံကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်ပဝိဋ္ဌထေရ်က ရဟန္တာ အရှင်မုသိလထေရ်နှင့် အနာဂါမ် အရှင်နာရဒထေရ်တို့ကို “သဒ္ဓါ, ရုစိ, အနုဿဝ, အာကာရပရိဝိတက္က, ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ-ဟူသော အကြောင်းတို့မှတပါး ဇာတိ ဖြစ်သောကြောင့် ဇရာ မရဏ ဖြစ်၏-ဟု တစ်ပါးစီ တစ်ပါးစီသော အနုလောမ ပဋိစ္စသမုပ္ပါဒကို သိသောဉာဏ်, ဇာတိချုပ်ခြင်းကြောင့် ဇရာ မရဏ ချုပ်၏-ဟု တစ်ပါး စီ တစ်ပါးစီသော ပဋိလောမ ပဋိစ္စသမုပ္ပါဒကို သိသောဉာဏ်, ခန္ဓာငါးပါးဟူသော ဘဝ ချုပ်ခြင်းသည် နိဗ္ဗာန်တည်း-ဟု သိသောဉာဏ် ရှိပါသလော”ဟု မေးလျှောက်ရာ အရှင်မြတ်များက “သိ၏”ဟု ဖြေဆိုကြပုံ၊ အရှင်သည် အာသဝေါကင်းကွာ ရဟန္တာ ပုဂ္ဂိုလ်ဖြစ်ပါသလော-ဟု မေးလျှောက်ရာ အရှင်မုသိလက ဆိတ်ဆိတ်နေပုံ၊ အရှင်နာရဒက ရဟန္တာ မဟုတ်ပုံ၊ ရဟန္တာမဟုတ်သော်လည်း “ဘဝနိရောဓသည် နိဗ္ဗာန် ဖြစ်သည်ဟု သိနိုင်ပုံကို တောလမ်းခရီးရှိ ရေတွင်းဥပမာဖြင့် ဖြေရှင်းပုံကို အရှင်အာနန္ဒာက အရှင်ပဝိဋ္ဌအား အရှင်နာရဒကို အဘယ်သို့ ဆိုလိုသနည်း-ဟု မေးလျှောက်ရာ အရှင်ပဝိဋ္ဌထေရ်က “ကောင်းမြတ်ပါသည်၊ အပြစ်မရှိပါ”ဟု ဆိုလိုသည်မှ တပါး မရှိပါ-ဟု မိန့်ကြားသည်ကို ပြဆိုသည့်သုတ်။ အဋ္ဌကထာ၌-“ဘဝနိရောဓော နိဗ္ဗာနံ”ဟု သိသောဉာဏ်သည် ပစ္စဝေက္ခဏာ ဉာဏ် ၁၉-တန်တွင် မပါဝင်သော ပစ္စဝေက္ခဏာဉာဏ်ဖြစ်ပုံ၊ အနာဂါမ်ပုဂ္ဂိုလ်သည် ယင်းပစ္စဝေက္ခဏာဉာဏ်ဖြင့် သိနိုင်ပုံကို ဖွင့်ပြထားပါသည်။ [၂] ကိုးကား
|
Portal di Ensiklopedia Dunia