ခုဒ္ဒကပါဌ
--- ဤကျမ်းငယ်၏ ဖွဲ့စည်းပုံသည် တစ်မူထူးခြားပါသည်။ ပါဠိတော်ကျမ်းများအားလုံးတွင် အသေးငယ်ဆုံးကျမ်း ဖြစ်ပြီး၊ **သရဏဂုံသုံးပါး၊ ဆယ်ပါးသီလ၊ သုံးဆယ့်နှစ်ကောဋ္ဌာသ၊ ကုမာရပဥှာ** စသည်ဖြင့် အကြောင်းအရာတရားစု (၉) မျိုးဖြင့် ဖွဲ့စည်းထားပါသည်။ အချို့သော ဗုဒ္ဓစာပေပညာရှင်တို့က ဤကျမ်းကို “ဗုဒ္ဓဘာသာပါဠိတော်ဖတ်စာ”၊ “သာမဏေလက်စွဲ” သို့မဟုတ် “ဘုရားရှိခိုးစာအုပ်” ဟု တင်စားခေါ်ဝေါ်ကြပါသည်။ ဤသို့ တင်စားခေါ်ဝေါ်ခြင်းမှာ ကျမ်း၏ ဖွဲ့စည်းပုံသည် ပြဋ္ဌာန်းကျမ်းစာပုံစံမျိုး ရှိနေခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ ရှေးခေတ်တစ်ချိန်ချိန်က ပြဋ္ဌာန်းကျမ်းစာအဖြစ် ရှိခဲ့ခြင်းဟုတ်၊ မဟုတ်ကိုမူ မည်သူမျှ တိကျစွာ မပြောနိုင်သေးသောကြောင့် သုတေသီများ စိတ်ဝင်စားလေ့ရှိသည့် ကျမ်းတစ်ခုလည်း ဖြစ်ပါသည်။ ဤကျမ်းသည် သေးငယ်သော်လည်း ပါဝင်သော အကြောင်းအရာတရားစုများသည် ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် ဘာသာရေးထုံးတမ်းစဉ်လာများအတွက် အသုံးချအစီအစဉ်များ ပါဝင်နေသည်ကို တွေ့ရပါသည်။ ယနေ့အချိန်အထိ မြန်မာနိုင်ငံရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဝတ်ရွတ်စဉ်အဖြစ် ကုမာရပဥှာ၊ တိရောကုဋ္ဋသုတ်၊ နိဓိကဏ္ဍသုတ် တို့မှလွဲ၍ ကျန်အပိုင်းများကို ရွတ်ဖတ်နေဆဲ ဖြစ်ပါသည်။ သီရိလင်္ကာနိုင်ငံတွင်လည်း ဤကျမ်းကို “လက်စွဲပရိတ်စာအုပ်” အဖြစ် အသုံးပြုကြောင်း သိရပါသည်။[၁] သရဏဂုံသုံးပါးမြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ တရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ နှစ်ကြိမ်မြောက်လည်းတရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ နှစ်ကြိမ်မြောက်လည်း သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ သုံးကြိမ်မြောက်လည်းတရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ သုံးကြိမ်မြောက်လည်း သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ သရဏဂုံကဏ္ဍပြီး၏။ အခြေခံသိက္ခာပုဒ်ဆယ်ပါး
သိက္ခာပုဒ်ဆယ်ပါးပြီး၏။ သုံးဆယ့်နှစ်ကောဋ္ဌာသကုမာရပဉှာမင်္ဂလသုတ်[၂] [၃] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ၃၈-ဖြာ မင်္ဂလာတရားတော်တို့ကို နတ်ဗြဟ္မာတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၄]
ရတနသုတ်၏ စွမ်းရည်သတ္တိ - ဘုရားရှင် လက်ထက် ကြီးကျယ်ခမ်းနားစည်ပင် ပြန့်ပြောခဲ့သော ဝေသာလီပြည်ကြီးဝယ် ငတ်မွတ်ခေါင်းပါးသောဘေး ဘီလူးဘေး ရောဂါအန္တရာယ်ဘေး-ဟူသော ဘေးကြီး ၃-ပါးဖြစ်ပေါ်လာမှုကြောင့် လူပေါင်းမြောက်မြားစွာ သေကျေပျက်စီးဆုံးရှူံးခဲ့ကြသည်၊ ထို့နောက် ဘုရားရှင်ကြွရောက်တော်မူလာပြီး ရတနသုတ် ပရိတ်တော်ကို အရှင်အာနန္ဒာမထေရ်ကို သင်ပေး၍အရွတ်ဆိုခိုင်း, မိမိကိုယ်တိုင်လည်းဟောကြားတော်မူရာ ဘေးဥပါဒ်အားလုံးကင်းငြိမ်းပပျောက်ပြီး ရှစ်သောင်းလေးထောင် (၈၄၀၀၀)သော သတ္တဝါတို့သစ္စာသိမြင် ကျွတ်တမ်း ဝင်ခဲ့ကြလေသည်။ ရတနသုတ်၏ စွမ်းရည်သတ္တိသည် စကြဝဠာ ကုဋေတစ်သိန်းဟုဆိုအပ်သော အာဏာခေတ်အတွင်း၌ ပျံ့နှံ့လေသည်။ ယင်းရတနသုတ်၌ အားလုံး(၁၈) ဂါထာပါရှိရာ ရတနာသုံးပါး၏ ဂုဏ်ရည်များဖြင့် သစ္စာပြုပုံများ ဖြစ်လေသည်။ [၅][၆] တိရောကုဋ္ဋသုတ်[၇] [၈] (၁) သာဓုခေါ်ဆိုနိုင်ရန် နေအိမ်အနီးအနားသို့ ရောက်လာတတ်ပုံ။ (၂) ကောင်းမှုကုသိုလ်ပြုကြသော်လည်း ထိုသူတို့၏ အကုသိုလ်ကံကြောင့် အမှတ်မရကြပုံ။ (၃) ကောင်းမှုပြုပြီး “ဣဒံ ဝေါ ဉာတီနံ ဟောတု၊ သုခိတာ ဟောန္တု ဉာတယော”ဟု ကုသိုလ်ရှင်က အမျှပေးဝေပုံ။ (၄) ဆွေမျိုးပြိတ္တာတို့ အနုမောဒနာပြုကြပုံ။ ။ (၅) ဆွေမျိုးပြိတ္တာတို့ အလှူရှင်တို့အား ဆုတောင်းကြပုံ။ (၆) ပြိတ္တာဘုံ၌ စီးပွားရေးလုပ်ငန်း တစ်ခုမျှမရှိ။ (၅/၈) ဤဘဝက ကုသိုလ်စေတနာ တမလွန်ဘဝရှိ ဆွေမျိုးများထံ ရောက်ရှိပုံ ဥပမာ။ (၉) အမျှဝေခါနီး၌ မိမိအပေါ်ပြုခဲ့ဖူးသော ဆွေမျိုးများ၏ကျေးဇူးကို အာရုံပြု အမျှ ပေးဝေရန်။ (၁၀) ငိုကြွေးမှု စိုးရိမ်ပူပန်မှု ပြောဆိုမြည်တမ်းငိုယိုမှုများသည် ကွယ်လွန်ပြီးသူများအတွက် ဘာအကျိုးမျှမဖြစ်။ (၁၁) သံဃာအားလှူဒါန်းသော ကောင်းမှုစေတနာသည်သာ ချက်ချင်းအကျိုးခံစားရပုံ၊ (၁၂) အမျှဝေခြင်းကုသိုလ်သည် ဉာတိဓမ္မ၊ ဉာတိပူဇာ အလှူခံတို့အား ဗလဒါန၊ အလှူရှင်တို့ ကောင်းမှုဆည်းပူး စုဆောင်းခြင်းဖြစ်ပုံတို့ကို ဘုရားရှင်က ဗိမ္မိသာရ မင်းအား ဟောကြားတော်မူသည့်သုတ်။ အဋ္ဌကထာ၌ (၉၂)ကမ္ဘာထက် ဖုဿဘုရားရှင်လက်ထက်တော်က ဖြစ်စဉ်နှင့် ဂေါတမဘုရားရှင်လက်ထက်ဖြစ်စဉ်များနှင့် ဂါထာဆိုင်ရာ ဖွင့်ဆိုချက်များ ရှိပါသည်။[၄] နိဓိကဏ္ဍသုတ်[၉] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဘုရားအမှူးရှိသော သံဃာတော်အား ဆွမ်းကပ်လှူနေစဉ် ကောသလဘုရင်က အခေါ်လွှတ်လိုက်သော မင်းချင်းယောက်ျားကို “ပြီးလျှင်လာခဲ့ပါမည်၊ ရွှေအိုးမြှုပ်နေလို့ပါ” ဟုပြောလိုက်သောစကားကို အကြောင်းပြု၍ ဘုရားရှင်က “နိဓိ နိဓေတိ”အစရှိသော နိဓိကဏ္ဍသုတ္တန်ဖြင့် သူကြွယ်အား ဆွမ်းအနုမောဒနာ ပြုတော်မူသည့်သုတ်။ ဂါထာ (၁၊၂)တို့ဖြင့် ရွှေအိုးမြှုပ်နှံပုံနှင့် ရည်ရွယ်ချက်ကိုလည်းကောင်း (၃)ဂါထာဖြင့် မြှုပ်ထားသော ရွှေအိုး၏ အစိုးမရပုံကိုလည်းကောင်း၊ (၄၊၅)ဂါထာတို့ဖြင့် မြှုပ်ထားသောရွှေအိုး ပျောက်ဆုံးနိုင်ပုံကိုလည်းကောင်း၊ (၆)ဂါထာဖြင့် အနုဂါမိက ရွှေအိုး (၃)မျိုး မြှုပ်နှံပုံကိုလည်းကောင်း (၇)ဂါထာဖြင့် ရွှေအိုးမြှုပ်နှံရာဌာနတို့ကိုလည်းကောင်း (၈၊၉)ဂါထာတို့ဖြင့် ရတနနိဓိနှင့်ပုညနိမိတို့၏ ခြားနားပုံကိုလည်းကောင်း (၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅) ဂါထာတို့ဖြင့် ပုညနိမိ၏ အကျိုးကျေးဇူးအမျိုးမျိုး ရရှိခံစားနိုင် ပုံကိုလည်းကောင်း (၁၆)ဂါထာဖြင့် ပုညနိဓိမြှုပ်နှံဖို့ရန် တိုက်တွန်းပုံကို လည်းကောင်း ဟောကြားတော်မူပါသည်။ အဋ္ဌကထာ၌ သုတ်တော်၏နိဒါန်းနှင့် ဂါထာအလိုက်သိသင့်သမျှ သာဓက ပါဠိများဖြင့် ပြည့်ပြည့်စုံစုံ ဖွင့်ဆိုထားပါသည်။[၄] ကိုးကား
ပြင်ပလင့်များ
|
Portal di Ensiklopedia Dunia