ဂဏကမောဂ္ဂလ္လာနသုတ်
ကောသလနိုင်ငံ သာဝတ္ထိမြို့ ပုဗ္ဗာရာမ, မိဂါရမာတုပါသာဒ၌ ဘုရားရှင်အား ဂဏကမောဂ္ဂလ္လာနပုဏ္ဏားက “မိဂါရမာတုပါသာဒ, ဝေဒကျမ်းဂန်, လေးအတတ်ပညာ, ဂဏန်းသင်္ချာအတတ်တို့၏ အနုပုဗ္ဗသိက္ခာ, အနုပုဗ္ဗကိရိယာ, အနုပုဗ္ဗပဋိပဒါတို့ကို နမူနာထား၍ ဓမ္မဝိနယ၏ အနုပုဗ္ဗသိက္ခာ, အနုပုဗ္ဗကိရိယာ, အနုပုဗ္ဗပဋိပဒါတို့ကို မေးလျှောက်သဖြင့် ဘုရားရှင်က အစဉ်အတိုင်း ဟောကြားတော်မူပါသည်။ တဖန် “နိဗ္ဗာန, နိဗ္ဗာနဂါမိမဂ္ဂ, သမာဒပေတ ဘုရားရှင်တို့ အထင်အရှားရှိနေ ပါလျက် အချို့အနည်းငယ်သော သာဝကတို့သာ နိဗ္ဗာန်ရရှိပြီး အချို့သာဝကများ မရရှိနိုင်ပုံကို” မေးလျှောက်ရာ ရာဇဂြိုဟ်မြို့တွင်းသို့ လမ်းညွှန်ဥပမာဖြင့် ရှင်းလင်း၍ ဘုရားရှင်က မိန့်တော်မူသည့်အခါ ဂဏကမောဂ္ဂလ္လာနပုဏ္ဏား သဘောပေါက် နားလည်ပုံကို လျှောက်ထားပြီး ယခုခေတ်ပေါ်ထွန်းနေသော ဆသတ္တာရဝါဒတို့ထက် အရှင်ဂေါတမ၏ ဝါဒသည်သာ အကောင်းဆုံးဖြစ်ကြောင်း လျှောက်ထား၍ ဥပါသကာအဖြစ် ခံယူပုံကို လျှောက်ထားသည့်သုတ်။ အဋ္ဌကထာ၌-သမ္မာပဋိပန္နကုလပုတ္တကို ဗာဟိရကသမယဖြင့် မနှိုင်းယှဉ်ပဲ အာဇာနည်မြင်း ဥပမာဖြင့်သာ နှိုင်းယှဉ်ဟောတော်မူပုံကို ဖွင့်ပြထားပါသည်။ -မ၊၃၊၅၂-၈။ မ၊မြန်၊၃၊၅၆-၆၁။ မ၊ဋ္ဌ၊၄၊၄၆-၇။ မ၊ဋီ၊၃၊၂၅၉-၂၆၁။ -မဇ္ဈိမနိကာယ၊ ဥပရိပဏ္ဏာသ၊ ၁-ဒေဝဒဟဝဂ္ဂ၊ သတ္တမသုတ်။ [၁] ကိုးကား
|
Portal di Ensiklopedia Dunia