ဂိဉ္ဇကာဝသထသုတ်
(၄)သုတ် ရှိပါသည်။ [၁] ဘုရားမဟုတ်သူများ၏ မိမိကိုယ်ကို ဘုရားဟူသော မိစ္ဆာအယူသည် အဘယ် ဒိဋ္ဌိကို စွဲ၍ဖြစ်ပါသနည်း-ဟု အရှင်ကစ္စည်းထေရ်၏ မေးလျှောက်ထားချက်ကို “အဝိဇ္ဇာ”ဟူသော အလိုအဇ္ဈာသယကို စွဲ၍ဖြစ်ပုံ၊ အဝိဇ္ဇာဓာတုသည် များစွာရှိပုံ၊ ဟီန, မဇ္ဈိမ, ပဏီတ -အဇ္ဈာသယကိုအကြောင်းပြု၍ ဟီန, မဇ္ဈိမ, ပဏီတဖြစ်သော သညာ, ဒိဋ္ဌိ, ဝိတက္က, စေတနာ, ပတ္ထနာ, ပဏိဓိ, ပုဂ္ဂလ, ဝါစာ, အာစိက္ခနာ, ဒေသနာ အစရှိသည်တို့ ဖြစ်ကုန်၏-ဟု တစ်ပါးစီ တစ်ပါးစီကို အကျယ်အားဖြင့် နာတိကရွာ၊ အုတ်ကျောင်း၌ ဘုရားရှင် ဖြေကြားတော်မူသည့်သုတ်။ [၂] ဉာတိကရွာသား ကွယ်လွန်သူများကို မေးလျှောက်သဖြင့် “ဗုဒ္ဓ, ဓမ္မ, သံဃ, အဝေစ္စပသာဒဂုဏ်, အရိယကန္တသီလ-ဟူသော ဓမ္မာဒါသ, ဓမ္မပရိယာယနှင့် ပြည့်စုံသော အရိယာသာဝကသည် မိမိကိုယ်ကို “ခီဏနိရယ”အစရှိသည်ဖြင့် ပြောကြားလိုလျှင် ပြောကြားနိုင်ပုံကို ဉာတိကရွာ၊ အုတ်ကျောင်း၌ ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၃] အထက်သုတ်ပါအတိုင်း အရှင်အာနန္ဒာက မေးလျှောက်သဖြင့် ဖြေကြားတော်မူသည့်သုတ်။ [၄] အထက်သုတ်ပါအတိုင်း အရှင်အာနန္ဒာက မေးလျှောက်သဖြင့် ဖြေကြားတော်မူသည့်သုတ်။ ဤသုတ် သုံးသုတ်တို့၌ အသီးအခြား မေးလျှောက်သော ဘိက္ခု, ဘိက္ခုနီ, ဥပါသကာ, ဥပါသိကာတို့အပြင် ဉာတိကရွာသား အနာဂါမ်အဖြစ်ဖြင့် ကွယ်လွန်သော ဥပါသကာ ၅၀-ကျော်၊ သကဒါဂါမ်အဖြစ်ဖြင့် ကွယ်လွန်သော ဥပါသကာ ၉၆-ဦး၊ သောတာပန် အရိယာသာဝကအဖြစ်ဖြင့် ကွယ်လွန်သော ဥပါသကာ ၅၀၆-ဦးတို့ ရှိကြောင်း ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူပါသည်။ [၅] ကိုးကား
|
Portal di Ensiklopedia Dunia