ဃောဋမုခသုတ်

ကာသိနိုင်ငံ၊ ဗာရာဏသီမြို့အနီး ခေမိယမ္ဗဝန၌ သီတင်းသုံးနေသော အရှင်ဥဒေနထေရ်အား အင်္ဂနိုင်ငံသား ဃောဋမုခဗြာဟ္မဏ၏ မေးလျှောက်သော စကားနှင့် ဆက်စပ်၍ “အတ္တန္တပ, အတ္တပရိတာပနာနုယောဂ မနုယုတ္တ”အစရှိသော ပုဂ္ဂိုလ် လေးမျိုးကို ဟောတော်မူပြီး ယင်းပုဂ္ဂိုလ်လေးမျိုးနှင့် ဆက်စပ်၍ ဃောဋမုခဗြာဟ္မဏ ထင်မြင်ယူဆချက်ကို လျှောက်ထားပြီးသည့်အခါ ယင်းပုဂ္ဂိုလ်လေးမျိုး၏အကျယ်ကို ခွဲခြားပြီးဟောတော်မူပါသည်။ ဒေသနာတော်အဆုံး၌ ဃောဋမုခဗြာဟ္မဏ သရဏဂုံဆောက်တည်ပုံ၊ အရှင်ဥဒေနထေရ်အား ပူဇော်ပုံ၊ အရှင်ဥဒေနထေရ်၏ ပါဋလိပုတ်မြို့နေ သံဃာတော်၏ ဥပဋ္ဌာနသာလာ ဆောက်လုပ်လှူဒါန်းရန် ညွှန်ကြားပုံ၊ ထိုဥပဋ္ဌာန သာလာ၏ “ဃောဋမုခီ”အမည်ရရှိပုံတို့ကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ၌ -ဃောဋမုခဗြာဟ္မဏ၏ မေးခွန်းနှင့်ဆက်စပ်၍ အရှင်ဥဒေနထေရ်၏ အကြံအစီ၊ ဃောဋမုခဗြာဟ္မဏ ကျောင်းဆောက်လုပ်လှူဒါန်းသည့် ကောင်းမှု ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရပုံ၊ ပျက်စီးနေသော မိမိကောင်းမှုကျောင်းကို နှမအား ပြင်ဆင် ဆောက်လုပ်စေပုံတို့ကို ဖွင့်ပြထားပါသည်။

ဋီကာ၌-ခေမိယမ္ဗဝနအကြောင်း၊ ပရိဗ္ဗဇပုဒ်အဖွင့်၊ ဓမ္မာယေဝ ပမာဏ အဖွင့်-စသည်တို့ကို ဖွင့်ပြထားပါသည်။ [] []

ကိုးကား

  1. -မ၊၂၊၃၆၄-၃၇၅။ မ၊မြန်၊၂၊၃၆၈-၃၈၀။ မ၊ဋ္ဌ၊၃၊၂၈၁-၃။ မ၊ဋီ၊၃၊၁၈၈-၉။ -မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ၅-ဗြာဟ္မဏဝဂ္ဂ၊ စတုတ္ထသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya