စူဠကမ္မဝိဘင်္ဂသုတ်
(၎င်းသုတ်ကို သုဘသုတ်ဟုလည်း ခေါ်သည်။) ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် “လူ့လောက၌ ထင်ရှားဖြစ်နေသော “ဟီန ပဏီတဖြစ်ခြင်း၏ အကြောင်း ၁၄-မျိုး သုဘလုလင်က မေးလျှောက်သဖြင့် ဘုရားရှင်ကိုယ်တော်တိုင် အကျယ် ဝေဘန် ရှင်းလင်း၍ ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ၌ တောဒေယျပုဏ္ဏားသည် ကောသလဘုရင်၏ ပုရောဟိတ် ဖြစ်ပုံနှင့် တောဒေယျပုဏ္ဏားအကြောင်း၊ ဤသုတ်ဖြစ်ပေါ်လာပုံနှင့် ကံအကျိုးပေးပုံတို့ကို ဖွင့်ပြတော်မူထားပါသည်။ [၁] [၂] အသက်တိုခြင်း/ ရှည်ခြင်း အကြောင်း၁။ သူများအသက်၊ သတ်သည့်တွက်၊ အသက်ကိုယ့်မှာ တို။ မသတ်ရှောင်ရှား၊ ထိုသူများ၊ ရှည်လျားအသက်ကို။ ရောဂါများခြင်း/နည်းခြင်း အကြောင်း၂။ နှိပ်စက်ကလူ၊ ညှဉ်းဆဲသူ၊ ပြောထူရောဂါဆို။ သနားစိတ်သွင်း၊ မနှိမ်နင်း၊ ကင်းရှင်းရောဂါကို။ အဆင်းမလှခြင်း/လှခြင်း အကြောင်း၃။ ထန်ပြင်းဒေါသ၊ ကြီးတတ်က၊ အလှပျက်မည်ဆို။ ဒေါသကင်းစင်၊ မေတ္တာယှဉ်၊ ကြည်လင်လှသကို။ အခြွေရံနည်းခြင်း/များခြင်း အကြောင်း၄။ မနာလိုပြန်၊ ဣဿာထန်၊ ခြံရံကင်းမည်ဆို။ ဣဿာမထား၊ ဝမ်းမြောက်ငြား၊ ပေါများခြွေရံကို။ ဥစ္စာပစ္စည်းများခြင်း/ရှားခြင်း အကြောင်း၅။ မလှူမဒါန်း၊ မပေးကမ်း၊ ခြောက်ခမ်းဥစ္စာဆို။ စွန့်ကြဲလေ့တုံ၊ ပြုပါကုန်၊ ကုံလုံကြွယ်ဝလို။ အမျိုးအနွယ် ညံ့ခြင်း/ကောင်းခြင်း အကြောင်း၆။ မာန်မာနကြွယ်၊ ထိုသူဝယ်၊ မျိုးနွယ်ညံ့မည်ဆို။ ထိုက်သူရိုကျိုး၊ မာန်ကိုချိုး၊ အမျိုးမြတ်သကို။ ဉာဏ်ပညာ ရှိခြင်း/မရှိခြင်း အကြောင်း၇။ သိဖွယ်ဟူသမျှ၊ မမေးက၊ ဖျင်းအပညာဆို။ ကြားမြင်များအောင်၊ မေးလေ့ဆောင်၊ ခုနောင်တတ်သိလို။ ကိုးကား
|
Portal di Ensiklopedia Dunia