စူဠဒုက္ခက္ခန္ဓသုတ်
ဘုရားရှင် သကျနိုင်ငံ ကပိလဝတ္ထုမြို့ နိဂြောဓာရုံကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် မဟာနာမ် သာကီဝင်မင်း မေးလျှောက်သဖြင့် ဟောတော်မူသည့်သုတ်။ လောဘ၊ ဒေါသ၊ မောဟ ဥပက္ကိလေသတရားတို့ကို မပယ်ရသေးသောကြောင့် လူ့ဘောင်၌နေ၍ ကာမဂုဏ်ခံစားပုံ၊ ဥပက္ကိလေသတရားတို့ နှိပ်စက် ခံရပုံ၊ ဝိပဿနာဉာဏ်, မဂ်ဉာဏ်တို့ဖြင့် ကာမဂုဏ်အပြစ်ကို အမှန်အတိုင်းသိပုံ ဈာန်, အနာဂါမိမဂ်ဉာဏ်, အရဟတ္တမဂ်ဉာဏ်ကိုရလျှင် ကာမဂုဏ်ကို နှလုံး မသွင်းတော့ပုံ။ အလောင်းတော်ဘဝဖြစ်စဉ် ကာမဂုဏ်ငါးပါးကို စွဲ၍ဖြစ်သော သုခ, သောမနဿသည် အဿာဒ၊ သတ္တဝါတို့ ကာမသုခလ္လိကာနုယောဂ, အတ္တကိလမထာနုယောဂကို အားထုတ်နေကြပုံ၊ (ပဋိပတ္တိ)သုခဖြင့် (ဝိမောက္ခ) သုခကို မရနိုင်၊ ဒုက္ခဖြင့်သာ သုခကိုရနိုင်သည်ဟု ယူဆသော နိဂဏ္ဌတို့အား ဗိမ္ဗိသာရမင်း ဥပမာဖြင့် ရှင်းလင်းဟောတော်မူပုံ၊ ဘုရားရှင်၏ သမာပတ်ဝင်စားပုံဖြင့် ရှင်းလင်း ဟောတော်မူပုံ၊ ဘုရားမြတ်စွာ သာသနာတော်၏အစွန်းနှစ်ဖက်မှ ကင်းလွတ်ပုံကို ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ၌ ဘုရားရှင်နှင့် မဟာနာမ်သာကီဝင်မင်းတို့၏ ဆွေမျိုးတော်စပ်ပုံ၊ မဟာနာမ်သာကီဝင်သည် သကဒါဂါမ်ဖြစ်သော်လည်း မပယ်ရ သေးသော ကိလေသာကို မဆင်ခြင်မိပုံ၊ အရိယာပုဂ္ဂိုလ်များအား ပစ္စဝေက္ခဏာဉာဏ် အကုန်ဖြစ်ပုံ၊ ကာမဂုဏ်အပြစ်ဟောပုဒ်များအဖွင့်၊ သာသနာတော်၏ အစွန်းနှစ်ဖက်လွတ်ပုံ၊ ဘုရားရှင်နှင့် နိဂဏ္ဌတို့ ဆွေးနွေးချက်ပုဒ်များအဖွင့်၊ မဆင်မခြင် ပြောဆိုလျှင် စကားမှားယွင်းနိုင်ပုံ အစရှိသည်တို့ကို ဖွင့်ပြထားပါသည်။ ဋီကာ၌ ဝိနယကုက္ကုစ္စကဲ့သို့ ပညတ်ဝေါဟာရ၌ မကျွမ်းကျင် မလိမ္မာသော အရိယာပုဂ္ဂိုလ်တို့အား တချို့နေရာ၌ တွေးတောယုံမှားမှု ဖြစ်တတ်ပုံ၊ ဝိပဿနာပညာကို အရိယမဂ္ဂပညာဟု ဖွင့်ထားပုံ၊ သာသနာတော်၏ အစွန်း နှစ်ဖက်လွတ်ပုံ၊ ဖလသမာပတ္တိ ပရိယောသာနသည် သာသနသမ္ပတ္တိဖြစ်ပုံအစရှိသည်တို့ကို ဖွင့်ပြထားပါသည်။ [၁] [၂] ကိုးကား
|
Portal di Ensiklopedia Dunia