စူဠရာဟုလောဝါဒသုတ်
ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့တော်အနီး အန္ဓဝန်တောအုပ် အတွင်း သစ်ပင်ရင်း၌ အရှင်ရာဟုလာအား ဟောကြားတော်မူသည့်သုတ်။ ဘုရားရှင်က အရှင်ရာဟုလာအား စက္ခုပသာဒ, ရူပါရုံ, စက္ခုဝိညာဏ်, စက္ခုသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏတို့ကို အနတ္တလက္ခဏသုတ် ဒေသနာတော်အတိုင်း တစ်ပါးစီ တစ်ပါးစီတို့ကို မေးမြန်၍ ဟောကြားတော်မူပါသည်။ ထို့အတူ ကြွင်းသော အဇ္ဈတ္တိကာယတန, ဗဟိဒ္ဓါယတန, ဝိညာဏ, သမ္ဖဿတို့ကို တစ်ပါးစီ တစ်ပါးစီ မေးမြန်၍ ဟောကြားတော်မူပါသည်။ ဤသုတ်တော် နာယူပြီသည့်အဆုံး၌ အရှင်ရာဟုလာ အာသဝေါ ကုန်ခမ်း ရဟန္တာဖြစ်တော်မူပါသည်။ အရှင်ရာဟုလာနှင့် ပါရမီဖြည့်ဖက် မရေ မတွက်နိုင်သော နတ်, ဗြဟ္မာများ ပါရမီဉာဏ်အလျောက် အရိယာသာဝကဖြစ်၍ တရားသိမြင် ကျွတ်တမ်းဝင်ကြပါသည်။ အဋ္ဌကထာ, ဋီကာတို့၌ ဝိမုတ္တိပရိပါစနီယဓမ္မ၊ ဓမ္မစက္ခု၊ အနေကာနံ ဒေဝတာ သဟဿ-ပုဒ်အစရှိသော ဖွင့်ဆိုချက်များ ပါရှိပါသည်။ [၁] [၂] ကိုးကား
|
Portal di Ensiklopedia Dunia