စောဒန်နီယယ်
စောဒန်နီယယ် (အင်္ဂလိပ်: Saw Daniel; ၁၉၅၇ မွေးဖွား [၁]) သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။[၂] မြန်မာနိုင်ငံသား ကယားလူမျိုး နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၏ ဒုဥက္ကဋ္ဌဟောင်းတစ်ဦး ဖြစ်သည်။[၁] ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုတွင် စောဒန်နီယယ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်အဖြစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ခန့်အပ်ခဲ့သည်။[၃] အဆိုပါရာထူးလက်ခံခြင်းအတွက် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက စောဒန်နီယယ်အား ပါတီမှ ထုတ်ပယ်လိုက်ကြောင်း ကြေညာခဲ့သည်။[၁]၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ရက်တွင် ကောင်စီအဖွဲ့ဝင်အဖြစ်မှ ဖယ်ထုတ်ခြင်းခံရသည်။ အရေးယူပိတ်ဆို့ခံရမှုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းနှင့်စပ်လျဉ်းပြီး ဥရောပသမဂ္ဂက ၂၀၂၁ ဧပြီ ၁၉ရက် တွင်လည်းကောင်း၊အမေရိကန်ပြည်ထောင်စုက ၂၀၂၁ ဇူလိုင် ၂၁ရက် တွင်လည်းကောင်း၊ဩစတြေးလျအစိုးရက ၂၀၂၃ ဇန်နဝါရီ ၂၅တွင်လည်းကောင်း ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲ ထည့်သွင်းသည်။[၄] [၅] [၆]
ကိုးကား
|
Portal di Ensiklopedia Dunia