ဇိဂုစ္ဆိတဗ္ဗသုတ်

[] (၁) ဒိဋ္ဌာနုဂတိလိုက်၍ ကျင့်နိုင်ခြင်း, မကောင်းသတင်း ကျော်စော နိုင်ခြင်းကြောင့် မစင်တွင်း၌ကျနေသော မြွေနှင့်တူသော စက်ဆုတ်ရွံမုန်းအပ် မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်သော ဒုဿီလ, ပါပဓမ္မ, အသုစိ သင်္ကဿရသမာစာရ, ပဋိစ္ဆကမ္မန္တ, အဿမဏော သမဏပဋိည, အဗြဟ္မစာရီ ဗြဟ္မစာရီပဋိည, အန္တောပူတိ, အဝဿုတ, ကသမ္ဗုဇာတပုဂ္ဂိုလ်။

(၂) အမျက်ထွက်နိုင်, ဘေးကိုပြ၍ခြိမ်းခြောက်နိုင်, အကျိုးမဲ့ကိုပြုနိုင်သောကြောင့် သစ်သားထင်းမီးစ, မစင်တွင်းတို့နှင့်တူသော လျစ်လျူရှုထိုက်, မမှီဝဲထိုက်, မဆည်းကပ်ထိုက်, မချဉ်းကပ်ထိုက်သော အမျက်ထွက်တတ်, များစွာ ပင်ပန်းတတ်, အနည်းငယ်မျှသောစကားဖြင့် အမျက်ထွက်မှု စိတ်ဆိုးမှု, မနှစ်သက်မှုကို ထင်ရှားစွာ ပြုတတ်သောပုဂ္ဂိုလ်။

(၃) ဒိဋ္ဌာနုဂတိသို့လိုက်၍ မကျင့်စေကာမူ ကောင်းသောကျေးဇူး ဂုဏ် သတင်းကျော်စောခြင်းဖြစ်နိုင်သော မှီဝဲထိုက်, ဆည်းကပ်ထိုက် ချဉ်းကပ်ထိုက်သော သီလဝန္တ ကလျာဏဓမ္မပုဂ္ဂိုလ်ဟူသော ပုဂ္ဂိုလ်သုံးမျိုးကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ပြချက်များ ပါရှိပါသည်။ []

ကိုးကား

  1. -အံ၊၁၊၁၂၄-၅။ အံ၊မြန်၊၁၊၁၄၂-၃။ အံ၊ဋ္ဌ၊၂၊၉၄-၅။ အံ၊ဋီ၊၂၊၉၄။ -အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ ပဌမပဏ္ဏာသက၊ ၃-ပုဂ္ဂလဝဂ္ဂ၊ သတ္တမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya