တပနီယသုတ်
(၄)သုတ် ရှိပါသည်။ [၁] ဒုစရိုက်သုံးပါးကို ပြုလုပ်၊ ပြောဆို၊ ကြံစည်မိခြင်းကြောင့် နောင်တတဖန် ပူပန်ရ၏။ သုစရိုက်သုံးပါးကို မပြုလုပ်၊ မပြောဆို၊ မကြံစည်လိုက်ရခြင်းကြောင့် နောင်တတဖန် ပူပန်ရ၏-ဟု သတ္တဝါတို့ ပူပန်ရသော တရားနှစ်ပါးကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ၌ ကာယဒုစရိုက်အရာ၌ နန္ဒဘီလူး၊ နန္ဒလုလင်၊ နန္ဒနွားသတ် သမား၊ ဒေဝဒတ္တ၊ နွားသတ်သမားညီနောင်တို့ကိုလည်းကောင်း၊ ဝစီဒုစရိုက်အရာ၌ သုပ္ပဗုဒ္ဓ သာကီဝင်၊ ကောကာလိကရဟန်း၊ စိဉ္စမာဏဝိကာအစရှိသူတို့လည်းကောင်း ထုတ်ပြထားပါသည်။ ဋီကာ၌ တပနီယပုဒ်ကို ဖွင့်ပြထားပါသည်။ [၂] မိစ္ဆာမဂ္ဂင် (၈)ပါးနှင့် မိစ္ဆာဉာဏ၊ မိစ္ဆာဝိမုတ္တိတို့သည် ပစ္စုပ္ပန်၊ တမလွန် နှစ်တန်သောဘဝတို့၌ ပူပန်စေတတ်သောတရား၊ အရိယမဂ္ဂင် (၈)ပါးနှင့် သမ္မာဉာဏ၊ သမ္မာဝိမုတ္တိတို့သည် မပူပန်စေတတ်သောတရားဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃] ဒုစရိုက်တရား (၁၀)ပါးသည် တပနီယဓမ္မ၊ သုစရိုက်တရား (၁၀)ပါးသည် အတပနီယဓမ္မ-ဟု ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။ [၄] ကောင်းမှုကုသိုလ်ကို မပြုမလုပ်သော ဆင်းရဲဒုက္ခမှ ကာကွယ်စောင့်ရှောက်တတ်သော ကောင်းမှုကုသိုလ်မရှိသော၊ မကောင်းမှုအကုသိုလ်ကို ပြုလုပ်သော ခက်ထန်ကြမ်းကြုတ်သောပုဂ္ဂိုလ်သည် (၁) ငါသည် ကောင်းမှုကုသိုလ်ကို မပြုမလုပ်မိဟုလည်းကောင်း။ (၂) ငါသည် မကောင်းမှုအကုသိုလ်ကို ပြုလုပ်မိလေပြီဟုလည်းကောင်း။ နောင်တတဖန် ပူပန်ရ၏ဟု ဘုရားရှင်ဟောတော်မူကြောင်း ခုဇ္ဇုတ္တရာကသာမာဝတီ အမှူးရှိသော မိဖုရားငါးရာတို့အား ဟောပြသည့်သုတ်။ [၅] ကိုးကား
|
Portal di Ensiklopedia Dunia