တရုဏရုက္ခသုတ်

[] နုပျိုသောသစ်ပင်ကို ယောက်ျားသည် ပေါင်းမြက်တို့ကို သုတ်သင်ခြင်း၊ မြေစာကျွေးခြင်း၊ ရေလောင်းခြင်းကိုပြုသကဲ့သို့ သံယောဇဉ်၏အကြောင်းဖြစ်ကုန်သော တေဘူမကတရားတို့၌ သာယာဖွယ်ဟု ရှုနေသောသူအား တဏှာသည် တိုးပွား၏။ တဏှာကြောင့် ဥပါဒါန်ဖြစ်၏အစရှိသည်ဖြင့် ပဋိစ္စသမုပ္ပါဒ ဆင်းရဲဖြစ်ပုံကိုလည်းကောင်း၊ နုပျိုသောသစ်ပင်ကို အမြစ်ပါမကျန် တူးဖြတ်ပြီး အလုံးစုံကိုမီးရှို့ပြီး ပြာကို မြစ်အတွင်းမျှောလိုက်သကဲ့သို့ သံယောဇဉ်၏အကြောင်းဖြစ်သော တေဘူမကတရားတို့၌ အပြစ်ကိုရှု၍နေသော ယောဂီပုဂ္ဂိုလ်အား တဏှာသည်ချုပ်၏။ တဏှာချုပ်ခြင်းကြောင့် ဥပါဒါန်ချုပ်၏အစရှိသည်ဖြင့် ပဋိစ္စသမုပ္ပါဒပဋိလောမဒေသနာတော်ဖြင့် ဒုက္ခ အားလုံး ချုပ်ငြိမ်းပုံကိုလည်းကောင်း၊ ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ရှိပါသည်။ []

ကိုးကား

  1. -သံ၊၁၊၃၁၅-၆။ သံ၊မြန်၊၁၊၃၀၂-၃။ သံ၊ဋ္ဌ၊၂၊၇၉။ သံ၊ဋီ၊၂၉၈။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၁-နိဒါနသံယုတ္တ၊ ၆-ဒုက္ခဝဂ္ဂ၊ သတ္တမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya