တာယနသုတ်
[၁] ရှေးဟောင်းအယူဝါဒ တည်ထွင်သူဖြစ်သော တာယနနတ်သား၏ လုံ့လပြု၍ တဏှာကိုဖြတ်ရန်၊ ကိလေသာကာမဝတ္ထုကာမတို့ကို ပယ်နုတ်ရန်၊ ကာမကို မပယ်သောရဟန်းသည် ဈာန်မရနိုင်ပုံ၊ လုံ့လဝီရိယ နောက်မဆုတ်ဘဲ မြဲမြံစွာအားထုတ်ရန်၊ လုံ့လဝီရိယလျော့လျှင် ကိလေသာမြူတို့ ကြဲဖြန့်လာပုံ၊ မကောင်းမှုနှင့် ကောင်းမှု ငရဲသို့ ဆွဲဆောင်သောရဟန်း၏ မကောင်းမှုနှင့် သမန်းမြက်ဥပမာ၊ အကျိုးမများသော တရားသုံးမျိုးတို့ကို ငါးဂါထာဖြင့် လျှောက်ထားပြီး ပြန်သွားရာ ဘုရားရှင်က ယင်းဂါထာတို့ကို ဆောင်ထားကြရန်၊ အတ္ထသံဟိတ အာဒိဗြဟ္မစရိယကဖြစ်ပုံကို ရဟန်းတို့အား မိန့်ကြားတော်မူသည့်သုတ်။ အဋ္ဌကထာ၌ နန္ဒ၊ ဝစ္ဆ၊ ကိသ၊ သံကိစ္စတို့သည် တိတ္ထကရများဖြစ်ပုံ၊ ပုရဏ အစရှိသူတို့သည် တိတ္ထိယဖြစ်ပုံ၊ မိစ္ဆာအယူရှိသူဖြစ်လျက် တာယနနတ်ပြည်သို့ ရောက် လာသော ကောင်းမှုများနှင့် ဘုရားမြတ်စွာသာသနာတော်၏ နိယျာနိကဖြစ်ပုံ ကိုသိသဖြင့် သာသနာနုစ္ဆဝိကဝီရိယ ပဋိသံယုတ္တဂါထာများကို လျှောက်ထားပုံနှင့် ဖွင့်ဆိုသင့်သောပုဒ်တို့ကို ဖွင့်ပြထားပါသည်။ ဋီကာ၌လည်း ဖွင့်ဆိုချက်များ ရှိပါသည်။ [၂] ကိုးကား
|
Portal di Ensiklopedia Dunia