တိကဏ္ဍကီသုတ်
[၁] (၁) အပ္ပဋိကူလဖြစ်သော ရဇနီယဓမ္မတို့၌ ရာဂမဖြစ်အောင် ပဋိကူလသညာကို ပွား၍နေရမည်။ (၂) ပဋိကူလဖြစ်သော ဒေါသနီယဓမ္မတို့၌ ဒေါသမဖြစ်အောင် အပ္ပဋိကူလသညာ ပွား၍နေရမည်။ (၃) အပ္ပဋိကူလရဇနီယဓမ္မတို့၌ ရာဂမဖြစ်အောင် ပဋိကူလဖြစ်သော ဒေါသနီယဓမ္မတို့၌ ဒေါသမဖြစ်အောင် ပဋိကူလသညာကို ပွားများနေရမည်။ (၄) ပဋိကူလဖြစ်သော ဒေါသနီယဓမ္မတို့၌ ဒေါသမဖြစ်စေရန် အပ္ပဋိကူလဖြစ်သော ရဇနီယဓမ္မတို့၌ ရာဂမဖြစ်စေရန် အပ္ပဋိကူလသညာကို ပွားများနေရမည်။ (၅) မည်သည့်အာရုံ မည်သည့်အရပ်၌မဆို ရဇနီယဓမ္မတို့၌ အနည်းငယ်မျှပင် ရာဂမဖြစ်ပါစေလင့်၊ မည်သည့်အာရုံ မည်သည့်အရပ်၌မဆို ဒေါသနီယဓမ္မတို့၌ အနည်းငယ်မျှပင် ဒေါသမဖြစ်ပါစေလင့်၊ မည်သည့်အာရုံ မည်သည့်အရပ်၌မဆို မောဟနီယဓမ္မတို့၌ အနည်းငယ်မျှပင် မောဟမဖြစ်ပါစေလင့်ဟု ပဋိကူလအာရုံ၊ အပ္ပဋိကူလအာရုံ ထိုနှစ်ပါးစုံကိုကြည့်၍ လျစ်လျူရှုလျှက် သတိသမ္ပဇဉ်ရှိသည်ဖြစ်၍ နေရာ၏ဟု ဘုရားရှင်ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များ ရှိပါသည်။ [၂] တိကဏ္ဍကီသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ [၃] ကိုးကား
|
Portal di Ensiklopedia Dunia