တိဏကဋ္ဌသုတ်
[၁] ရဟန်းတို့ သံသရာ၏အစကို မသိနိုင်။ အဝိဇ္ဇာဖြင့် ပိတ်ဖုံးအပ်ကုန်သည်ဖြစ်၍ တဏှာဖြင့် ချည်နှောင်အပ်ကုန်သည်ဖြစ်၍ ဘဝတစ်ခုမှ ဘဝတစ်ခုသို့ ပြေးသွားကျင် လည်နေကြရကုန်သော သတ္တဝါတို့၏ စတင်ဖြစ်ပေါ်ရာ (အစွန်း) အစသည် မထင်ရှား၊ (အစကို မသိနိုင်)။ ဥပမာအားဖြင့် ယောက်ျားသည် ဤဇမ္ဗူဒိပ်၌ မြက်၊ ထင်း၊ သစ်ခက် သစ်ရွက်ကို တစ်ပေါင်းတည်း စုစည်း၍ လက်လေးသစ်စီ လက်လေးသစ် စီဖြတ်၍ “ဤကား ငါ၏မိခင်၊ ဤကား ငါ့မိခင်၏မိခင်”ဟု သတ်မှတ်ပြီး ချထားရာ၏။ ထိုယောက်ျား၏ မိခင်၏ မိခင်ကား မကုန်ဆုံးနိုင်ရာ။ ဤဇမ္ဗူဒိပ်၌ မြက်၊ ထင်း၊ သစ်ခက် သစ်ရွက်သည်သာ ကုန်သွားရာ၏။ အဘယ်ကြောင့်နည်း? ဟူမူ။ သံသရာ၏ စတင်ဖြစ်ပေါ်ရာ(အစ)ကိုငြီးငွေ့ရန်၊ တပ်မက်မှုကင်းရန်၊ လွတ်မြောက်ရန် အလွန်အကဲ အားထုတ်သင့်လှပေ၏-ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ၌ သာသနာတော်နှင့် ဗာဟိရသမယ၌ ဥပမာမတူပုံနှင့်တကွ မှတ်သားဖွယ်များကို ဖွင့်ဆိုထားပါသည်။ ဋီကာ၌လည်း ဖွင့်ဆိုချက်များရှိပါသည်။ [၂] ကိုးကား
|
Portal di Ensiklopedia Dunia