ဒန္တဘူမိသုတ်
ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဗိမ္ဗိသာရမင်းကြီး၏ သားတော် ဇယသေနမင်းသားက “အစိရဝတ သာမဏေ၏ တရားတော်ကိုနာယူပြီး “အပ္ပမတ္တ, အာတာပီ, ပဟိတစိတ္တ” ပုဂ္ဂိုလ်သည် ဧကဂ္ဂစိတ္တ မဖြစ်နိုင်ပုံကို”ပြောဆိုမှုနှင့် ဆက်စပ်၍ အစိရဝတ သာမဏေ၏ လျှောက်ထားချက်အရ “ကာမဘောဂီပုဂ္ဂိုလ်များ ဧကဂ္ဂစိတ္တကို မသိမမြင်နိုင် မျက်မှောက် မပြုနိုင်ပုံကို “တောင်ထိပ်ပေါ်၌နေသော ယောက်ျား၏မြင်ကွင်းကို တောင်အောက်၌နေသော ယောက်ျားမမြင်နိုင်ပုံ ဥပမာဖြင့်လည်းကောင်း, တောဆင်ရိုင်းကို ဖမ်းယူပြီး ယဉ်ကျေးလိမ္မာသော ဆင်လိမ္မာဖြစ်အောင် ဆုံးမသောဥပမာဖြင့် အမျိုးကောင်းသား၏ ရှေးဦးစွာ ဗုဒ္ဓဘာသာဝင် သူတော်စင်ဖြစ်ပုံ၊ ဘုရားရှင်၏ တရားတော်ကို နာယူပြီး တရားတော်၌ သက်ဝင်ယုံကြည်ပုံ၊ ရဟန်းပြုပုံ၊ ရဟန်းတရားကို ပွားများအားထုတ်ပြီး ဝိဇ္ဇာသုံးပါးနှင့်တကွ ရဟန္တာဖြစ်ပုံ ရဟန္တာပုဂ္ဂိုလ်၏ ဂုဏ်ရည်များ “ဒန္တမရဏ” ဖြစ်ပုံကို ဘုရားရှင်က အစိရဝတသာမဏေအား ဟောတော်မူပုံကို ပြဆိုသည့်သုတ်။ အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ရှိပါသည်။ [၁] [၂] ကိုးကား
|
Portal di Ensiklopedia Dunia