ဒီဃာဝုဥပါသကသုတ်

[] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒီဃာဝုဥပါသကာ ရောဂါအသည်းအသန်ဖြစ်နေ၍ ဖခင်ဇောတိကဥပါသကာ၏ ကျန်းမာရေးကို မေးမြန်းတော်မူပြီး ဒီဃာဝုဥပါသကာအား သောတာပတ္တိယင်္ဂတရားလေးပါးနှင့် ဝိဇ္ဇာဘာဂိယတရား (၆)ပါးတို့ကို နှလုံးသွင်းရန် ဘုရားရှင် မိန့်ကြားတော်မူ၍ ပြန်ကြွပြီး မကြာခင် ကွယ်လွန်ပုံ၊ ဩရမ္ဘာဂိယသံယောဇဉ်တို့ကို ပယ်ပြီးပုံ၊ ဗြဟ္မာပြည်၌ ပရိနိဗ္ဗာန်ဝင်စံပုံတို့ကို ဘုရားရှင်, ရဟန်းတို့အား မိန့်ကြားတော်မူပုံကို ပြဆိုထားပါသည်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက် အနည်းငယ် ရှိပါသည်။ []

ကိုးကား

  1. -သံ၊၃၊၂၉၉-၃၀၁။ သံ၊မြန်၊၃၊၃၀၀-၃။ သံ၊ဋ္ဌ၊၃၊၃၀၈။ သံ၊ဋီ၊၂၊၅၂၈။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ်၊ ၁၁-သောတာပတ္တိသံယုတ္တ၊ ၁-ဝေဠုဒွါရဝဂ္ဂ၊ တတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya