ဒုက္ခဓမ္မသုတ်
(၂)သုတ် ရှိပါသည်။ [၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အရှင်ရာဓထေရ်၏ လျှောက်ထားချက်အရ ဒုက္ခဓမ္မသည် ခန္ဓာငါးပါးဖြစ်ပုံ ခန္ဓာတစ်ပါးစီ တစ်ပါးစီ၌ ဒုက္ခဓမ္မကို သိမြင်သော အရိယာသာဝက၏ နိဗ္ဗိန္ဒဉာဏ် ဖြင့်ပုံမှစ၍ ရဟန္တာဖြစ်သည့်အထိ အရှင်ရာဓထေရ်အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၂] (၁) ဒုက္ခဓမ္မအားလုံးတို့၏ သမုဒယ, အတ္တင်္ဂမတို့ကို မှန်ကန်စွာ သိမြင်သော ရဟန်းသည် (၂) ကာမတို့ကို သိမြင်ပုံ၊ (၃) ကာမတို့ကို သိမြင်သောရဟန်း၏ (သန္တာန်၌) ကာမတို့၌ ကာမစ္ဆန္ဒ၊ ကာမသ္နေဟ၊ ကာမမုစ္ဆာ၊ ကာမပရိဠာဟတို့ မကိန်းတော့ပုံ၊ (၄) အဘိဇ္ဈာ, ဒေါမနဿ-ဟူကုန်သော ပါပက အကုသလဓမ္မတို့ မကိန်းသောရဟန်း၏ စာရ, ဝိဟာရတို့ကို ထိုးထွင်း၍ သိနိုင်ပုံယင်းတို့၏ တစ်ခုစီ တစ်ခုစီ၏ အကျယ်ကို ဥပမာနှင့် တကွနှိုင်းခိုင်းပြီး ဟောတော်မူပုံကိုလည်းကောင်း၊ သံဝရ အသံဝရတို့၏ အကျယ်ကိုလည်းကောင်း, စာရ, ဝိဟာရတို့ကို ထိုးထွင်း၍ သိမြင်သော ရဟန်းသည် သိက္ခာချ၍ လူမထွက်တော့ပုံကိုလည်း ဂင်္ဂါမြစ် ဥပမာဖြင့် အကျယ်တဝင့် ရဟန်းတို့အား ဘုရားရှင်ဟောတော်သည့်သုတ်။ အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ပါရှိသည်။ [၃] ကိုးကား
|
Portal di Ensiklopedia Dunia