ဒုစ္စရိတသုတ်
(၆)သုတ် ရှိပါသည်။ [၁] အညတရ ရဟန်း၏ လျှောက်ထားချက်အရ ကာယ, ဝစီ, မနော ဒုစရိုက်(၃) မျိုးကိုပယ်စွန့်၍ ယင်းသုစရိုက်သုံးမျိုးကို ပွားများလျှင် သီလရှိသူဖြစ်မည်။ သီလ၌ တည်၍ သတိပဋ္ဌာန်လေးပါးကို ပွားများလျှင် ကုသိုလ်တရားတို့၌ မဆုတ်ယုတ်တော့မူ၍ ကြီးပွားတိုးတက်မည်ဟု ဘုရားရှင် ဟောတော်မူသည့်အတိုင်း ကျင့်သုံးခြင်းကြောင့် အညတရရဟန်း ရဟန္တာဖြစ်ပုံကို ဟောတော်မူသည့်သုတ်။ ဤသုတ်၌ “ဧကော၊ ဝူပကဋ္ဌော အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဟု ယောဂီ၏ အရည်အချင်းငါးမျိုးကို သိရပါသည်။ အဋ္ဌကထာ၌ ကာယဝစီသုစရိုက်တို့သည် ပါတိမောက္ခသံဝရသီလ၊ မနောသုစရိုက် ကြွင်းသီလသုံးပါးဟု ဤသုတ်၌ စတုပါရိသုဒ္ဓိသီလကို ဟောတော်မူပုံကိုလည်းကောင်း။ ဋီကာ၌ မနောသုစရိုက်(၃)ပါးသည် သီလမည်ပုံ၊ သတိပဋ္ဌာနသံယုတ်၌ ဝဂ္ဂ, သုတ္တတို့ကို ချုံးထားပုံကို ပြဆိုထားပါသည်။ [၂] ဝစီဒုစရိုက် (၄)ပါးကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃] ဝစီဒုစရိုက်(၄)ပါးသရုပ်နှင့် သစ္စဝါစာ, အပိသုဏာဝါစာ, သဏှဝါစာ၊ မန္တဝါစာဟု ဝစီသုစရိုက်(၄)ပါးတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၄] ဤသုတ်၌ ဒုစရိုက်(ရှိသောပုဂ္ဂိုလ်)၏ အပြစ်ငါးပါးနှင့် သုစရိုက် (ရှိသော ပုဂ္ဂိုလ်)၏ အကျိုးငါးပါးတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၅] ဤသုတ်မှ ကာယ, ဝစီ, မနောဒုစရိုက်တို့ကို ပယ်စွန့်နိုင်ရန် သုစရိုက်(၃)ပါးတို့ကို ပွားများရမည်ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူပါသည်။ [၆] ပညာမဲ့သူသည် ကုသိုလ်ကောင်းမှုကိုမပြုပဲ ဒုစရိုက်(၃)မျိုးနှင့် ရာဂ အစရှိသော အကုသိုလ်တရားတို့ကို ပြုလုပ်ခြင်းကြောင့် ငရဲသို့ ရောက်ရ၏-ဟု ဘုရားရှင် ဟောတော်မူကြောင်းကို ခုဇ္ဇုတ္တရာက သာမာဝတီ အမှူးရှိသော မိဖုရားတို့အား ဟောကြားသည့်သုတ်။ အဋ္ဌကထာ၌ ယင်းတို့၏ သဒ္ဒတ္ထနှင့် အဓိပ္ပါယတ္ထများကို ဖွင့်ပြထားပါသည်။ [၇] ကိုးကား
|
Portal di Ensiklopedia Dunia