ဒေဝတာသုတ်
(၂)သုတ် ရှိပါသည်။ [၁] ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ အညတရနတ်သား လျှောက်ထားသော ဘိက္ခုအပရိဟာနိယတရား (၆)ပါးကို ရဟန်းတို့အား ဘုရားရှင်က ဟောတော်မူရာ ယင်းအပရိဟာနိယတရား (၆)ပါးကို အကျယ်အားဖြင့် မိမိသိရှိပါကြောင်း အရှင်သာရိပုတ္တရာက လျှောက်ထားပါသည်။ ဘုရားရှင်က သာရိပုတ္တရာ လျှောက်သည့်အတိုင်း ဘိက္ခုအပရိဟာနိယတရားတို့၏ အကျယ်ကို သိမှတ်ရမည်ဟု အတည်ပြု မိန့်ကြားတော်မူသည့်သုတ်။ [၂] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်ဝယ် သီတင်းသုံးနေတော်မူစဉ် (၁) မိမိတို့ လူဖြစ်စဉ်က နေအိမ်သို့ ကြွလာသော ရဟန်းတော်များအား ခရီးဦး မကြိုဆိုကြသောနတ်များ။ (၂) ခရီးဦးကြိုဆိုမှု ရှိခိုးမှုကို မပြုခဲ့ကြသောနတ်များ။ (၃) ခရီးဦးကြိုဆိုမှု၊ ရှိခိုးမှု၊ နေရာမပေးလှူခဲ့ကြသော နတ်များ။ (၄) ခရီးဦးကြိုဆိုမှု၊ ရှိခိုးမှု၊ နေရာပေးလှူမှု၊ သတ္တိစွမ်းအားရှိသမျှ မလှူဒါန်းခဲ့ကြသာ နတ်များ၊ (၅) ခရီးဦးကြိုဆိုမှု လှူဒါန်းမှု၊ အနီး၌ တရားမနာခဲ့ကြသောနတ်များ။ (၆) ခရီးဦးကြိုဆိုမှု တရားနာမှု နားစိုက်၍ တရားမနာခဲ့ကြသောနတ်များ။ (၇) ခရီးဦးကြိုဆိုမှုနာယူပြီးသော တရားတော်ကို မဆောင်ထားခဲ့ကြသော နတ်များ။ (၈) ခရီးဦးကြိုဆိုမှု ဆောင်ထားသော ဓမ္မ၏ အနက်အဓိပ္ပါယ်ကို သိရှိ နားလည်အောင် မဆင်ခြင်ခဲ့သော နတ်များတို့သည် ကောင်းမှု၏ မပြည့်စုံခြင်း၊ နှလုံးမသာယာခြင်း၊ နောင်တ တဖန်ပူပန်ခြင်း ရှိကြပြီး ယုတ်နိမ့်သောနတ်ပြည်၌ ဖြစ်ကြရပုံ။ (၉) ခရီးဦးကြိုဆိုမှု၊ ရှိခိုးမှု၊ နေရာပေးလှူမှု၊ သတ္တိစွမ်းအားရှိသမျှ လှူဒါန်းမှု၊ အနီး၌နေ၍ တရားနာယူမှု၊ တရားတော်ကို နားစိုက်၍ နာယူမှု၊ နာယူပြီးသော တရားတော်ကို ဆောင်ထားမှု၊ ဆောင်ထားအပ်သော တရားတော်၏ အနက် အဓိပ္ပါယ်ကို သိရှိနားလည်အောင် ဆင်ခြင်မှု၊ ဓမ္မ၏အနက်အဓိပ္ပါယ်, ဓမ္မကို သိမြင်ပြီး ဓမ္မာနုဓမ္မပဋိပတ်ကို ဖြည့်ကျင့်ခဲ့ကြရသဖြင့် ကောင်းမှု၏ ပြီးပြည့်စုံမှု စိတ်နှလုံးသာရွှင်မှု နောင်တတဖန် ပူပန်မှုမရှိကြဘဲ မြင့်မြတ်သော နတ်ပြည်၌ ဖြစ်ကြရပါကြောင်း မိမိတို့၏ နတ်ပြည်ရောက်ကြောင်း ကောင်းမှုများကို သမ္ဗဟုလနတ်များက လာရောက်ပြီး လျှောက်ထားကြပုံ၊ ဘုရားရှင်က ရဟန်းတို့အား ပြန်လည် မိန့်ကြားတော်မူပြီး ရုက္ခမူလ, သုညာဂါရဟူသော ဌာနတို့၌ ရဟန်းတရားပွားများ အားထုတ်ကြ၊ ထိုနတ် များကဲ့သို့ နောက်ကာလရောက်မှ နှလုံးမသာမယာ မဖြစ်ကြနှင့်ဟု နတ်တို့ကို ပမာထား၍ ဟောကြားတော်မူသည့်သုတ်။ [၃] ကိုးကား
|
Portal di Ensiklopedia Dunia