ဒေဝဒတ္တဝိပတ္တိသုတ်
[၁] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဂိဇ္ဈကုဋ်တောင်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ္တသံဃာသင်းခွဲ၍ ထွက်သွားပြီး မကြာမီ ဒေဝဒတ္တကို အကြောင်းပြု၍ “သူတော်ကောင်းဖြစ်သော ရဟန်းသည် ရံဖန်ရံခါ မိမိ၏ပျက်စီးမှု သူတစ်ပါးတို့၏ ပျက်စီးမှု, မိမိ၏ပြည့်စုံမှု, သူတစ်ပါးတို့၏ ပြည့်စုံမှုကို ဆင်ခြင်သိမြင်နေရမည်။ လာဘ, အလာဘ, ယသ, အယသ, သက္ကာရ, အသက္ကာရ၊ ပါပိစ္ဆတာ, ပါပမိတ္တတာ ဟူသော အသဒ္ဓမ္မရှစ်ပါးတို့ လွှမ်းမိုးနှိပ်စက်အပ်သော ကုသိုလ်စိတ်ကုန်နေသော ဒေဝဒတ္တသည် အာပါယိက, နေရယိက, ကပ္ပဋ္ဌ, အတေကိစ္ဆ ဖြစ်ပုံ သူတော်ကောင်း ဖြစ်သော ရဟန်းတော်သည် ယင်းတရားရှစ်ပါးကို လွှမ်းမိုး၍နေရမည်။ ယင်း အသဒ္ဓမ္မရှစ်ပါးကို မလွှမ်းမိုးပဲနေသော ရဟန်းအား ဒုက္ခာသဝ, ကိလေသာသဝ, ဝိဃာတ ပရိဠာဟတို့ ဖြစ်ကုန်ရာ၏။ လွှမ်းမိုး၍နေသော ရဟန်းအား မဖြစ်ကုန်၊ ထို့ကြောင့် ဖြစ်ပေါ်လာသော ယင်းအသဒ္ဓမ္မရှစ်ပါးတို့ကို လွှမ်းမိုး၍နေအံ့ဟု ကျင့်ရမည် ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၂] ကိုးကား
|
Portal di Ensiklopedia Dunia