ဒေဝဒတ္တသုတ်
(၃)သုတ် ရှိပါသည်။ [၁] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဂိဇ္ဈကုဋ်တောင်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ္တ သံဃာသင်းခွဲ၍ ထွက်သွားပြီး မကြာမီ သဟမ္ပတိဗြဟ္မာ ရောက်လာပြီး “ဖလံ ဝေ ကဒလိံ ဟန္တိ” အစရှိသော ဂါထာဖြင့် လျှောက်ထားသည်ကို ပြဆိုသည့်သုတ်။ [၂] ဒေဝဒတ္တ၏ သံဃာသင်းခွဲထွက်သွား၍ မကြာမီ “ဒေဝဒတ္တ၏ လာဘ, သက္ကာရ သိလောကသည် မိမိကိုသတ်ခြင်းငှာ ပျက်စီးခြင်းငှာ ဖြစ်ပေါ်လာပြီဟု ငှက်ပျော်သီး၊ ဝါးသီး, ကျူသီး, အဿတိုရ်မြည်းမ၏ ကိုယ်ဝန်ဥပမာဖြင့် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဂိဇ္ဈကုဋ်တောင်ကျောင်းတော်၌ ရဟန်းတော်တို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃] သူယုတ်မာတို့၏ တရားသုံးပါးတို့ လွှမ်းမိုးနှိပ်စက်အပ်သော ကုသိုလ်စိတ်ကုန် သွားသော ဒေဝဒတ္တသည် အပါယ်ငရဲ၌ တစ်ကမ္ဘာပတ်လုံးတည်သူ ကုစား၍မရ အပ်သူဖြစ်ကြောင်း, မာဇာတု-အစရှိသော ဒေသနာတော်ကို ဘုရားရှင် ဟောတော်မူကြောင်း ခုဇ္ဇုတ္တရာက သာမာဝတီ အမှူးရှိသော မိဖုရားတို့အား ဟောကြားသည့်သုတ်။ အဋ္ဌကထာ၌ ဤသုတ်တော်ဖြစ်ပေါ်လာပုံနှင့် မှတ်သားဖွယ် ဖွင့်ဆိုချက်များ ရှိပါသည်။ [၄] ကိုးကား
|
Portal di Ensiklopedia Dunia