ဒွေဓာဝိတက္ကသုတ်

ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် မိမိအလောင်းတော်ဖြစ်စဉ် သစ္စာလေးအင် မသိမမြင်သေးမီကာလက မိစ္ဆာဝိတက်(၃)ပါး တစ်မျိုးတစ်စု, သမ္မာဝိတက်(၃)ပါး တစ်စုပြု၍ နေခဲ့ပုံ၊ အပ္ပမတ္တ, အာတာပီ, ပဟိတတ္တဟူသော ယောဂီအင်္ဂါရပ်များနှင့် အားထုတ်နေစဉ် မိစ္ဆာဝိတက် များဖြစ်ပေါ်လာပုံ ယင်းဝိတက်များသည် အတ္တဗျာပါဒ, ပရဗျာပါဒ, ဥဘယဗျာပါဒဖြစ်ပုံ, ပညာနိရောဓ, ဝိဃာတပက္ခိက အနိဗ္ဗာနသံဝတ္တနိက ဖြစ်ပုံတို့ကို ရှုဆင်ခြင်လိုက်သည့် အခါ ပယ်ရှားနိုင်, ပယ်နှုတ်နိုင်, ကုန်ဆုံးအောင်ပြုနိုင်ခဲ့ပုံ၊ သမ္မာဝိတက်များ နှလုံးသွင်းသည့်အခါ မိစ္ဆာဝိတက်များကိုပယ်နိုင်ပုံ၊ သရဒဥတုအခါ နွားကျောင်းသားဥပမာဖြင့် မိန့်ကြားတော်မူပါသည်။ သမ္မာဝိတက် (၃)ပါး ဖြစ်ပေါ်လာသည့်အခါ ဤသမ္မာဝိတက်သည် အတ္တဗျာပါဒ, ပရဗျာပါဒ, ဥဘယဗျာပါဒ မဖြစ်ပုံ၊ ပညာဝုဒ္ဓိက, အဝိဃာတပက္ခိက, နိဗ္ဗာနသံဝတ္တနိကဖြစ်ပုံ၊ ယင်းဝိတက်များကို အဖန်ဖန်ကြံစည်၊ သုံးသပ်ခြင်းကြောင့် ဘေးမဖြစ်ပုံ၊ ကိုယ်ပင်ပန်းသည်ရှိသော် စိတ်ပျံ့လွင့်သောကြောင့် စိတ်ကို အဇ္ဈတ္တသန္တာန်၌သာထားပုံ ငြိမ်ဝပ်နေစေပုံ တစ်ခုတည်းသော အာရုံရှိအောင်ပြုခဲ့ပုံကို နွေရာသီ နောက်ဆုံးလ နွားကျောင်းသားဥပမာဖြင့် မိန့်ကြားတော်မူပါသည်။

သမ္မာဝိတက်များကို ကြိမ်ဖန်များစွာ ကြံစည်သုံးသပ်သည့်အခါ ရူပါဝစရဈာန်စိတ် များ, ပု-ဒိ-အာ ဝိဇ္ဇာ(၃)ပါးဖြစ်ပုံ၊ မုဆိုးဥပမာ, သူတော်ကောင်း ဥပမာတို့ဖြင့် သာဝကတို့၏ အကျိုးစီးပွားအလို့ငှာ ဆောင်ရွက်တော်မူနေပုံ၊ မမေ့မလျော့ အားထုတ် သင့်ပုံ အနုသာသနီကို မိန့်ကြားတော်မူပါသည်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များ ရှိပါသည်။ [] []

ကိုးကား

  1. -မ၊၁၊၁၆၁-၇။ မ၊မြန်၊၁၊၁၆၅-၁၇၁။ မ၊ဋ္ဌ၊၁၊၃၈၃-၃၉၀။ မ၊ဋီ၊၂၊၆၇-၇၂။ -မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသက၊ ၂-သီဟနာဒဝဂ္ဂ၊ နဝမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya