ဓမ္မစေတိယသုတ်
ကောသလမင်းကြီး ကြီးကျယ်သောမင်းခမ်းမင်းနားဖြင့် အပင်ပမ်းဖြေ ရှုမျှော် ခင်းများရှုစားရန် မြို့ပဥယျာဉ်သို့ထွက်ပုံ၊ ဥယျာဉ်တော်၌ သာယာဖွယ်များကို ရှုစား နေစဉ် ဘုရားရှင်ကိုသတိရသဖြင့် ဘုရားရှင် သီတင်းသုံးတော်မူရာ ထိုနေရာမှ သုံးယူဇနာကွာဝေးသော သကျနိုင်ငံ မေဒါဠုပနိဂုံးသို့ သွားရောက်၍ ဘုရားရှင်အား ဖူးမြော်ပြီး အရိုအသေပြုပုံ၊ အလွန်အကဲ အရိုအသေပြုမှုနှင့် ဆက်စပ်၍ ဘုရားရှင်က မေးတော်မူသဖြင့် (၁) ဤဘုရားရှင်သာသနာတော်မှ အခြားသာသနာတော်၌ ဤကဲ့သို့ ပြည့်စုံစင်ကြယ်သော ဗြဟ္မစရိယမရှိဟု ရှုမြင်ပုံ၊ (၂) ဤဘုရားရှင်သာသနာတော်မှ ပြင်ပ၌ ဤကဲ့သို့ ညီညွတ်သော ပရိသတ်မရှိပုံ (၃) မြတ်စွာဘုရားသာသနာတော်၌ အရှင်ကောင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာ တက်ကြွစွာ မွေ့လျော်ပျော်ပိုက်သောသဘောရှိကြပြီး ပြည့်ဖြိုးသောဣန္ဒြေဖြင့် ကြောင့်ကြမဲ့ မာန်မာနအမွေးကိုချထားကြပြီး သူတစ်ပါးတို့ပေးလှူသဖြင့် အသက် မွေးကြ၍ သားသမင်တို့ကဲ့သို့သော စိတ်ဖြင့် နေနိုင်ကြပုံ၊ (၄) ဤသာသနာတော်မှပြင်ပ၌ မတွေ့ရသော တုတ်၊ လက်နက်မပါဘဲ ယဉ်ကျေးအောင် ဆုံးမထားသည့် ပရိသတ်ကို ရှုမြင်ရပုံ၊ (၅) ဘုရားရှင်၏ ဓမ္မကထာကို နာယူကြရသဖြင့် ဘုရားရှင်အား ဝါဒတင်ရန် အယူဝါဒကို ပြင်ဆင်ပြီးလာကြသော မင်း, သမဏ, ဗြာဟ္မဏ, ဂဟပတိ ပညာရှိတို့ ဝါဒမတင် နိုင်ကြတော့ပဲ ဘုရားရှင်၏ တပည့်အဖြစ် ခံယူသွားကြပုံ၊ (၆) ရဟန်းပြုပြီး ရဟန္တာဖြစ်သွားကြပုံ၊ (၇) ဣသိဒတ္တ၊ ပုရာဏတို့ ကျေးဇူးအလွန်များသော မိမိထက် ဘုရားရှင်ကိုသာ ပိုမိုအလေးပြုကြပုံ အစရှိသဖြင့် ဘုရားရှင်သာသနာတော်နှင့် အခြားသာသနာ အစရှိ သည်တို့ကို အကျယ်တဝင့် နှိုင်းယှဉ်လျှောက်ထားပြီး သမ္မာသမ္ဗုဒ္ဓေါ ဘဂဝါ၊ သွက္ခာတော ဘဂဝတာဓမ္မာ၊ သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော ဟူသော ဤဓမ္မနွယဖြစ်နေပါ၏။ အမျိုးဇာတ်၊ သက်တူရွယ်တူဖြစ်သော တပည့်တော်သည် ဤအကြောင်းကြောင့် အလွန်အရိုအသေပြုပါ၏ဟု လျှောက်ထားပြီး ပြန်လည်ထွက်ခွါ သွားပုံ၊ ဘုရားရှင်က ရဟန်းတို့အား ကောသလဘုရင်လျှောက်ထားသွားသည့် ဤဓမ္မ စေတိယသင်ယူထားကြရန်၊ ဆောင်ထားကြရန် အတ္ထသံဟိတ၊ အာဒိဗြဟ္မစရိယက ဖြစ်သွားပုံကို ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ၌ ဗန္ဓုလစစ်သူကြီးနှင့် သား(၃၂)ယောက်တို့ အကြောင်းမဲ့ ကွပ်မျက်ခံကြရပုံ၊ ဤကိစ္စကြောင့် နောင်တရပြီး ကောသလဘုရင် နေမထိဖြစ်ပုံ၊ ဗန္ဓုလစစ်သူကြီးကတော် မလ္လိကာ၏ ခံနိုင်ရည်ရှိပုံ၊ ဒီဃကာရာယနစစ်သူကြီးဖြစ်ပုံ၊ ကကုဓဘဏ္ဍာငါးမျိုး၊ အဆောင်အယောင်များဖြင့် ရှင်ဘုရင်များ ဘုရားရှင်ထံတော်သို့ မဝင်ကြပုံ၊ ဒီဃကာရာယန အထင်လွဲသွားပုံ၊ ဝိဋဋူဘကို မင်းမြှောက်ပြီး သာဝတ္ထိသို့ ပြန်သွားပုံ၊ ကောသလဘုရင် နတ်ရွာစံပုံ အစရှိတို့ကို ဖွင့်ဆိုထားပါသည်။ [၁] [၂] ကိုးကား
|
Portal di Ensiklopedia Dunia