ဓမ္မဒါယာဒသုတ်
ဤသုတ်ကို နှစ်ကန့် ကန့်ထားသည်။ ပထမအကန့်တွင် ဘုရားမြတ်စွာသည် နိဒါန်းအနေဖြင့် အာမိသဒါယာဒနှင့် ဓမ္မဒါယာဒ ဘိက္ခုနှစ်မျိုးအကြောင်းကို ရှင်းလင်းပြထားသည်။ အာမိသဒါယာဒဘိက္ခုဟူသည်ကား တရားကျင့်သုံးရန်အတွက် ဆွမ်းဘောဇဉ် စသည်တို့ကို ခုံမင်သောရဟန်း ဖြစ်သည်။ ရောင့်ရဲခြင်းနှင့် စိတ်တည်ငြိမ်ခြင်းသည် ကိလေသာအညစ်တရားတို့ကို သုတ်သင်ရှင်းလင်းပစ်နိုင်ခြင်းကြောင့် ဘုရားမြတ်စွာက ဓမ္မဒါယာဒဘိက္ခုကိုသာလျှင် ချီးကျူး၏။ ဒုတိယအကန့်တွင်၊ ရှင်သာရိပုတြာက ဆိတ်သုဉ်းရာအရပ်၌ တဦးတည်းနေကာ ဈာန်ကျင့်သုံးခြင်းကို သွန်သင်ညွှန်ကြားခဲ့၏။ လောဘ၊ ဒေါသ၊ မောဟတည်းဟူသော တရားတို့ကို ပယ်ရှားရန်နှင့် မဂ္ဂင်ရှစ်ပါးကို ရှင်းလင်းခဲ့ရုံမက နိဗ္ဗာန်ရောက်ရာရောက်ကြောင်း ကျင့်စဉ်ကိုလည်း ဤသုတ်တွင် ဖော်ထုတ်ထားသည်။[၁] [၂] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်ဝယ် သီတင်းသုံးတော်မူနေစဉ် လာဘဂရုကရဟန်းတို့ကို အကြောင်းပြု၍ အာမိသဒါယာဒ မဖြစ်ကြရန် ဓမ္မဒါယာဒသာဖြစ်ကြရန်၊ အာမိသဒါယာဒရဟန်းတို့ကို အကြောင်းပြု၍ ဘုရားရှင်နှင့် ရဟန်းတို့ ကဲ့ရဲ့ဖွယ်ဖြစ်နိုင်ပုံ၊ ဓမ္မဒါယာဒရဟန်းတို့ကို အကြောင်းပြု၍ ဘုရားရှင်နှင့်ရဟန်းတို့ ချီးမွမ်းခံကြရပုံ၊ အာမိသဂရုကရဟန်းနှင့် ဓမ္မဂရုကရဟန်းတို့ ခြားနားကြပုံ၊ ဓမ္မဂရုကရဟန်းကိုသာ ချီးမွမ်းထိုက်ပုံကို ရဟန်းတို့အား မိန့်ကြားတော် မူပါသည်။ အရှင်သာရိပုတ္တရာက ဆက်လက်၍ ထေရ, နဝ, မဇ္ဈိမရဟန်းများ၏ ကဲ့ရဲ့ဖွယ်သုံးမျိုး၊ ချီးမွမ်းဖွယ်သုံးမျိုး၊ မဇ္ဈိမပဋိပဒါ၏ အကျိုး(၆)မျိုး၊ မဇ္ဈိမပဋိပဒါကို ကျင့်သုံးခြင်းကြောင့် လောဘအစရှိသော တရား(၁၆)ပါးကို ပယ်စွန့်နိုင်ပုံကို ဟောကြားတော်မူပါသည်။ အဋ္ဌကထာ, ဋီကာတို့၌ အထူးမှတ်သားဖွယ် ဖွင့်ဆိုချက်များ ရှိပါသည်။ [၃] ကိုးကား
|
Portal di Ensiklopedia Dunia