ဓာတုဝိဘင်္ဂသုတ်
ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဘဂ္ဂဝ၏ အိုးလုပ်ရာတဲ၌ ပုဂ္ဂိုလ်သတ္တဝါ၌ ရှိသော ဓာတ် (၆)ပါး၊ ဖဿာယတန (၆)ပါး၊ စိတ် ၏ကြံစည်သုံးသပ်ခြင်း (၁၈)ပါး၊ တည်ရာ (၄)ပါး၊ ယင်းတည်ရာ (၄)ပါးတို့၌ ထင်မှတ်ခြင်း အာသဝတို့ မဖြစ်သော ရဟန်းကို =ကိလေသာ ငြိမ်းသောရဟန်း, ဟူ၍ဆိုရပုံ၊ ဝိပဿနာပညာကို မမေ့ရာ၊ ဝစီသစ္စာကို စောင့်ရာ၏။ ကိလေသာစွန့်ခြင်းကို အားထုတ်ရာ၏။ ရဟန်းသည် ကိလေသာငြိမ်းအေးမှုကိုသာလျှင် ကျင့်ရာ၏ ဟူသော ဥဒ္ဒေသခေါင်းစဉ်များကို အကျယ်ဝေဖန်၍ ပုက္ကုသာတိရဟန်းအား ဟောတော်မူသည်သုတ်။ ဤသုတ္တန်၏ အဆုံး၌ ပုက္ကုသာတိရဟန်းသည် အနာဂါမ်အရိယာသာဝက ဖြစ်၍ သင်္ကန်း, သပိတ်, ပရိက္ခရာကို ရှာမှီးရင်း ကွယ်လွန်သွားပုံကို ဟောတော်မူပါသည်။ ဤဓာတ် (၆)ပါးဟူသည် ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်, အာကာသဓာတ်, ဝိညာဏဓာတ်တို့ ဖြစ်ပါသည်။ ဖဿာယတန (၆)ပါးဟူသည် စက္ခုသမ္ဖဿ (ပ) မနောသမ္ဖဿ တို့ဖြစ်သည်။ စိတ်၏ကြံစည်သုံးသပ်ခြင်း ဥပဝိစာရ (၁၈)ပါးဟူသည် ဒွါရ (၆)ပါးတို့၌ အာရုံ (၆)ပါး ထင်ရာဝယ် သောမနဿုပဝိစာရ (၆)ပါး၊ ဒေါမနဿုပဝိစာရ (၆)ပါး ဥပေက္ခုပဝိစာရ (၆)ပါး တို့ဖြစ်သည်။ ပညာဓိဋ္ဌာန, သစ္စာဓိဋ္ဌာန, စာဂါဓိဋ္ဌာန, ဥပသမာဓိဋ္ဌာနဟူသော တည်ရာ (၄)ပါး တို့ဖြစ်သည်။ ဤသုတ်တော်၌-အဇ္ဈတ္တိက ပထဝီဓာတ် _ ၁၉-ပါး (၂၀) -အဇ္ဈတ္တိက အာပေါဓာတ် _ ၁၂-ပါး (၁၃) -အဇ္ဈတ္တိက တေဇောဓာတ် _၄-ပါး (၅) -အဇ္ဈတ္တိက ဝါယောဓာတ် _ (၆)ပါး (၇) -အာကာသဓာတ် _(၆)မျိုး (၇)တို့ကို ဟောတော်မူထားပါသည်။ အဋ္ဌကထာ၌ ဘဂ္ဂဝ၏အကြံအစည်၊ ကုလပုတ္တ (၂) မျိုး မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဗိမ္ဗိသာရမင်းနှင့် ဂန္ဓာရနိုင်ငံ တက္ကသိုလ်မြို့ ပုက္ကုသာတိဘုရင်တို့ အဒိဋ္ဌသဟာယဖြစ်ပုံမှစ၍ ပုက္ကုသာတိ နှင့် ဘုရားရှင်တို့ တွေ့ကြပုံ၊ သုတ်တော်လာ ပုဒ်တို့၏ မှတ်သားဖွယ် ဖွင့်ဆိုချက် ပုက္ကုသာတိ= ဧဟိဘိက္ခုရဟန်း မဖြစ်ပုံ၊ ကွယ်လွန်ပုံ၊ ဗိမ္ဗိသာရမင်းက သဂြိုဟ်ပုံ၊ အဝိဟာဘုံသို့ ရောက်ပြီး ပရိနိဗ္ဗာန်ပြုကြသော ရဟန်းတော်များ အစရှိသည်တို့ကို ဖွင့်ပြတော်မူထားပါသည်။ ဋီကာ၌လည်း မှတ်သားဖွယ် ဖွင့်ဆိုချက်များ ရှိပါသည်။ [၁] [၂] ကိုးကား
|
Portal di Ensiklopedia Dunia