ဓောဝနသုတ်
[၁] ဒက္ခိဏဇနပုဒ်တို့၌ ကြီးကျယ်ခမ်းနားသော အရိုးဆေးပွဲအကြောင်းကို မိန့်တော်မူပြီး ယင်းအရိုးဆေးပွဲသည် ဟီန ဂါမ္မ ပေါထုဇ္ဇနိက အနရိယ အနတ္တ သံဟိတဖြစ်ပုံ၊ နိဗ္ဗိဒါဉာဏ်၊ ဝိရာဂဉာဏ်၊ နိရောဓ၊ ဥပသမ၊ အဘိညာ၊ သမ္ဗောဓ၊ နိဗ္ဗာနတို့အတွက် မဖြစ်ပုံ။ အရိယဓောဝနသည်သာ ဧကန္တနိဗ္ဗိဒ၊ ဝိရာဂ၊ နိရောဓ၊ ဥပသမ၊ အဘိညာ၊ သမ္ဗောဓ၊ နိဗ္ဗာနတို့အတွက်ဖြစ်ပုံ၊ ဇာတိ ဇရာ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသတို့မှ လွတ်မြောက်နိုင်ပုံ၊ -မှန်ကန်သောအယူရှိသူအား မိစ္ဆာဒိဋ္ဌိကို ဆေးကြောပြီးပုံ၊ -မှန်ကန်သောအကြံအစည်ရှိသူအား မိစ္ဆာသင်္ကပ္ပကို ဆေးကြောပြီးပုံ၊ -မှန်ကန်သောစကားရှိသူအား မိစ္ဆာဝါစာကို ဆေးကြောပြီးပုံ၊ -မှန်ကန်စွာပြုလုပ်နေသူအား မိစ္ဆာကမ္မန္တကို ဆေးကြောပြီးပုံ၊ -မှန်ကန်သောအသက်မွေးမှုရှိသူအား မိစ္ဆာအာဇီဝကို ဆေးကြောပြီးပုံ၊ -မှန်ကန်သောအားထုတ်မှုရှိသူအား မိစ္ဆာဝါယာမကို ဆေးကြောပြီးပုံ၊ -မှန်ကန်သော သတိရှိသူအား မိစ္ဆာသတိကို ဆေးကြောပြီးပုံ၊ -မှန်ကန်စွာ သိမြင်တတ်သူအား မှားယွင်းစွာသိမှု မိစ္ဆာဉာဏကို ဆေးကြောပြီးပုံ၊ -မှန်ကန်စွာ လွတ်မြောက်မှုရှိသူအား မိစ္ဆာဝိမုတ္တိကို ဆေးကြောပြီးဖြစ်ပုံ။ ထိုမဂ္ဂင် (၈)ပါးနှင့် သမ္မာဉာဏ, သမ္မာဝိမုတ္တိတို့ကြောင့် ယုတ်မာသော များစွာသော အကုသိုလ်တရားတို့ မဖြစ်နိုင်ပုံ၊ များစွာသော ကုသိုလ်တရားတို့ကို ပွားများမှု ပြည့်စုံခြင်း ရောက်ရှိပုံ ဤအရိယဓောဝန (၁၀)ပါးသည် ဧကန္တနိဗ္ဗိဒါ, ဝိရာဂနိရောဓ, ဥပသမ, အဘိညာ သမ္ဗောဓနိဗ္ဗာဖြစ်ပုံ၊ ဇာတိ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့မှ လွတ်မြောက်ပုံကို အရိယေဓောဝနတရား တစ်ပါးစီ တစ်ပါးစီ အကျယ်အားဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ၌ အရိုးဆေးပွဲအကြောင်း ဖွင့်ပြထားပါသည်။ [၂] ကိုးကား
|
Portal di Ensiklopedia Dunia