နကုလပိတုသုတ်
(၃)သုတ် ရှိပါသည်။ [၁] ဘုရားရှင် ဘဂ္ဂနိုင်ငံ သုသုမာရဂိရိမြို့အနီး ဘေသကဠာ တောအုပ်ဝယ် သီတင်းသုံးတော်မူစဉ် ဘုရားရှင်က နကုလပိတုသူကြွယ်အား ကိုယ်နာကျင်သော်လည်း စိတ်မနာကျင်အောင် ရှုနည်းဖြင့်လည်းကောင်း, အရှင်သာရိပုတ္တရာထေရ်က (က)ကိုယ်လည်းနာကျင်, စိတ်လည်းနာကျင်သောရှုနည်း (ခ)ကိုယ်နာကျင်သော်လည်း စိတ်နာကျင်မှုကင်းအောင်ရှုနည်းတို့ဖြင့်လည်းကောင်း ဩဝါဒကထာအဖြစ် မိန့်ကြားတော်မူသည့်သုတ်။ အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များ ပါရှိပါသည်။ [၂] ဘုရားရှင် ဘဂ္ဂနိုင်ငံ သုသုမာရဂိရမြို့အနီး ဘေသကဠ မိဂဒါယတောအုပ်ဝယ် သီတင်းသုံးတော်မူစဉ် နကုလပိတာ သူကြွယ်၏ မေးမြန်းလျှောက်ထားချက်အရ မျက်မှောက်ဘဝ၌ ကိလေသာမငြိမ်းနိုင်သောရဟန်း, ကိလေသာငြိမ်းအေးနိုင်သော ရဟန်းတို့ကို အဇ္ဈတ္တိကာယတန ၆-ပါး၊ ဗဟိဒ္ဓါယတန ၆-ပါး၊ ဝိညာဏ် ၆-ပါးတို့ဖြင့် ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၃] ဘုရားရှင် ဘဂ္ဂနိုင်ငံ သုသုမာရဂိရိမြို့အနီး ဘေသကဠာတောအုပ်၌ သီတင်းသုံးတော်မူစဉ် ပြင်းထန်စွာ မကျန်းမမာဖျားနာနေသော နကုလပိတာ သူကြွယ်အား နကုလမာတာ ဥပါသိကာက မိမိ၏ဂုဏ်ရည် (၆)မျိုးတို့ကို ပြောဆို၍ သစ္စာပြုရာ ရောဂါပျောက်ကင်းသွားပုံ ဘုရားရှင်က နကုလမာတာ ဥပါသိကာ၏ ဂုဏ်ရည်တို့ကို ချီးကျူး မိန့်ကြားတော်မူပုံကို ပြဆိုသည့်သုတ်။ အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များ ရှိပါသည်။ [၄] ကိုးကား
|
Portal di Ensiklopedia Dunia