နတုမှာကသုတ်
(၆)သုတ် ရှိပါသည်။ [၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သင်တို့၏ ဥစ္စာမဟုတ်သော ခန္ဓာငါးပါးကို ပယ်စွန့်သည် ရှိသော် စီးပွား ချမ်းသာ အကျိုးငှါဖြစ်ပုံ၊ မြက်ထင်း, သစ်ခက်, သစ်ရွက်တို့ကဲ့သို့ အတ္တ, အတ္တနိယ မဟုတ်ပုံကို ခန္ဓာတစ်ပါးစီ ရဟန်းတို့အား အကျယ်ဝေဖန်၍ ဘုရားရှင် ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ရှိပါသည်။ [၂] အထက်သုတ်တော်ကဲ့သို့ ဥပမာမပါဘဲ ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃] မြက် ထင်း သစ်ခက် သစ်ရွက် ဥပမာဖြင့် အဇ္ဈတ္တိကာယတန (၆)ပါး, ဗဟိဒ္ဓါယတန (၆)ပါး၊ ဝိညာဏ် (၆)ပါး၊ ဖဿ (၆)ပါး၊ ဝေဒနာ (၆)ပါးတို့ကို ပယ်စွန့်သည်ရှိသော် စီးပွားချမ်းသာအလို့ငှါ ဖြစ်ပုံကိုဝတ္ထု အာရုံ, ဝိညာဏ်, ဖဿ, ဝေဒနာတစ်စုံစီ တစ်စုံစီ အကျယ်ဝေဖန်၍ ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၄] အထက်သုတ် ဒေသနာတော်အတိုင်း ဥပမာမပါဘဲ ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၅] အထက်သုတ် ဒေသနာတော်အတိုင်း အဇ္ဈတ္တိကာယတန (၆)ပါးကို ဥပမာဖြင့် ဟောတော်မူသည့်သုတ်။ [၆] အထက်သုတ် ဒေသနာတော်နည်းအတိုင်း အဇ္ဈတ္တိကာယတန (၆)ပါးတို့ကို ဥပမာမပါပဲ ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၇] ကိုးကား
|
Portal di Ensiklopedia Dunia