နဒီသုတ်
(၂)သုတ် ရှိပါသည်။ [၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ရေစီးသန်သောတောင်ကျချောင်း၌ မျောပါလာသော ယောက်ျားဥပမာဖြင့် အရိယာပုဂ္ဂိုလ် သူတော်ကောင်းတို့ကို မဖူးမြင် မတွေ့ဖူးသော အရိယဓမ္မ သပ္ပုရိသ ဓမ္မ၌မလိမ္မာ မဆုံးမအပ်သော ဗာလပုထုဇဉ်သည် ရုပ်ကို အတ္တ၊ အတ္တ၌ ရုပ်ရှိ၏ အစရှိသည်ဖြင့် ရှုမြင်ခြင်းကြောင့် အကျိုးမဲ့ပျက်စီးရပုံ၊ ကြွင်းခန္ဓာလေးပါး၌လည်း အယူမှားခြင်းကြောင့် အကျိုးမဲ့ပျက်စီးရပုံကို ခန္ဓာတစ်ပါးစီ ဟောတော်မူပြီး အနတ္တလက္ခဏသုတ် ဒေသနာတော်နည်းဖြင့် အတ္တဒိဋ္ဌိပြုတ်အောင် ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ရှိပါသည်။ [၂] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အရှေ့အရပ်သို့ စီးဆင်းနေသော ဂင်္ဂါမြစ်ကို လူအင်အားဖြင့် အနောက်ဖက်သို့ စီးဆင်းအောင် မပြုလုပ်နိုင်သကဲ့သို့၊ ထို့အတူ အဋ္ဌင်္ဂိကအရိယ မဂ်ကို ပွားများနေသော ကြိမ်ဖန်များစွာ အလေ့အလာပြုနေသော ရဟန်းကို မင်းအစ ရှိသောပုဂ္ဂိုလ်တို့ ပစ္စည်းဥစ္စာတို့ကို ယူဆောင်ကြကုန်၍ သိက္ခာချပြီး လူထွက်၍ စည်းစိမ်ခံစားရန် စည်းရုံးဆွဲဆောင်မှု မပြုနိုင်ပုံ၊ ထိုရဟန်း၏ စိတ်သည် ရှည်မြင့်စွာသော ကာလပတ်လုံး ဝိဝေကနိန္ဒ, ဝိဝေကပေါဏ, ဝိဝေကပဗ္ဘာရဖြစ်နေသောကြောင့် လူမထွက်တော့ အစရှိသည်ဖြင့် အကျယ်အားဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃] ကိုးကား
|
Portal di Ensiklopedia Dunia