နန္ဒကောဝါဒသုတ်
ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဘိက္ခုနီတို့ကို ဩဝါဒပေးရန်အလှည့်ကျ အရှင်နန္ဒကထေရ်အား ဘုရားရှင်က မဟာပဇာပတိဂေါတမီ အမှူးရှိသော ဘိက္ခုနီငါးရာတို့အား ဩဝါဒပေးရန် မိန့်ကြားတော်မူခြင်းကြောင့် အရှင်နန္ဒကမထေရ်သည် အဇ္ဈတ္တိကာယတန (၆)ပါး၊ ဗဟိဒ္ဓါယတန (၆)ပါး၊ ဝိညာဏဓာတ် (၆)ပါးတို့တွင် တစ်ပါးစီ တစ်ပါးစီကို အနတ္တလက္ခဏသုတ် ဒေသနာတော်နည်းအတိုင်း မိန့်ကြားတော်မူပြီး ပဒီပေါပမာ ရုက္ခာပမာ, ဂါဝူပမာတို့ကို ပြသဟောကြားတော်မူ၍ ဗောဇ္ဈင် (၇)ပါးတို့ဖြင့် အာသဝက္ခယဉာဏ်သို့ဆိုက်အောင် နှစ်ရက်ဆက်တိုက် ဟောတော်မူပါသည်။ ဒုတိယနေ့ ဩဝါဒဒေသနာတော်ပြီးစီးသည့်အခါ သောတာပန်, သကဒါဂါမ် အနာဂါမ်, ရဟန္တာဖြစ်ပုံကို ဟောတော်မူပါသည်။ အဋ္ဌကထာ၌ အရှင်နန္ဒကထေရ်၏အတိတ်ဝတ္တု ပစ္စုပ္ပန်ဝတ္ထုတို့နှင့်တကွ သိသင့်သည်များကို ဖွင့်ပြထားပါသည်။ ဋီကာ၌လည်း မှတ်သားဖွယ် ဖွင့်ဆိုထားပါသည်။ [၁] [၂] ကိုးကား
|
Portal di Ensiklopedia Dunia