နန္ဒတိသုတ်

(၂)သုတ် ရှိပါသည်။

[] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် “သားသမီးများစွာရှိသူသည် သားသမီးတို့ကြောင့် နွားများစွာရှိ သူသည်လည်း မိမိပိုင်ငြား နွားများကြောင့် နှစ်သက်ရွှင်ပျော်ရ၏ ဥပဓိတို့သည် လူတို့၏ နှစ်သက်ကြောင်း ဖြစ်၏။ ဥပဓိမရှိသူသည် မနှစ်သက်နိုင်” ဟု အညတရနတ်သား၏ နှစ်သက်ရွှင်ပျော်ပုံသုံးမျိုးကို ဘုရားရှင်က “ယင်းနှစ်သက်ကြောင်းဝတ္ထုသုံးမျိုးသည် စိုးရိမ်ပူပန် ကြောင်းဝတ္ထုသုံးမျိုးဖြစ်ပုံ၊ ဥပဓိမရှိသူသည် စိုးရိမ်ပူပန်မူ မဖြစ်တော့ပုံ”ကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ နတ်သား၏အလို နန္ဒနဝတ္ထု ဖြစ်ပုံ ဘုရားရှင် အလိုတော်အားဖြင့် သောစနဝတ္ထုဖြစ်ပုံတို့ကို ရှင်းလင်းဖွင့်ဆိုထားပါသည်။


[] အထက်သုတ်က အညတရနတ်သားဖြစ်သကဲ့သို့ ဤသုတ်၌ မာရ်နတ်သား ဖြစ်သည်သာ ထူးသည်။ []

ကိုးကား

  1. -သံ၊၁၊၆။ သံ၊မြန်၊၁၊၆။ သံ၊ဋ္ဌ၊၁၊၃၀-၁။ သံ၊ဋီ၊၁၊၇၆။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊၁။ဒေဝတာသံယုတ္တ၊ ၂-နန္ဒနဝဂ္ဂ၊ ဒုတိယသုတ်။
  2. -သံ၊၁၊၁၀၉။ သံ၊မြန်၊၁၊၁၀၅။ သံ၊ဋ္ဌ၊၁၊၁၆၀။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၄-မာရသံယုတ္တ၊ အဋ္ဌမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya