နန္ဒသုတ်
(၄)သုတ် ရှိပါသည်။ [၁] ဘုရားရှင် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အညတရနတ်သား၏ လျှောက်ထားချက်ကို အချိန်အခါ၊ ညဉ့်တို့သည် (ပုဂ္ဂိုလ်ကို) လွန်ကုန်၏။ (ပဌမ, မဇ္ဈိမ, ပစ္ဆိမ)အရွယ်တို့သည် (ပုဂ္ဂိုလ်ကို)အစဉ်အတိုင်း စွန့်ကုန်၏။ ငြိမ်းချမ်းရာ နိဗ္ဗာန်ကို အလိုရှိသူသည် ထိုကြောက်ဖွယ် ဘေးသုံးမျိုးကို ရှုသည်ဖြစ်၍ လောကာမိသ (တေဘူမကဝဋ်)ကို စွန့်ရာ၏ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၂] ဘုရားရှင် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ညီတော်နန္ဒရဟန်း၏ သဒ္ဓါပဗ္ဗဇိတ ကုလပုတ္တနှင့် မလျော်သောကိစ္စကို အကြောင်းပြု၍ ကဲ့ရဲ့တော်မူပြီး “ကဒါဟံ”အစရှိသော ဂါထာကို ဟောတော်မူခြင်းကြောင့် ဘုရားရှင် မနှစ်သက်သောအရာတို့ကို ပယ်စွန့်၍ ဟောတော်မူသည့်အတိုင်း လိုက်နာ ကျင့်သုံးခြင်းကြောင့် မကြာခင် ရဟန္တာဖြစ်ပုံကို ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ရှိပါသည်။ [၃] ဘုရားရှင် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် နန္ဒရဟန်း၏ဗြဟ္မစရိယကို ပရိပုဏ္ဏ, ပရိသုဒ္ဓဖြစ်အောင် ကျင့်သုံးရန် ဣန္ဒြိယဂုတ္တ, ဘောဇနမတ္တညု, ဇာဂရိယာနုယောဂ, သတိသမ္ပဇညနှင့် ပြည့်စုံပုံကို အကျယ်ဝေဖန်၍ ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ရှိပါသည်။ [၄] ဘုရားရှင် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ညီတော်နန္ဒထေရ် အဋ္ဌုပ္ပတ္တိနှင့် ရဟန္တာဖြစ်ပုံ အစရှိသည်တို့ကို အကျယ်ဟောတော် မူသည့်သုတ်။ ပါဠိတော်နှင့် အဋ္ဌကထာ၌ အကြောင်းအရာ ဖွင့်ဆိုချက် အပြည့်အစုံ ပါရှိသည်။ [၅] ကိုးကား
|
Portal di Ensiklopedia Dunia